Thursday, February 2, 2017

♪ “MECTel CDMA 800MHz ဆင်းကတ်များကို Viber မှတစ်ဆင့် မှတ်ပုံတင်နိုင်” ♫


No automatic alt text available.
MECTel CDMA 800MHz SIM Card များကို Viber မှတစ်ဆင့် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းမိုဘိုင်းဖုန်း ဆင်းကတ်မှတ်ပုံတင်ခြင်း များကို ၃၁.၃.၂၀၁၇ ရက်နေ့တွင် နောက် ဆုံးထားပြုလုပ်ရမည်ဖြစ်ကာ MEC Tel CDMA 800MHz ဆင်းကတ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီး အတွင်း မြို့နယ်အသီးသီးရှိ ဆင်းကတ်ဖြန့်ဖြူးရာဆိုင်ခွဲများ၊ အင်းဝဘဏ်ခွဲများတွင် သွားရောက်မှတ်ပုံ တင်နိုင်မည်ဖြစ်သည်။

ထို့အပြင် မိမိ၏ဖုန်း၊ ကွန်ပျူတာကို အသုံးပြု၍ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ Website ဖြစ်သော www.mectel.com.mm မှတစ်ဆင့် လည်း မှတ်ပုံတင်ခြင်းကို ပြုလုပ်နိုင်ပြီဟုဆိုသည်။ နောက်ထပ်ဝန်ဆောင်မှု တစ်ခုအနေဖြင့် MECTel CDMA 800MHz ဆင်းကတ်ကိုင်ဆောင်သူ၏ ဖုန်းနံပါတ်၊ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ မြင်သာထင်ရှားသော မှတ်ပုံတင် (သို့) တရားဝင်ကိုင်ဆောင်ခွင့်ပြုထားသော ကတ်တစ်ခုခုကို အရှေ့ အနောက်ဓာတ်ပုံရိုက်၍ MECTel Viber Number 0931313131 သို့ ပေးပို့ခြင်းဖြင့် လွယ်ကူအဆင် ပြေစွာ မှတ်ပုံတင်ပြုလုပ်နိုင်ပြီဖြစ်သည်။


ဆင်းကတ်မှတ်ပုံတင်ထား ခြင်းအားဖြင့် မိမိကိုင်ဆောင်သော ဆင်းကတ် လုံခြုံမှု အပြည့်အ၀ရရှိစေခြင်း၊ မိုဘိုင်းဖုန်းအသုံးပြု၍ ပုဂ္ဂိုလ်ရေးရာ နှောင့်ယှက်မှုများနှင့် မိုဘိုင်းကွန်ရက်အသုံးပြုသော ရာဇ၀တ်မှုကျူးလွန်မှုများ ကိုလည်း အလွယ်တကူရှာဖွေဖော်ထုတ် ပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်သူများ အနေနှင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို စနစ်တကျမှတ်ပုံတင်ထား ခြင်းအားဖြင့် မိုဘိုင်းဖုန်းဖြင့် ငွေ ကြေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက 3456 Complaint Center, 1212 Call Center ဖုန်းနံပါတ် ၀၉-၃၁၁ ၆၀၂၄၉၊ ၀၉-၃၁၃၁၃၁၃၁ နှင့် MECTel ၏ Facebook စာမျက် နှာများမှတစ်ဆင့်လည်းဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment