ဓာတ်ပုံပညာနဲ့ သိပ်မရင်းနှီးတဲ့ သူတစ်ယောက်အနေနဲ့ Bokeh ဆိုတာသိဖို့
ခဲယဉ်းနေပါလိမ့်မယ်။ Bokeh ဆိုတာကတော့ ဓာတ်ပုံမှာ Subject ကို
ကြည်လင်စေပြီး အနောက်က Background ကိုဝါးအောင် ရိုက်တာကို ခေါ်သလိုပဲ။
ကာလာစုံ မီးရောင်တွေကို ရိုက်ကူးတဲ့အခါမှာ ဝါးနေပြီး ကာလာကွက်လေးတွေ
ဖြစ်အောင် ရိုက်ကူးတဲ့ အခါမှာလည်း Bokeh Photography လို့ခေါ်ကြတာကို
တွေ့ရပါတယ်။ ဒါကြောင့် Bokeh ဓာတ်ပုံတွေကို ရိုက်ကူးဖို့ နည်းလမ်းပေါင်း
များစွာရှိပြီး အရင်နှစ် အပိုင်းအခြားတွေမှာ Bokeh ဓာတ်ပုံပညာကို DSLR
ကင်မရာတွေမှာသာ ရိုက်ကူးနိုင်ခဲ့ပေမယ့် အခုအခါမှာတော့
မိုဘိုင်းဖုန်းတွေမှာပါ ရိုက်ကူးလာနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်
ဖုန်းပေါ်မှာ Bokeh ဓာတ်ပုံတွေထွက်အောင် ဘယ်လိုရိုက်ကူးမလဲ ဆိုတာကို
တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုစမတ်ဖုန်းတွေ သုံးနိုင်လဲ။
Boken ဓာတ်ပုံရိုက်ကူးနိုင်ဖို့ Smart Phone တစ်လုံးအတွက် အခြေခံ
လိုအပ်ချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ Smart Phone မှာ ပါဝင်တဲ့ကင်မရာရဲ့
Aperture က Wide angle အနေနဲ့ ဆိုရင် f/2.8 လောက်
အနည်းဆုံး ရှိရမှာဖြစ်ပြီး အဲဒီနည်းပြီးလည်း ရှိလို့ရပါတယ်။ ဒါ့အပြင် Shutter Speed ကို 1/50 အထိ အသုံးပြုနိုင်တဲ့ အရည်အသွေးလည်း ရှိနေရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အကြောင်းအရာတွေနဲ့ ညီညွှတ်တဲ့ Smart Phone တစ်လုံးဟာ Bokeh ဓာတ်ပုံတွေကို ကောင်းကောင်းကြီး ရိုက်ကူးနိုင်ပါတယ်။
အနည်းဆုံး ရှိရမှာဖြစ်ပြီး အဲဒီနည်းပြီးလည်း ရှိလို့ရပါတယ်။ ဒါ့အပြင် Shutter Speed ကို 1/50 အထိ အသုံးပြုနိုင်တဲ့ အရည်အသွေးလည်း ရှိနေရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အကြောင်းအရာတွေနဲ့ ညီညွှတ်တဲ့ Smart Phone တစ်လုံးဟာ Bokeh ဓာတ်ပုံတွေကို ကောင်းကောင်းကြီး ရိုက်ကူးနိုင်ပါတယ်။
Bokeh ဓာတ်ပုံကောင်း တစ်ခုလား ၊ ဘယ်လိုခွဲခြားမလဲ


Smart Phone နဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံဟာ Bokeh ဓာတ်ပုံ ထွက်မထွက်ကို
ဓာတ်ပုံရဲ့အမြင်နဲ့ ပိုင်းခြားဆုံးဖြတ် ရမှာဖြစ်ပါတယ်။ ကိုယ်ရိုက်လိုက်တဲ့
ဓာတ်ပုံဟာ Subject နဲ့ Background က ကွဲကွဲပြားပြား ပြတ်သားမှုဖြစ်ရဲလား
ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အချို့ ပုံတွေမှာ ထင်ရှားတဲ့ ကွဲပြားခြားနားစွာ
ပြတ်သားမှု မဖြစ်တာကိုတွေ့နိုင်သလိုပဲ အချို့သော ပုံတွေမှာတော့ Subject ကော
Background ပါ ဝါးနေတာကို တွေ့ရတတ်ပါတယ်။ နောက်ပြီး ကိုယ်ရိုက်ကူးတဲ့
အချိန်ယူဆလိုက်တဲ့ ဓာတ်ပုံအယူအဆကလည်း အများကြီးကို မူတည်ပါတယ်။
ဓာတ်ပုံထဲမှာ Subject နဲ့ Background ရဲ့ ရောထွေး ရှုပ်ထွေးမှုတွေကိုလည်း
အများကြီးမြင်တွေ့ နေရတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရိုက်ကူးသူရဲ့
ဓာတ်ပုံအမြင် ရှိမှုဟာလည်း Bokeh ဓာတ်ပုံကောင်းတစ်ပုံရဖို့ အရေးကြီးတယ်လို့
ထင်ပါတယ်။
Bokeh ရိုက်ဖို့ Idea

