Thursday, February 16, 2017

♪ သင့်ရဲ့ စမတ်ဖုန်း ၊ တက်ဘလက်များအတွက် microSD Card ရွေးချယ်ဝယ်ယူနည်း ♫


သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်များမှာ Storage ကို တိုးမြှင့်ဖို့အတွက် microSD Card များကို ထည့်သွင်းနိုင်ပါတယ်။ iPhone , iPad တို့မှာတော့ microSD Card Slot များ မပါဘဲ Android Devices, Windows Phone, BlackBerry Handsets များမှာ microSD Card Slot များ တပ်ဆင်ပေးထားပါတယ်။ သင့်ရဲ့ ဖုန်းမှာ microSD Card Slot ပါလားဆိုတာကို ဖုန်းရဲ့ အနောက်ကာဗာကို ဖြုတ်၍ စစ်ဆေးပါ။ နောက်ပိုင်းထုတ် ဖုန်းများမှာ SIM Tray မှာ ထည့်သွင်းထားလေ့ရှိပါတယ်။

microSD Card တစ်ခု ၀ယ်ရင် စဉ်းစားရမယ့် အချက်များ

စမတ်ဖုန်းအတွက် microSD Card တစ်ခု ၀ယ်မယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေ များစွာ ရှိပါတယ်။ အဓိကကတော့ သင့်ဖုန်းမှာ စိုက်နိုင်မယ့် ပမာဏနဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ဖုန်းမှာ ထောက်ပံ့တဲ့ ကဒ်အမျိုးအစားကို သိဖို့လည်း လိုအပ်ပါတယ်။

SDHC & SDXC
SDHC ရဲ့ အရှည်ကတော့ Secure Digital High Capacity နဲ့ SDXC ရဲ့ အရှည်ကတော့ Secure Digital Extended Capacity ဖြစ်ပါတယ်။ အဲဒီ စံနှုန်း ၂ ခု ရဲ့ အဓိက ကွာခြားချက်မှာ သိမ်းဆည်းနိုင်တဲ့ ဒေတာ ပမာဏ ဖြစ်ပါတယ်။ SDHC microSD Card များဟာ 2GB ကနေ 32GB အထိသာ သိမ်းနိုင်ပါတယ်။ SDXC ကဒ်များကတော့ 32GB ကနေ 2TB အထိ ၀င်ဆန့်ပါတယ်။ လက်ရှိမှာ ထုတ်လုပ်ရောင်းချနေတဲ့ ပမာဏအများဆုံး ကဒ်ကတော့ 512GB ဖြစ်ပါတယ်။

Class & UHS Ratings
microSD Card တစ်ခုရဲ့ Class Rating ဟာ သူ့ရဲ့ အနိမ့်ဆုံး ဒေတာ ကူးပြောင်းမှု အမြန်နှုန်း ဖြစ်ပါတယ်။ UHS ရဲ့ အရှည်ကတော့ Ultra High Speed ပါ။ microSD Card Class များရဲ့ အနိမ့်ဆုံး ဒေတာ ကူးပြောင်းမှု အမြန်နှုန်းများကို အောက်ပါ ဓါတ်ပုံမှာ ဖော်ပြပေးထားပါတယ်။



microSD Card အများစုကတော့ အနိမ့်ဆုံး အမြန်နှုန်းထက် ပိုမို မြန်ကြပါတယ်။ Class 10 Card ဆိုရင် တစ်စက္ကန့်လျှင် 95MB အထိ အလုပ်လုပ်ပြီး UHS Card များဟာ 312MB အထိ မြန်ကြပါတယ်။

Application Performance Class

SD Association က မကြာခင်ကပဲ App Performance Class လို့ အမည်ရတဲ့ စံနှုန်းအသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ သူက စမတ်ဖုန်း၊ တက်ဘက်များမှာ သုံးဖို့ သင့်တော်မယ့် microSD Card များကို ဖော်ပြပေးထားတာပါ။ A1 Rating က Read Input-Output Access Per Second (IOPS) အတွက် ၁၅၀၀ နဲ့ Write IOPS အတွက် ၅၀၀ ကို စီမံခန့်ခွဲနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။ Apps များကို ဖွင့်ခြင်းနဲ့ အလုပ်များ လုပ်ရာမှာ လျှင်မြန်စေမှာပါ။ A1 Cards အသစ်များဟာ သင့် Android Device မှာ ကဒ်ကို Internal Storage အဖြစ် ဖော်မက်ချဖို့ အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို Google က Adoptable Storage လို့ ခေါ်ပါတယ်။

ကဒ် ရွေးချယ် ၀ယ်ယူနည်း

ဈေးသက်သာပြီး ကောင်းမွန်တဲ့ အမြန်နှုန်းနဲ့ ပမာဏများများဆန့်တဲ့ ကဒ်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ SanDisk , Samsung တို့လို နာမည်ကြီး Brand များမှ ကဒ်များဟာ စွမ်းဆောင်ရည်ကောင်းမွန်ပြီး စိတ်ချရပါတယ်။ Warranty ကိုလည်း စစ်ဆေးသင့်ပါတယ်။ အွန်လိုင်းမှာ ၀ယ်ယူမယ်ဆိုရင်တော့ Customer Reviews များကို ဖတ်ပြီး ကဒ်အတုများကို စစ်ဆေးပါ။



Credit to ==> Digital Times

No comments:

Post a Comment