Wednesday, February 1, 2017

♪ သင့် Android ကို Malware များ ရနှ်မှ ကာကွယ်နည်းများ ♫


လအနည်းငယ်ကြာတိုင်း Android ဆော့ဝဲမှာ လုံခြုံရေး ဟာကွက်များ ထွက်ပေါ်နေပါတယ်။ အဲဒီအကျိုးဆက်ကြောင့် Android Smartphone သန်းနဲ့ချီပြီး အန္တရာယ်ရှိနေပါတယ်။ Android ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Mobile Operating System ဖြစ်တဲ့အတွက် ဟက်ကာများရဲ့ အဓိက မျက်စိကျစရာလည်း ဖြစ်နေပါတယ်။ အဲဒီအတွက် Android ကို Malware များ ရန်မှ ကာကွယ်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Play Store ပြင်ပမှ Apps များ အင်စတောလုပ်ခြင်းကို ရှောင်ကြဉ်ပါ။
Google Play Store က သူ့မှာ တင်ထားတဲ့ Apps များမှာ Virus or Malware ရှိ၊ မရှိ အမြဲ စစ်ဆေးပေးနေပါတယ်။ အခြား App Stores နဲ့ ၀က်ဆိုက်များမှ Apps များမှာတော့ Malware များ ပါရှိတတ်ပါတယ်။ Play Store မှာတော့ Malware ပါရှိမှု ရှားပါးတတ်ပါတယ်။ အဲဒီအတွက် Play Store ပြင်ပမှ Apps များ အင်စတောလုပ်ခြင်ကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါပေမယ့် Amazon App Store , F-Droid တို့လို အခြား App Store များမှ Apps များကို သုံးချင်ရင် ဘယ်လို လုပ်ရမလဲ ?

၂။ Google Virus Scanner
Google က အခြား App Stores များမှ Apps များကို အင်စတောလုပ်ရင်လည်း လုံခြုံအောင် Android မှာ စွမ်းဆောင်ချက် တစ်ခု ထည့်သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်ကတော့ အခြား App Store များမှ ဒေါင်းလုပ်လုပ်ထားတဲ့ Apps များကို အင်စတော မလုပ်ခင်မှာ Malware ကို စစ်ဆေးပေးတာ ဖြစ်ပါတယ်။ Malware တွေ့ရင်တော့ အင်စတောလုပ်တာကို ပိတ်ပင်မှာပါ။ Google > Security > Verify apps မှာ Enable လုပ်ပေးထားပါ။

၃။ နောက်ဆုံးထုတ် Security Patches များ

Android ဟာ Linux ကို အခြေခံထားတာ ဖြစ်တဲ့အတွက် တတိယ ကာကွယ်ရေး စနစ်ပါရှိပါတယ်။ အဲဒါကတော့ Security Patches များဖြစ်ပြီး Security Patches များ၊ တစ်နည်းအားဖြင့် လုံခြုံရေး ဟာကွက်များကို အမြဲဖာထေးပေးနေတဲ့ Android OS ကို သုံးတာဟာ အလုံခြုံဆုံး ဖြစ်ပါတယ်။ Google ဟာ Stagefright လုံခြုံရေး ဟာကွက်ပြီးနောက်မှာ Android အတွက် လစဉ် Security Patches များကို ဖြန့်ချီပေးနေပါတယ်။ Google က Android 4.4 ကနေ သူ့အထက် ဗားရှင်းများအတွက် Patches များကို အမြဲ ဖြန့်ချီပေးနေပါတယ်။

နောက်ဆုံးထုတ် Android OS ကို Google က ပိုမို အရေးပေးပြီး Patches များကို ထုတ်လုပ်ပေးတတ်တဲ့အတွက် နောက်ဆုံးထုတ် OS ကို အသုံးပြုခြင်းဟာ Malware ကူးစက်ခံရမှုကနေ ကာကွယ်ပေးတဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ သင့်ဖုန်းအတွက် OS အသစ်ရရင် အမြန် အင်စတောလုပ်သင့်ပါတယ်။

Android မှာ Google Play Store ပြင်ပမှ Apps များကို Default အားဖြင့် အင်စတောလုပ်ခွင့် ပိတ်ထားပါတယ်။ Android Settings > Security > Unknown Sources မှာ Enable မလုပ်ဘဲ Disable လုပ်ထားတာက အကောင်းဆုံး ဖြစ်ပါတယ်။


Credit to ==> Digital Times

No comments:

Post a Comment