Friday, February 17, 2017

ဖုန်းဘက်ထရီကို အကောင်းဆုံးမြှင့်တင်ပေးသွားမယ့် နည်းလမ်း ၅ သွယ်



မျက်နှာပြင်ကြီးကြီး ရုပ်ထွက်အရည်အသွေးကောင်းကောင်း processor အမြင့်စား စမတ်ဖုန်းတစ်လုံးကို သုံးရတာဟာ သာမန်စမတ်ဖုန်းတစ်လုံးကို သုံးရတာနဲ့ တစ်ခြားစီ ကွာဟမှုတွေ ရှိပေမယ့် ဒီဖုန်းတွေရဲ့ ဟာ့ဒ်ဝဲလ်တွေဟာ ဖုန်းရဲ့ ဘက်ထရီပါဝါကို အများဆုံးသုံးသွားတာ ဖြစ်လို့ ဘက်ထရီအားမခံတဲ့ ပြဿနာရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ဖုန်းဘက်ထရီသက်တမ်းအားခံစေပြီး ဘက်ထရီရဲ့ စွမ်းရည်ကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းလေးတွေ သိထားသင့်ပါတယ်။

ဒီနည်းလေးတွေက လွယ်ကူရိုးရှင်းလွန်းလို့  လူတိုင်းအလွယ်ကလေး လုပ်ဆောင်နိုင်ပြီး ဘက်ထရီစွမ်းရည်ကို ထိန်းသိမ်းသွားနိုင်ပါတယ်။

(၁) screen တောက်ပမှုကို လျှော့ချပေးပါ။

ဇာတ်ကားကြည့်တဲ့အခါမှာ LCD တို့ AMOLED screen တို့ ရဲ့ တောက်ပမှု level ကို အမြင့်ဆုံးတင်ထားမှသာ ကြည့်ရတာ အရသာရှိမှာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒါဟာ ဘက်ထရီရဲ့သက်တမ်းကို ထိခိုက်နိုင်ပါတယ်။ ပိုပြီး တောက်ပနေတဲ့ screen က ကိုယ့်ရဲ့ ဘက်ထရီအားကို ပိုပြီး မြန်မြန်ဆန်ဆန် ကုန်ခမ်းစေပါတယ်။ display မှာ အလင်းပို့ ထားရတာ ဖြစ်လို့ ဖုန်းဟာ ဘက်ထရီရဲ့ သုံးပုံနှစ်ပုံအထိ အားကုန်စေပါတယ်။

ဒီတော့ ဖုန်းတစ်လုံးကို မလိုအပ်ဘဲ အလင်းတောက်ပမှုကို တင်မထားဘဲ အလင်းလျှော့ထားသင့်ပါတယ်။ သို့ သော်လည်း မမြင်ရလောက်အောင်အထိတော့ လျှော့စရာ မလိုပါဘူး။ ဘက်ထရီဆိုတာကတော့ ကိုယ်မသုံးလည်း ကုန်သွားမှာ ဖြစ်ပါတယ်။

(၂) ဖြစ်နိုင်ရင် Auto Brightness ကို သုံးပေးပါ။

အလင်းအမှောင်ကို အလိုအလျောက်ချိန်ထားတာက ဘက်ထရီသက်တမ်းကို အမြင့်ဆုံးမြှင့်တင်ပေးရာမှာ အကောင်းဆုံးနည်းလမ်း တစ်ခု ဖြစ်ပါတယ်။ အရင်တုန်းက ဖုန်းတွေမှာတော့ ဒီနည်းက အဆင်ပြေချင်မှ ပြေမယ် ။ ယခုခေတ် စမတ်ဖုန်းတွေမှာတော့ ဘက်ထရီသက်တမ်းကို ကြာရှည်စေပြီး အလင်းအမှောင်ကို screen ပေါ် အဆင်ပြေပြေ မြင်သာရုံလောက် အကောင်းဆုံးပြသပေးသွားမှာပါ။ ဒီနည်းက ဖုန်းပါဝါကိုလည်း ထိထိရောက်ရောက် သုံးသွားမှာပါ ဖြစ်ပါတယ်။

တစ်ချို့ ဖုန်းတွေမှာဆို Auto Brightness ထားတာက ကိုယ့်သဘောနဲ့ ကိုယ် အလင်းအမှောင်လျှော့တာထက် ပိုပြီးလည်း အဆင်ပြေပါတယ်။ Auto Brightness ထားခြင်းကြောင့် နေရောင်မှာပဲ ဖုန်းသုံးသုံး ၊ အရိပ်ထဲမှာပဲ သုံးသုံး အလင်းအမှောင်က ကြည့်ရတာ အဆင်ပြေတာကြောင့် ဒီနည်းကို သုံးသင့်ပါတယ်။

