အရေးကြီး အလုပ်ကိစ္စများကို ဖုန်းပြောရတဲ့ အခါမှာ မေ့လျော့သွားတတ်ကြပါတယ်။ မိသားစုဝင်များ ဖုန်း ပြောကြတဲ့ အခါမှာလည်း ပြောရမယ့် အကြောင်းအရာများကို သတိမေ့နေတဲ့ အဖြစ်မျိုးတွေလည်း ဖြစ်ဖူးကြမှာပါ။ အလုပ်ကိစ္စများအတွက် နေ့စဉ် ဖုန်းပြောနေရသူများ၊ သတိမေ့တတ်သူများအတွက် ဒီပြဿနာကို ဖြေရှင်းပေးနိုင်တာက Cinntich ဖြစ်ပါတယ်။ သူက သင့်ရဲ့ Contact တစ်ယောက်အတွက် မှတ်စုများကို မှတ်သားပေးနိုင်ပါတယ်။ အဲဒီလူနဲ့ သင် ဖုန်းပြောတဲ့ အခါမှာ ပြောရမယ့် အကြောင်းအရာများကို သူက သင့်အား ပြသပေးနိုင်ပါတယ်။

၁။ Cinntich ကို ပထမဆုံးအကြိမ်ဖွင့်လျှင် စွမ်းဆောင်ချက်များကို ပြသမှာပါ။ ညာဘက်မှ ဘယ်ဘက်သို့ ပွတ်ဆွဲကြည့်ပါ။ Home Screen ရောက်လျှင် အပေါ်ထိပ်မှ လူပုံ ခလုတ်ကို နှိပ်ပါ။ နောက်အဆင့်မှာ သင် မှတ်စုရေးထားချင်တဲ့ Contact ကို ရွေးပါ။

1

၂။ အပေါ်ထိပ်မှ အပေါင်း ခလုတ်ကို နှိပ်ပါ။

2
၃။ မှတ်စုရေးသားပါ။ အပေါ်ထိပ်မှ အမှန်ခြစ် ခလုတ်ကို နှိပ်ပါ။

3

၎။ ဒါဆိုလျှင် အဲဒီ Contact ထံ သင်ဖုန်းခေါ်တဲ့ အခါမှာ Notification Bar မှာ Cinntich က အဲဒီလူအတွက် မှတ်စုရှိကြောင်း ပြသပေးမှာ ဖြစ်ပါတယ်။ အသံဖြင့်လည်း အသိပေးမှာ ဖြစ်ပါတယ်။ Notification Bar မှ Notification ကို တစ်ချက်နှိပ်လျှင် သင် ရေးသားထားတဲ့ မှတ်စုကို ပြသပေးမှာ ဖြစ်ပါတယ်။ မှတ်သားထားတာတွေကို သင့် မိတ်ဆွေအား ပြောပြနိုင်ပါပြီ။

4


၅။ Cinntich Home Screen ရဲ့ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Settings ထဲကို သွားပါ။ Debriefing Interval ကို နှိပ်လျှင် Notification ပြသပေးထားမယ့် အချိန်ပမာဏကို သတ်မှတ်နိုင်ပါတယ်။ Notification Sound ထဲမှာ မှတ်စု မှတ်သားထားတဲ့ လူထံသင်က ဖုန်းခေါ်လျှင် အချက်ပြပေးမယ့် Notification Sound ကို ရွေးချယ်နိုင်ပါတယ်။

5
Cinntich ရဲ့ ဖိုင်အရွယ်အစားဟာ 3.1MB ရှိပြီး Android 3.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ပါ Link မှာ ရယူနိုင်ပါတယ်။

https://goo.gl/1pwWul