ဓာတ်ပုံပညာနဲ့ သိပ်မရင်နှီးတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုဟာတွေ ရိုက်မလဲ
မစဉ်းစားနိုင်အောင်ဖြစ်တတ်ပါ တယ်။ ဒါကြောင့် အများသူငှာ ရိုက်တတ်တဲ့
အကြမ်းဖျင်း အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါမယ်။
- မီးရောင်စုံတွေကို ရိုက်ကူးနိုင်တယ် (ဥပမာ- သီတင်းကျွတ်ကာလ)
- Subject Protrait လို့ခေါ်တဲ့ ရှေ့ Subject ထင်ရှားပြီး Background ဝါးတဲ့ ဓာတ်ပုံတွေ
-သဘာဝတရားတွေရဲ့ အနီးကပ်ဓာတ်ပုံတွေ (ဥပမာ- လိပ်ပြာတွေ အနီးကပ်ရိုက်)
- ညဘက်မှာရှိနေတဲ့ လှပနေတဲ့ မီးရောင်
- Bokeh ဓာတ်ပုံတွေကို ဘယ်လိုရိုက်ကူးမလဲ
အဆင့် (၁)
ကိုယ့်ရဲ့ Smart Phone ကင်မရာကို Manual Mode မှာ ထားပါ။ Manual Mode မပါတဲ့သူတွေ ရိုက်လို့မရပါဘူး။
အဆင့် (၂)
ကင်မရာရဲ့ Shutter Speed ကို 1/30 နဲ့ 1/50 အတွင်းမှာ ထားရမှာဖြစ်ပြီး
ကင်မရာတွေရဲ့ Shutter Speed နှေးလေး အခြား အရာဝတ္ထုတွေက Shake တွေပိုမို
ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကင်မရာကို မလှုပ်အောင် သိတထားပြီး ရိုက်ကူးရမှာ
ဖြစ်ပါတယ်။ Bekeh ဓာတ်ပုံတွေမှာ Motion တွေဖြစ်နေရင် မကောင်းတော့ပါဘူး။

အဆင့် (၃)
ကင်မရာကနေ ရိုက်ကူးမယ့် Subject ကို ချိန်ရွယ်တဲ့ အချိန်မှာ အကောင်းဆုံးက
Manual Focus ကို ထားပြီး Foreground နဲ့ Background ကိုသေချာချိန်ရွယ်
ရိုက်ကူးရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဓာတ်ပုံရိုက်ကူးသူရဲ့ အမြင်ရှိမှုက
အများကြီး အရေးပါသွားပြီး ဘယ်ဟာကို ချိန်ရိုက်ရင် ပိုလှတယ် ဆိုတာကို
ကိုယ်တိုင်စိတ်က ဆုံးဖြတ်ရမှာဖြစ်လို့ ဓာတ်ပုံအမြင်ရှိမှသာ
ဓာတ်ပုံတစ်ပုံရဲ့ တင်ပြပုံက ကောင်းမွန်မှာဖြစ်ပါတယ်။
အဆင့် (၄)
အပေါ်က အချက်တွေ အားလုံးပြည်စုံနေပြီ ဆိုရင်တော့ ရိုက်ကူးနိုင်ပါပြီ။
ထွက်လာတဲ့ ဓာတ်ပုံမှာ Bokeh ဓာတ်ပုံဖြစ်မဖြစ်ကို ကြည့်ရှုပြီး
စိတ်ကြိုက်မတွေ့ရင် အပေါ်က အချက်တွေမှာ လိုတိုးပိုလျှော့ လုပ်ပြီး ရိုက်ကူး
နိုင်ပါတယ်။

မှတ်ချက် (၁)
Bokeh ဓာတ်ပုံတစ်ပုံအတွက် ပုံကောင်းဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ မျက်စိပသာဒ
ရှိနေတဲ့ ဓာတ်ပုံဖြစ်နေလားဆိုတာနဲ့ ရွေးချယ်ရိုက်ကူးတာ
အကောင်းဆုံးဖြစ်မှာပါ။ အချို့ Bokeh ဓာတ်ပုံတွေမှာ Subject ရဲ့ ပတ်ဝန်းကျင်
ထောင့်ကွေးတွေမှာ ထင်ရှားနေတတ် သေးတာကြောင့် အဲဒီနေရာတွေလေး Blur ဖြစ်သွား
၊ မသွားကို သေချာလေ့လာပြီး ရိုက်ကူးရမှာ ဖြစ်ပါတယ်။
မှတ်ချက် (၂)
ဓာတ်ပုံကောင်း တစ်ပုံအတွက် အရေးကြီးဆုံးက အနုပညာဖန်တီးနိုင်မှုနဲ့
နည်းပညာသား ပြည့်ဝမှုက အလွန်ကို အရေးကြီးပါတယ်။ Bokeh Photography ဟာ
ကိုယ့်မျက်လုံးက မြင်လိုက်တဲ့ အနုပညာတစ်ခုကို ဖန်တီးရတာဖြစ်လို့
မျက်လုံးကမြင်ပြီး ဦးနှောက်က ဆုံးဖြတ်ရိုက်ကူး ရတာမျိုးဖြစ်ပါတယ်။
ဒါကြောင့် Bokeh ဓာတ်ပုံတွေ များများကြည့် များများလေ့လာပြီး
များများရိုက်ကူးမှ မိုဘိုင်းဖုန်းတစ်လုံးနဲ့ ပုံကောင်းတွေ
ရိုက်ကူးနိုင်တဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။
Ref: internetjournal.media
No comments:
Post a Comment