Wednesday, February 15, 2017

အိုင်ဖုန်းတစ်လုံးရဲ့ ချစ်စရာလှည့်ကွက်လေးများအကြောင်းပါ။



အိုင်ဖုန်းတစ်လုံးဟာ ပုံမှန်စမတ်ဖုန်းတစ်လုံးလို သုံးသွားရင် ပျင်းစရာကြီး ဖြစ်နေမှာပါ။ ဆယ်စုနှစ်တစ်စုကြာ ဆင့်ကဲအဆင့်မြင့်လာတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှာ ကျွန်တော်တို့ သိပ်မသုံးဖြစ်တဲ့ အကွက်လေးတွေ ရှိနေပါတယ်။ YouTube မှာ အိုင်ဖုန်းဟက်ခ်နည်း လက်တွေ့ စမ်းပြတဲ့ မက်သရူးရွိုင်ကော့ဖ် သုံးထားတဲ့ လွယ်လွယ်ကူကူနည်း ၄ မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။


အိုင်ဖုန်းရဲ့ features များထဲက တစ်ချို့ features တွေဆို လူသုံးနည်းလွန်းလို့ သုံးရကောင်းမှန်းတောင် မသိသေးတဲ့ သူတွေ ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ နာမည်ကြီး iOS apps နှစ်ခုဖြစ်တဲ့ Hyperlapse နဲ့ Boomerang တို့ လို အက်ပလီကေးရှင်းနှစ်မျိုးသုံးပြီး ကလိကြည့်ရအောင် ။ ကျန်တဲ့ နှစ်ခုကတော့ ဟာ့ဒ်ဝဲလ်အလိုက် hacks ဝင်သွားရုံပါပဲ။
ပထမနှစ်ခုမှာ နာမည်ကျော် ဗွီဒီယို အက်ပလီကေးရှင်းတွေဖြစ်တဲ့ Hyperlapse ဒါမှမဟုတ် Boomberang တစ်ခုခုမှာ hidden လုပ်ထားတဲ့ menu ကို ဖွင့်တာဖြစ်ပါတယ်။ ဒီ menu လေးကို ဖွင့်သုံးပြီး ရုပ်ထွက် resolution ကိုလည်း တိုးလို့ ရပြီး ကိုယ့်အိုင်ဖုန်းမှာ ပုံဖမ်းယူနှုန်း ဖရိမ် rate ကိုလည်း မြှင့်သွားလို့ ရနိုင်မှာ ဖြစ်ပါတယ်။
နည်းလမ်း (၁)
ပထမဆုံး Hyperlapse အက်ပ်ကို ဖွင့်လိုက်ပါ။ပြီးတာနဲ့ လက်ချောင်းလေးချောင်းနဲ့ screen ကို လေးကြိမ်ထိပေးပါ။ဒါဆိုရင် secret menu လေး ပွင့်လာမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ကိုယ့်ဖုန်းရဲ့ resolution ကို 1080p အထိ တိုးမြှင့်ပေးနိုင်ပါတယ်။ပုံဖမ်းယူနှုန်း ကိုလည်း တစ်စက္ကန့် ကို ၂၄ ဖရိမ်ကနေ ဖရိမ် ၃၀ အထိ ပြောင်းလဲပေးလို့ ရသလို အမြန်နှုန်းကိုလည်း 40X အထိ မြှင့်ပေးသွား နိုင်ပါတယ်။ ဒီနည်းနဲ့ ဗွီဒီယိုတွေကို ကြည့်မယ်ဆိုရင် ပုံထွက်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားသွားနိုင်မှာပါ။
နည်းလမ်း (၂)
Boomerang အက်ပ်လေးကို ဖွင့်ထားပါ။ ပထမနည်းလိုပဲ လက်ချောင်းလေးချောင်းနဲ့ screen ကို လေးကြိမ်ထိပေးပါ။ အရင်လို secret menu လေး ပွင့်လာမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ရွေးချယ်စရာတွေ အများကြီး တက်လာတာကို တွေ့ ရမှာပါ။ Captrue Frame Rate ဆိုတာလေးတွေ့ ရင် တစ်ချက်ဝင် စစ်ကြည့်ပါ။ဒီကောင်လေးက အချိန်ပိုကြာကြာ ရိုက်ကူးလို့ ရစေမယ့် feature လေး ဖြစ်ပါတယ်။သူ့ ကို အဆုံးထိ လျှော့ချလိုက်ပါ။ ဒါဆိုရင် တစ်စက္ကန့် စာပဲ ရုပ်သံဖမ်းယူသွားမှာပါ။ဒီတစ်ခါ ၁၀ စက္ကန့် စာ ရိုက်ကူးကြည့်လို့ ရပြီ ဖြစ်ပါတယ်။

