Wednesday, February 15, 2017

♪ " Samsung Galaxy C7 Pro VS Samsung Galaxy C9 Pro " ♫


Image may contain: phone
ဒီတစ်ပတ်မှာ Samsung က လပိုင်းအနည်းငယ်လောက်သာခြားပြီး ထုတ်လုပ်ပေးထားတဲ့ Samsung Galaxy C7 Pro နဲ့ Samsung Galaxy C9 Pro ဆိုတဲ့ အဆင့်မြင့်စမတ်ဖုန်း ၂ လုံးရဲ့ တူညီမှုတွေနဲ့ ကွာခြားမှုတွေကို ပြောပြချင်ပါတယ်။ ၄င်းဖုန်းတွေက အရင်ထုတ်လုပ်ခဲ့တဲ့ ဖုန်းတွေကို Pro series တွေအနေနဲ့ ထုတ်လုပ်ပေးခဲ့တာဖြစ်တာကြောင့် အရည်အသွေးတွေက အထူးကောင်းမွန်ကြပါတယ်။

Galaxy C7 Pro ထက် Galaxy C9 Pro က specs တော်တော်များများမှာ ပိုမိုစွမ်းအားမြင့်မားမှုရှိပြီး ဈေးကလည်း ပိုများပါတယ်။ ဖုန်း ၂ ခုစလုံးက GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးနိုင်ပြီး Dual SIM စနစ်တွေပါရှိတဲ့အပြင် fingerprint sensor ကို အရှေ့ဘက် Home Button မှာ တပ်ဆင်ပေးထားတာခြင်းလည်း တူညီပါတယ်။ ထည့်သွင်းပေးထားတဲ့ RAM ၊ ဘက်ထရီစွမ်းအား၊ မျက်နှာပြင်အကျယ်နဲ့ စက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေမှာ ပိုမိုမြင့်မားမှုရှိပြီး ကိုယ်ထည်ကလည်း ပိုမိုပါးလွှာ ခိုင်ခံ့မှုရှိပါတယ်။

* Design *

1. Samsung Galaxy C7 Pro
Samsung Galaxy C7 Pro ရဲ့ အရွယ်အစားက 156.5 x 77.2 x 7 mm ရှိပြီး အလေးချိန်က 172 g လေးပါတယ်။ ဒါကြောင့် ပါးလွှာပေါ့ပါးတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး အရွယ်အစား ကိုင်တွယ်သုံးစွဲရတာလည်း အဆင်ပြေပါတယ်။

2. Samsung Galaxy C9 Pro
Samsung Galaxy C9 Pro ရဲ့ အရွယ်အစားကတော့ 162.9 x 80.7 x 6.9 mm ရှိပြီး 189g လေးပါတယ်။ ပါးလွှာတဲ့ C7 Pro ဖုန်းထက် ပိုမိုပါးလွှာပေမယ့် အလေးချိန်ကတော့ အနည်းငယ် ပိုလေးတာကို တွေ့ရပါတယ်။

* Processor *

1. Samsung Galaxy C7 Pro
C7 Pro ရဲ့ စက်စွမ်းဆောင်ရည်ပိုင်းကို RAM 4GB ပါရှိတဲ့ Octa-core 2.2 GHz Cortex-A53 processor နဲ့ Qualcomm MSM8953 Snapdragon 625chipset တို့က အပြည့်အဝထောက်ပံ့ထားပြီး Adreno 506 GPU ကလည်း စွမ်းဆောင်ရည်တွေကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။

2. Samsung Galaxy C9 Pro
Galaxy C9 Pro မှာတော့ Qualcomm MSM8976 Snapdragon 653 chipset နဲ့ Octa-core (4x1.95GHz Cortex-A72 & 4x1.4GHz Cortex-A53) processor ကိုထည့်သွင်းပေးထားပြီး RAM 6GB တောင် ပါရှိပါတယ်။ သုံးစွဲထားတဲ့ GPU က Adreno 510 ဖြစ်ပါတယ်။

* Display *

1. Samsung Galaxy C7 Pro
မျက်နှာပြင်အကျယ် 5.7-inch ရှိပြီး Super AMOLED capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မသိပ်သည်းဆက ~367 ppi pixels ပမာဏ ရှိပါတယ်။

2. Samsung Galaxy C9 Pro
C9 Pro က C7 Pro နဲ့ Display အမျိုးအစားချင်း တူညီပေမယ့် မျက်နှာပြင်အကျယ်က 6.0-inch တောင် ကျယ်ပါတယ်။ မျက်နှာပြင်က တူညီတဲ့ full HD မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပြီး ဖုန်း ၂ ခုလုံးမှာ multitouch စနစ်ကို သုံးစွဲနိုင်ပါတယ်။

* Verdict *

1. Samsung Galaxy C7 Pro
Samsung Galaxy C7 Pro ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ Galaxy C7 ထက် ပိုမိုကောင်းမွန်ပေမယ့် C9 Pro ကိုတော့ မမီပါဘူး။ ဒါပေမဲ့ သူ့ဈေးနှုန်းနဲ့ သူကတော့ ထိုက်တန်တဲ့ အရည်အသွေးတွေကို ပေးစွမ်းနိုင်ပြီး ရရှိနိုင်တဲ့အရောင်တွေက Gold, Pink Gold နဲ့ Dark Blue တို့ပဲ ဖြစ်ပါတယ်။

2. Samsung Galaxy C9 Pro
Samsung Galaxy C9 Pro ကတော့ C series Pro version တွေထဲမှာ အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်ပြီး အပါးလွှာဆုံးဖုန်းတစ်လုံးလို့လည်း ပြောလို့ရပါတယ်။ အကောင်းတကာ့ အကောင်းဆုံး specs တွေနဲ့ features တွေကြောင့် အားလုံးထဲမှာ လူကြိုက်အများဆုံး ဖုန်းတစ်လုံးဖြစ်မှာ သေချာပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
 
 
 

No comments:

Post a Comment