၂၀၁၆ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မှတ်ပုံတင်ထားခြင်းမရှိသေးသော မိုဘိုင်း SIM ကတ်များအားလုံးကို မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ၏ ဆင်းကတ်များကိုအသုံးပြုနေသူများအနေဖြင့် အောက် ဖော်ပြပါ MPT ၏ ဆိုင်များတွင် မှတ်ပုံတင်ခြင်းကို လုပ်ဆောင်နိုင်ကြမည်ဖြစ်ပါသည်။

မှတ်ပုံတင်ထားခြင်းမရှိသေးသော လက်ရှိ MPT SIM Card သုံးစွဲလျက်ရှိသူများ နှင့် SIM ကတ်အသစ်များ ၀ယ်ယူသူများပါ မိမိတို့၏ SIM ကတ်များ အားနိုင်ငံတော်အစိုးရမှ ထုတ်ပေးသည့် သက်သေခံကတ်ပြားတစ်ခုခု (မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် သို့မဟုတ် ကျောင်းသားကတ် သို့မဟုတ် နိုင်ငံခြားသားများအနေဖြင့် ၄င်းတို့၏ ပတ်စ်ပို့ကတ် သို့မဟုတ် အစိုးရမှ ထုတ်ပေးထား သည့် သက်သေခံကတ်ပြား တစ်ခုခုနှင့်) နှင့်အတူ နီးစပ်ရာ MPT ၏ ဆိုင်များသို့ လာရောက်ပြီး မှတ်ပုံတင်ကြရန် တိုက်တွန်းအပ်ပါသည်။

ထို့အပြင် MPT Sim Card သုံးစွဲသူများအနေဖြင့် လွယ်လွယ်ကူကူစာရင်းသွင်းမှတ်ပုံ တင်နိုင်ရန် အတွက် မိမိကိုယ်တိုင်ဝက်ဘ်ဆိုက်တွင် ၀င်ရောက်၍ စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်း၊ MPT ၏ ဆိုင်များတွင် စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်း အစရှိတဲ့ ပိုမိုလွယ်ကူစေမည့်အခြားနည်းလမ်းများ ဖြင့်လည်း လုပ်ဆောင်နိုင် ရန်ကြိုးစားလျက်ရှိပါသည်။ MPT အရောင်းဆိုင်များကို  http://bit.ly/2bhofHS တွင်ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်လက်ထုတ်ပြန်သွားမည့်သတင်းအချက်အလက်များကို ဆက်လက်စောင့်ကြည့်ပေး စေလိုပါသည်။ ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက MPT ၏ Call Center နံပါတ် ၁၀၆ သို့ခေါ်ဆို မေးမြန်းနိုင်ပါသည်။

Read FAQ for Sim Registration >> http://www.blog.myanmardigitallife.com/faq-for-mpt-sim-registration/