နည်းလမ်း (၃) UV BlackLight
နောက်တစ်နည်းကတော့ အိုင်ဖုန်းရဲ့ LED ဖလက်ရှ်မီးကို UV ခရမ်းလွန်ရောင်ခြည်အသွင်နဲ့ ဗွီဒီယို ကြည့်နိုင်တဲ့ နည်းလေးပါ။ တကယ်တမ်းတော့ အိုင်ဖုန်းဟာ တကယ့်ခရမ်းလွန်ရောင်ခြည်ကို မထုတ်ပါဘူး။ အိုင်ဖုန်းကို ရုပ်ရှင်ထဲက ပရိုဂျက်တာတစ်ခုလို ပြောင်းလိုက်တဲ့ လှည့်ကွက်လေးပါ။ဖလက်မီးပေါ်ကို တိပ်ကပ်လိုက်ပါ။ ပြီးရင် အပြာရောင် သုတ်ပေးလိုက်ပါ။ ဒါမျိုးကို ထပ်တလဲလဲ လုပ်ပေးပါ။နောက်တစ်ခုမှာတော့ ခရမ်းရောင်သုတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ ဖလက်ရှ်မီးဖွင့်ကြည့်ပါ။ ခရမ်းလွန်ရောင်ခြည်အသွင်နဲ့ အလင်းထွက်လာတော့မှာပါ။
နည်းလမ်း (၄) Hologram
အလင်းနဲ့ ပုံဖော်ပေးနိုင်တဲ့ hologram မျိုးကို ကျွန်တော်တို့ ငယ်ငယ်က ခဏခဏတွေ့ ဖူးပါတယ်။ အလင်းဖောက်နိုင်တဲ့ holographic ပြားတစ်ခုကို လေဆာရောင်ခြည်နဲ့ ထိုးလိုက်တာနဲ့ ပရိုဂျက်တာနဲ့ ပုံဖော်လိုက်သလို ဖြစ်သွားပါတယ်။ ငယ်ငယ်ကဆို ရေနံဆီ မီးခိုးမှိုင်းတိုက်ထားတဲ့ ပလက်စတစ်ပြားပေါ် ပုံဆွဲပြီးဓါတ်မီးနဲ့ ထိုးကစားခဲ့ဖူးသူများ ရှိကြမှာပါ။ ဒါမျိုးကို ကိုယ့်ဖုန်းမှာလည်း ကလိကြည့်နိုင်ပါတယ်။ ပထမဆုံး တြာပီဇီယန်ပုံ ပလတ်စတစ်လေးတွေ ညှပ်ပေးပါ။ ပြီးတာနဲ့ လေးထောင့် ဇလားပုံသဏ္ဍာန်ရအောင် တပ်နဲ့ ကပ်ပေးထားပါ။YouTube ကနေ Hologram ဗွီဒီယိုတစ်ခု ရှာပြီး အခုနက ပလတ်စတစ်ညှပ်ထားတာလေးကို screen အလယ်မှာ ထားပေးလိုက်ပါ။ ဗွီဒီယိုကို ဖွင့်လိုက်တာနဲ့ ဆန်းပြားထူးခြားတဲ့ holograpic projection လေးတစ်ခုကို ကြည့်ရှုခံစားနိုင်တော့မှာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တာတွေကတော့ အားလုံးအလွယ်တကူ စမ်းသုံးကြည့်နိုင်တဲ့ အိုင်ဖုန်းရဲ့ လှည့်ကွက်လေးတွေပါ။
Credit: duwun.com.mm
 
 
 

No comments:

Post a Comment