Thursday, February 2, 2017

♪ “အောင်သွယ်လုပ်ပေးမယ့် Dating App” ♫


Image may contain: people sitting and text
ဒီနေ့ခေတ်မှာ ဘ၀ကြင်ဖော် ရှာဖွေနိုင်တဲ့ Dating App များစွာပေါ်ထွက်နေ ပါပြီ။အဲဒီ Dating App များထဲမှာတော့ Tinder က နာမည်ကြီးပါတယ်။ ဒါပေမယ့် Dating Apps များကိုအသုံးပြုတဲ့အခါမှာလူကိုယ်တိုင် ဖူးစာရှင်ကို ရှာဖွေရတာ ဖြစ်ပါတယ်။ အခုတော့ သင့်ရဲ့ ဖူးစာရှင်ကိုရှာပေးတဲ့ Dating App ပေါ်လာပါပြီ။

Dating App တစ်ခု ဖြစ်တဲ့ Hinge က ဖူးစာရှင် ရှာဖို့ ပျင်းနေသူများအတွက် ၀န်ဆောင်မှု အသစ်တစ်ခုကိုစမ်းသပ်နေပါတယ်။ သူ့ရဲ့ ၀န်ဆောင်မှုကို Audrey လို့ အမည်ပေးထားပြီးတစ်လလျှင် ၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါ တယ်။

Audrey ဟာဥာဏ်ရည်မြင့် ဆော့ဝဲ ဖြစ်ပြီးသင့်အတွက် ဖူးစာရှင် ရှာဖွေ ပေးမှာ ဖြစ်ပါတယ်။ သူကသင်နဲ့ ကိုက်ညီမယ့် ဖူးစာရှင်များကိုရှာဖွေပေးပြီး မိတ်ဖွဲ့ပေးမှာ ဖြစ်ပါတယ်။ စာပို့ ဆက်သွယ်မှုများကိုလည်းသူကပဲ ပြုလုပ် ပေးမှာ ဖြစ်ပါတယ်။ Audrey ၀န်ဆောင်မှုကို မကြာခင်မှာအမေရိကန်နိုင်ငံ New York City မှာအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Hinge က ၀န်ဆောင်မှု တိုးချဲ့မယ့် နေရာများနဲ့ အချိန်ကိုပြောကြားခြင်း မရှိသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 









www.pyaephyo.com

No comments:

Post a Comment