(၃) CPU အလုပ်မများရအောင် အကြီးစား အက်ပ်များကို ပိတ်ထားပါ။
play



ဖုန်းတစ်လုံးကို အားကုန်မြန်စေတဲ့ နောက်တစ်ကြောင်းကတော့ နောက်ကွယ်ကနေ အက်ပလီကေးရှင်းတွေ အများကြီး run နေတာကြောင့် CPU ရဲ့ လည်ပတ်မှုကို ပိုပြီး အလုပ်များစေပြီး အားအကုန်မြန်တတ်ပါတယ်။ CPU ရဲ့ လုပ်ဆောင်ချက်ကြောင့် ဖုန်းအားကုန်တာ မဟုတ်ဘဲ နောက်ကွယ်က အလုပ်လုပ်နေတဲ့ အက်ပလီကေးရှင်းတွေကြောင့် အန်ဒရိုက်ဖုန်းများမှာ မလိုအပ်ဘဲ ဘက်ထရီပိုကုန်ရပါတယ်။

ဒီတော့ Snapchat တို့ Facebook တို့ လိုအက်ပလီကေးရှင်းကြီးတွေကို မသုံးဖြစ်ရင် ပိတ်ထားပေးပါ။ ဒါဆိုရင် ဖုန်းဘက်ထရီအကုန်လည်း သက်သာမှာဖြစ်သလို CPU အလုပ်များခြင်းကြောင့် ဖုန်းအပူလွန်ကဲမှုကိုပါ လျှော့ချနိုင်မှာဖြစ်ပါတယ်။

(၄) ဖုန်းအားနည်းလာတိုင်း Battery Saver Mode ကို သုံးပါ။


အန်းဒရိုက်ဖုန်းတော်တော်များများမှာ Battery Saver Mode ပါရှိပါတယ်။ ဒီကောင်လေးကတော့ အရေးပေါ်ဘက်ထရီအားနည်းလာပြီဆိုရင် ဘက်ထရီသက်တမ်းကို ဆွဲဆန့် ပေးသွားမယ့် အကောင်းဆုံးနည်းလမ်းလေးပါ။ Battery Saver Mode ကို သုံးလိုက်တာနဲ့ ဖုန်းမှာ မလိုအပ်တဲ့ အက်ပလီကေးရှင်းတွေကို ပိတ်ထားပြီး ဖုန်းခေါ်တာနဲ့ မက်ဆေ့ပို့ တာပဲ သုံးလို့ ရစေမှာ ဖြစ်သလို ဖုန်းရဲ့ အလင်းအမှောင်တောက်ပမှုကိုပါ အလိုလို ချိန်သားကိုက် ညှိပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Mode ရဲ့ ကောင်းတဲ့တစ်ချက်က ဖုန်းပေါ်မှုတည်ပြီး နောက်ခံက ဒေတာတွေကို Wifi ဒါမှမဟုတ် 3G/4G တွေပါ သုံးလို့ မရအောင် ခဏပိတ်ပေးထားတာ ဖြစ်လို့ ဘက်ထရီပါဝါဟာ ရှိရင်းစွဲ level ကနေ ကျမသွားအောင် ဆွဲဆန့် ပေးသွားမှာပါ။

(၅) ဖုန်းဘက်ထရီသုံးတဲ့ ဇယားကို စစ်ဆေးပေးပါ။
ကားမောင်းတဲ့အခါ ဓါတ်ဆီအခြေအနေကို စစ်ဆေးရသလိုမျိုး စမတ်ဖုန်းတစ်လုံးမှာလည်း သူ့ ရဲ့ဘက်ထရီသုံးစွဲမှု အခြေအနေကို ခဏခဏ စောင့်ကြည့်သင့်ပါတယ်။ တစ်ခါတစ်လေမှာ ဆိုဒ်ကြီးတဲ့ ဂိမ်းကို ထည့်ထားမိလို့ ဖုန်းအားတွေ အဲဒီဂိမ်းကြောင့် အကုန်အကျများနေတယ်ဆိုရင် ဒီဂိမ်းကို ပိတ်ပေးထားဖို့ လိုလာပါတယ်။ ဒါမှသာ ဘက်ထရီသက်တမ်းခံမှာပါ။

ဘက်ထရီသုံးစွဲမှုကို စစ်ဆေးပေးဖို့ ကလည်း သိပ်မခက်ပါဘူး။ ဖုန်းရဲ့ ဆက်တင် menu ထဲဝင်ပြီး အောက်ကိုဆွဲချလိုက်ပြီး Battery ထဲဝင်လိုက်တာနဲ့  ဘယ်အက်ပ်နဲ့ ဂိမ်းတွေက ဖုန်းပါဝါစားနေတယ်ဆိုတာ တွေ့ ရမှာပါ။ အဲသလို တွေ့ တာနဲ့ ကိုယ်သိပ်မသုံးဖြစ်တဲ့ အရေးမပါတဲ့အက်ပ်တွေဆိုရင် uninstall လုပ်သင့်ပါတယ်။ ဒါမှသာ ဖုန်းတစ်လုံးရဲ့ ဘက်ထရီဟာ သူ့ စွမ်းရည်ရှိသလောက် တာရှည်ခံပြီး အလုပ်ကောင်းကောင်း လုပ်မှာ ဖြစ်ပါတယ်။

Source: Lifehacker
Credit: duwun.com.mm

No comments:

Post a Comment