Friday, August 19, 2016

Samsung Galaxy A3 SM-A310N0 ဖုန်းကို Android 6.0.1 Marshmallow တင်နည်း


Samsung Galaxy A3 SM-A310N0 ဖုန်းကို ကိုင်ဆောင်ထားကြတဲ့
ညီအကိုတွေအတွက် Android 6.0.1 Marshmallow တင်နည်းကို မျှဝေလိုက်ပါတယ်။

ဒီဖုန်းက Korea Region အလုံးပါ၊ 6.0.1 Marshmallow က
14.07.2016 ရက်လောက်ကတည်းက Update တက်ထားတာပါ။


Sammobile မှာလည်း Free account တစ်ခုဖြင့် ဒေါင်းလော့ရယူ နိုင်သလို
Free account မလိုပဲ ဒေါင်းလော့ရတာလည်း အရမ်း အဆင်ပြေပြီး
Download Speed လည်း အမြန်ဆုံးဖြစ်တဲ့ updato.com မှာလည်း
အလွယ်တကူ ဒေါင်းလော့ရယူနိုင်မှာပဲဖြစ်ပါတယ်။

  လိုအပ်ချက်များ
=========
၁။ မိမိဖုန်း၏ Device Mobile No. ကိုစစ်ကြည့်ပါ။

၂။ Battery အား အနည်းဆုံး 50% နှုန်းရှိရပါမည်။

၃။ ဖုန်းကို Backup ပြုလုပ်ထားပါ။

၎။ Samsung Galaxy A3 SM-A310N0 အတွက်သာဖြစ်ပါတယ်။

၅။ ဗားရှင်းကတော့ Marshmallow 6.0.1 ဖြစ်ပါတယ်။
OR



     How to Install Only tar.file Firmware
========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။



 အဆင်ပြေကြပါစေ


ဇူးနစ်(နည်းပညာ)

 

No comments:

Post a Comment