Thursday, February 2, 2017

♪ “Samsung Galaxy A7(2017)” ♫


Image may contain: phone
Samsung ဟာ 2017 အတွက် A Series အသစ်များကို ထုတ်လုပ်ရောင်းချ လိုက်ပြီဖြစ်ပါတယ်။ A7 ဟာ မျက်နှာပြင်အကျယ်ပြန့်ဆုံးသော ဖုန်းအမျိုး အစား ဖြစ်ပြီး A5 ကတော့ အရွယ်အစား အနည်းငယ်သေးပါတယ်။ Samsung A7 ဟာ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်ကာ ဖုန်းကိုယ်ထည်အရွယ်အစားပမာဏကတော့ 156.8x77.6x7.9 mm ရှိကာ ဖုန်းမျက်နှာပြင်အတွက် Super AMOLED capacitive touchscreen ကို တပ်ဆင်ပေးထားပါ တယ်။

ကြည်လင်ကောင်းမွန်သောပုံရိပ်များကို ပေးစွမ်း နိုင်စေဖို့အတွက် 1080x1920 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါ တယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 386ppi ပါ။ မျက်နှာပြင်အထိခိုက်ခံနိုင်စွမ်းရှိစေဖို့အတွက် လည်း အစင်းရာအခြစ်ရာ ခံနိုင်စွမ်းရှိတဲ့ Gorilla Glass ကို ဖုံးအုပ်ပေးထားပါသေးတယ်။ Samsung ရဲ့ 2017 Edition A7 ဖုန်းဟာ ထူးခြား ကောင်းမွန်သောစွမ်းဆောင်ရည်အသစ် တစ်မျိုးပါရှိလာပါတယ်။ ရေစိုခံနိုင်သည့် ဖုန်းအမျိုးအစားဖြစ်သော ကြောင့် ရေအောက်အလှဓာတ်ပုံများကိုပါ ရိုက်ကူးနိုင်ပါလိမ့်မယ်။ IP68 အသိအမှတ် ပြုထားခြင်းကြောင့် ရေအနက် 1.5 မီတာတွင် မိနစ် ၃၀ နီးပါးရေစိမ်ခံနိုင်စွမ်း ရှိပါမယ်။ ကင်မရာစွမ်းရည်များလည်း ပိုမိုကောင်းမွန်လာပါတယ်။ တိကျ သေချာသည့် auto focus နဲ့အတူ ပိုမိုပြတ်သားတည်ငြိမ်ပြီး စိုလွင်တောက်ပ သော ပုံရိပ်များကိုရိုက်ကူးနိုင်ပါလိမ့်မယ်။ ဖုန်းရဲ့အရှေ့၊ အနောက်ကင်မရာ နှစ်မျိုးစလုံးဟာ 16MP, f/1.9 စွမ်းအင် ရှိပါတယ်။

ထို့ကြောင့် Selfie ဓာတ်ပုံရိုက်ကူးသည့်အခါတွင်လည်း ပုံထွက်ကောင်းပါမယ်။ ဓာတ်ပုံများတွင် effect များ၊ ထည့်သွင်းနိုင်ရန်လည်း ဆောင်ရွက်ပေးထားပါ သေးတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့ 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30frames ဖြစ်ပါတယ်။ Active Noise cancellation with dedicated mic စနစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်းမှတ်ဥာဏ် ပမာဏအဖြစ် 32GB ပါရှိအောင်ဆောင်ရွက်ပေးထားပါတယ်။ အချက် အလက် အများအပြား သိမ်းဆည်းလိုပါက Card Slot စနစ်ကိုအသုံးပြု၍ မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်အသုံးပြုရပါမယ်။


အသုံးပြုနိုင်မယ့် OS Version ကတော့ Marshmallow ပါ။ Exynos 7880 Octa Chipset ကို ထည့်သွင်းပေး ထားပါတယ်။ CPU စွမ်းရည်ကတော့ Octa-core 1.9GHz Cortex-A53 ဖြစ်ပါ တယ်။ GPU မှာ Mali- T830MP3 ပါ။ Fingerprint စနစ်ကိုလည်း သုံးစွဲနိုင်မယ့် ဖုန်းဖြစ်ကာ အချက်အလက်နှင့်ဓာတ်ပုံများကိုလည်း Samsung Cloud မှာ သိမ်းဆည်းနိုင်ပါသေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့ Li-Ion 3600mAh ဖြစ်ပြီး အားသွင်းမြန်ဆန်သောစနစ်လည်း ပါရှိ ပါတယ်။

<Specifications>

Network - GSM/HSPA/LTE
Processor - Octa Core 1.9GHz
Screen - 5.7 inches
Camera - 16 MP
Bluetooth - v4.2
Storage - 32 GB
OS - Android OS, v6.0.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment