Friday, February 17, 2017

♪ Facebook မှာ သူငယ်ချင်းများကို ရှာဖွေနည်းများ ♫


Facebook ကို လူတိုင်းနီးပါး အသုံးပြုနေကြတဲ့အတွက် နာမည်တူ လူများစွာ ရှိနေပါတယ်။ အဲဒီအတွက် သင့် သူငယ်ချင်းရဲ့ အမည်ကို Search Box မှာ ရိုက်ထည့်၍ ရှာဖွေရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် Facebook က သင့်သူငယ်ချင်းများကို လွယ်ကူစွာ ရှာဖွေနိုင်အောင် အဆင့်မြင့် ရှာဖွေမှု စွမ်းရည်များကို ထည့်သွင်းပေးထားပါတယ်။ Facebook က ၂၀၁၃ ခုနှစ်မှာ Filters များဖြင့် ရှာဖွေနိုင်တဲ့ Graph Search ကို ထည့်သွင်းပေးခဲ့ပါတယ်။ အခု Tutorial မှာ Graph Search ကို အသုံးပြု၍ သင့် သူငယ်ချင်းများကို ရှာဖွေနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Facebook မှာ လူများကို ရှာဖွေနည်း
Facebook ရဲ့ Main page ကို သွားပြီး သင့်ရဲ့ အကောင့်ဖြင့် Login ၀င်ပါ။ ထိပ်မှ Search Box မှာ သင့် သူငယ်ချင်းရဲ့ အမည်ကို ရိုက်ထည့်ပါ။ ဒါဆိုရင် အဲဒီအမည်နဲ့ လူများကို ပရိုဖိုင်ဓါတ်ပုံများဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ သာမာန်အားဖြင့် အဲဒီ Basic Search Engine က အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သင့် သူငယ်ချင်းရဲ့ အမည်နဲ့ တူနေတဲ့ လူများစွာ ရှိရင်တော့ Filter များကို အသုံးပြုမှ အဆင်ပြေမှာပါ။

Search Filters များကို အသုံးပြုနည်း
Search Box မှာ နာမည်ရိုက်ထည့်ပြီး အန်းတား နှိပ်ပါ။ နောက်ပေါ်လာတဲ့ စာမျက်နှာရဲ့ထိပ်မှာ ကဏ္ဍများကို ပြသပေးထားပါတယ်။ Default အားဖြင့် Top ကဏ္ဍကို ရွေးချယ် ပြသပေးထားပါတယ်။ ဘယ်ဘက်မှာတော့ Filters များစွာကို မြင်ရမှာပါ။ Filter များဖြင့် လူများသာမက ပို့စ်များနဲ့ အခြားအရာများကို ရှာနိုင်ပါတယ်။ အဲဒီစာမျက်နှာရဲ့ထိပ်မှ ကဏ္ဍများအောက်မှာ People ဆိုတဲ့ ကဏ္ဍရှိပြီး လူများကို ပြသပေးထားပါတယ်။ သူ့ရဲ့ အောက်မှာ သူငယ်ချင်းများနဲ့ ဂရုများမှ ပို့စ်များကို ပြသပေးတဲ့ Posts from Friends and Groups ဆိုတဲ့ ကဏ္ဍရှိပါတယ်။



ထိပ်မှ ကဏ္ဍများထဲမှ People ကို နှိပ်ပါ။ ဘယ်ဘက်အခြမ်းမှ Filter များထဲမှ City မှာ သင့် သူငယ်ချင်း နေထိုင်တဲ့ မြို့အမည်ကို ရိုက်ထည့် ရှာဖွေနိုင်ပါတယ်။ Education မှာတော့ ကျောင်း၊ တက္ကသိုလ်နဲ့ Work မှာ အလုပ်လုပ်တဲ့ ကုမ္ပဏီ အမည်ဖြင့် ရှာဖွေနိုင်ပါတယ်။ Mutual Friends မှာ သင်နဲ့ရော သူနဲ့ပါ Friend ဖြစ်နေတဲ့ လူရဲ့ အမည်ဖြင့် ရှာဖွေနိုင်ပါတယ်။


 
အီးမေးဖြင့် ရှာဖွေနည်း
အခြား နည်းလမ်းတစ်ခုကတော့ သူငယ်ချင်းရဲ့ အီးမေးဖြင့် ရှာဖွေတာ ဖြစ်ပါတယ်။ သူက သူ့ရဲ့ အီးမေးကို ပရိုဖိုင်မှာ ထည့်သွင်းထားရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ဒီနည်းလမ်းက သင့်ရဲ့ Gmail Contacts များကို Facebook မှာ ရှာဖွေတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးဖို့ ဒီလင့်ကို သွားပါ။ နောက်အဆင့်မှာ သင့်ရဲ့ Gmail အကောင့်ကို Sign In ၀င်ပါ။ More Drop-Down Arrow ကို နှိပ်ပြီး Export ကို နှိပ်ပါ။

 
နောက်အဆင့်မှာ Google CSV Format ကို ရွေးပေးပြီး Export ကို နှိပ်ပါ။ အပေါ်မှာ ဖွင့်ထားတဲ့ ၀က်စာမျက်နှာမှ Choose File ခလုတ်ကို နှိပ်၍ ရလာတဲ့ ဖိုင်ကို ရွေးပေးပါ။ Upload Contacts ကို နှိပ်ပါ။ နောက်အဆင့်မှာတော့ သင့်ရဲ့ သူငယ်ချင်းများကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်တဲ့ လူကို ရွေးချယ်၍ Invite ကို နှိပ်ပါ။



Credit to ==> Digital Times

No comments:

Post a Comment