Thursday, February 16, 2017

တန်ဖိုးနည်းစမတ်ဖုန်းများလည်း အသံနဲ့ စေခိုင်းနိုင်တဲ့ AI ဒစ်ဂျစ်တယ်အကူ ပါတော့မည်



AI ဒစ်ဂျစ်တယ်အကူများကို အဆင့်မြင့်စမတ်ထုတ်ကုန်တွေမှာသာ တွေ့ ရာကနေ အခုဆိုရင်သာမန် စမတ်နည်းပညာ အသုံးအဆောင်များမှာလည်း သုံးသွားနိုင်တော့မှာ ဖြစ်ပါတယ်။ အရင်က Samsung ရဲ့ Bixby ၊ Apple ရဲ့ Siri လို စမတ်ဖုန်းဒစ်ဂျစ်တယ်အကူကနေ Amazon ရဲ့ Alexa နဲ့ Google ရဲ့ Google Assistant လိုမျိုး စမတ်အိမ်သုံးနည်းပညာပစ္စည်းများ အတွက် အဆင့်မြင့်ဒစ်ဂျစ်တယ်အကူတွေကို တွေ့ ခဲ့ရတာပေမယ့် MIT မှ သုတေသနပညာရှင်များရဲ့ ကြိုးပမ်းမှုကြောင့် အီလက်ထရွန်းနစ်အသုံးအဆောင်တိုင်းမှာ ဒီ AI အကူတွေကို သုံးသွားနိုင်တော့မှာပါ။
MIT မှ ပညာရှင်များအဖွဲ့ ဟာ ပါဝါအစားနည်းပြီး အလိုအလျောက်စကားပြော စေခိုင်းနိုင်တဲ့ ဒစ်ဂျစ်တယ်အကူစနစ် ထည့်သွင်းနိုင်တဲ့ အဆင့်မြင့် မိုက်ကရိုချပ်စ်များကို ဖန်တီးခဲ့ပါတယ်။ ဒီချပ်စ်တွေဟာ အီလက်ထရောနစ်ထုတ်ကုန်တိုင်းမှာ အသံအမိန့် ပေးစနစ် ကို အလွယ်တကူ ထည့်သွင်းသွားနိင်ဖို့ ဒီဇိုင်းဆွဲထားပါတယ်။

MIT ကနေ ထုတ်လုပ်တဲ့ ချပ်စ်တွေဟာ အသုံးပြုသွားမယ့် စကားလုံးအရေအတွက်ပေါ်မူတည်ပြီး ပါဝါအနေနဲ့ ဝ.၂ မီလီဝပ်ကနေ ၁၀ မီလီဝပ်အကြားပဲ သုံးသွားမှာ ဖြစ်ပါတယ်။ လက်ရှိဈေးကွက်မှာ သုံးနေတဲ့ အသံစနစ်သုံး ဆော့ဖ်ဝဲလ်များဟာ ပါဝါအနေနဲ့ ၁ ဝပ် လိုအပ်တာ ဖြစ်လို့ ဒီချပ်စ်တွေဟာ ၉၉ % အထိ ပါဝါအစား သက်သာမှာပါ။ AI ဒစ်ဂျစ်တယ်အကူ ဈေးကွက်ထဲမှာ လက်ရှိနာမည်ကြီးနေတဲ့ Siri ဆိုရင် သူ့ ကို အသုံးပြုတဲ့အပေါ်လိုက်ပြီး အပိုဘက်ထရီအားသက်သက် ကုန်ပါတယ်။

ယခုထုတ်လိုက်တဲ့ ချပ်စ်တွေဟာ တစ်ခြားဒီဇိုင်းတွေထက် ပိုမိုရိုးရှင်းတဲ့ ဆားကစ်ဖွဲ့ စည်းပုံနဲ့ run တာ ဖြစ်လို့ ပိုပြီး ထိရောက်မှုရှိပါတယ်။ဘက်ထရီပါဝါအစားများတဲ့ neural networks တွေဟာ လူပြောတဲ့စကားကို သိနားလည်ဖို့  လူတစ်ယောက်ရဲ့ ဦးနှောက် အလုပ်လုပ်ဆောင်ပုံကို အခြေခံထားတဲ့ processor တွေ ဖြစ်ပါတယ်။ ဒီ neural networks တွေကို သုံးမယ့်အစား ယခုချပ်စ်တွေကတော့ AI ကို ပြောလာတဲ့ စကားလုံးရဲ့ လှုပ်ရှားမှုကို သိနားလည်မယ့် ရိုးရှင်းတဲ့ ဆားကစ်တွေပေါ် အခြေခံထားတာပါ။ ဒီတော့ တစ်ယောက်ယောက်ကနေ ဒီချပ်စ်ကို စကားပြောလိုက်တာနဲ့ neural networks တွေ လှုပ်ရှားလာပြီး အလုပ်လုပ် ပြန်တုန့် ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

နောက်မျိုးဆက် မိုဘိုင်းလ်နဲ့ စမတ်လက်ပတ်အသုံးအဆောင်လေးတွေမှာဆိုရင် ပါဝါအစားနည်းပြီး ပိုမိုသွက်လက်ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်အကူတွေကို လွယ်လင့်တကူသုံးနိုင်တော့မှာဖြစ်တယ် လို့ MIT မှ မိုက်ခရိုအီလက်ထရွန်းနစ်ပါမောက္ခ မာရီယန် ဗားဟတ်စ် က ရှင်းပြပါတယ်။ နောက်များမှာIoT (Internet of Things ) လို့ ခေါ်ကြတဲ့ စမတ်အသုံးအဆောင်တွေဖြစ်တဲ့ လက်ပတ်နာရီများ ၊ နားကြပ်များ ၊ စမတ်မျက်မှန်များမှာ screen ကို တိထို့ စရာမလိုတဲ့ UI စနစ်ပါ ဒစ်ဂျစ်တယ်အသံအကူများကို တွေ့ မြင်ရတော့မှာပါ။

Source: Mashable

Credit: duwun.com.mm
 
 

No comments:

Post a Comment