Saturday, January 16, 2016

Samsung Galaxy Note 3 SC-01F DoCoMo ဖုန်းဗားရှင်း Android 5.0 ကို Root လုပ်နည်း


Galaxy Note 3 SC-01F DoCoMo ဖုန်းဗားရှင်း Android 5.0
Root လုပ်နည်းကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းက ဂျပန် Company ကလာတဲ့အမျိုးအစားဖြစ်ပါတယ် ဖုန်းကိုတော့
bootloader ကို Unlock လုပ်ပေးပြီးမှ Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။


Bootloader ပြုလုပ်ထားပြီးသားဖုန်းတစ်လုံးအတွက်တော့
Samsung ဖုန်းတွေအတွက် သေမင်းတစ်မန် Hacker အုပ်စုဖြစ်တဲ့
Chainfire တွေရဲ့ CF-Auto Root Tool လေးဖြင့် Odin ကနေ
အလွယ်တကူ Flash ပေးပြီး Root ဖောက်ယူနိုင်ပါတယ်။

လိုအပ်ချက်များ
==========
ယခုဖေါ်ပြပါ Root လုပ်နည်းသည် Galaxy Note 3 SC-01F DoCoMo ဖြစ်ပြီး
ဗားရှင်း Android 5.0 Lollipop အတွက်သာဖြစ်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ သင့်ဖုန်းမှာ bootloader ကိုတော့
Unlock လုပ်ထားပြီးသား ဖြစ်နေရပါမယ် အဲဒါမှ Cf-Root Tool ဖြင့်
 Root လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ Settings > Developer Options > USB Debugging Mode ကို
တစ်ချက်ချင်း နှိပ်သွားလိုက်ပြီး Enable ပြုလုပ်ပေးထားလိုက်ပါ။

Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin

Samsung USB Driver for Windows

Download Here CF-Root package for the SC-01F

CF-Auto-Root  ဖြင့် Root လုပ်နည်း
=======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။

တကယ်လို့ Root ပြုလုပ်ရာတွင် အဆင်မပြေဖြစ်နေခဲ့ပါက
Odin ဗားရှင်းကိုပြောင်းပြီးပြုလုပ်ကြည့်လိုက်ပါ ဒီဖုန်းအတွက်
Odin 3.07 ကပိုအဆင်ပြေပါတယ် အဆင်မပြေခဲ့ရင်တော့
Odin 3.09 or the Odin 3.10 ကို ပြောင်းပြီး လုပ်ကြည့်လိုက်ပါ။


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 
 

No comments:

Post a Comment