Wednesday, August 24, 2016

Pokémon Go မှာပါတဲ့ Items တွေနဲ့ အသုံးပြုနည်း




Pokémon ဖမ်းရာတွင်အသုံးပြုသည့် Items

Poké Ball >>> pokémon အကောင်တွေဖမ်းဖို့။

Great Ball>>>poké ball ထက်ပိုပြီး အကောင်ဖမ်းရ လွယ်ကူ။

Ultra Ball>>>Poké ball, Great ball တို့ထက်ပိုပြီး အကောင်ဖမ်းရလွယ်ကူ။

Incense>>>အသုံးပြုထားရင် ကိုယ့် ဆီကို Wild Pokémon တွေလာမယ်။အသုံးပြုထားပြီး တနေရာထဲမှာပဲနေမယ်ဆိုရင်တော့ 5 minutes တိုင်းကိုယ့်ဆီကို Pokémon တွေလာမယ်။ အသုံးပြုပြီးသွားလာနေမယ်ဆိုရင်တော့  minute တိုင်းမှာ Pokémon အကောင်တွေလာမယ်။ minutes 30 ထိခံမယ်။

Lure module>>>အသုံးပြုဖို့ကတော့ Pokéstops တွေမှာပဲ အသုံးပြုလို့ရမယ်။အသုံးပြုထားရင် ဘယ်မှသွားစရာမလို ပဲ အသုံးပြုထားတဲ့ Porkestop ဆီကို pokemon တွေလာမယ်။  Incense နဲ့မတူတာက Lure module အသုံးပြုထားတဲ့ pokéstop အနီးအနားမှာ ရှိတဲ့ players တိုင်း အကျိုးခံစားရမယ်။သူလဲအသုံးပြုချိန် minutes 30 ပါပဲ။

Razz Berries>>>Wild Pokémon တွေကိုယဉ်ပါးအောင် ပြုလုပ်ပေးတယ်။အထူးသဖြင့် Cp မြင့်တဲ့ Pokémon တွေဖမ်းရာမှာအသုံးဝင်တယ်။အသုံးပြုမယ်ဆိုရင် Pokémon ဖမ်းဖို့ Ball အသုံးမပြုခင် အသုံးပြုရမယ်။*****သုံးမယ်ဆိုရင်တခါ သုံးရုံနဲ့ မလုံလောက်ပဲ ball throwမလုပ်ခင် တိုင်းမှာ သုံရမယ်။

Lucky Egg>>>Lucky egg က စသုံးရင် 30 mins ခံမယ်။ အဲ့ 30mins အတွင်းမှာ ကိုယ်ရရှိမယ့် experience point (XP) ကို double (၂ဆ) ရမယ်။ သူ့ကိုအသုံးပြုသင်တဲ့အချိန်တွေကတော့ evolve (အကောင်အဆင့်မြှင့်)တွေလုပ်တဲ့အချိန်၊ pokemon တွေအများအပြားတွေ့ရတဲ့အချိန်၊ hatch egg(ဥပေါက်ခါနီးအချိန်) တွေမှာ သုံးသင့်တယ်။ XP ၂ဆရဖို့ပါ။

Gym မှာ ဝင်တိုက်ပြီးရင် အသုံးပြုရမယ့် Items

Potion>>>Gym မှာဝင်တိုက်ပြီးလို့ ဒဏ်ရရလာတဲ့ Pokémon တွေကို 20 HP ထိ ပြန်ဖြည့် ပေးဖို့သုံးတယ်။

Super Potion>>>Gym မှာဝင်တိုက်ပြီးလို့ ဒဏ်ရရလာတဲ့ Pokémon တွေကို 50HP ထိ ပြန်ဖြည့်ပေးဖို့သုံးတယ်။

Hyper Potion>>>Gym မှာဝင်တိုက်ပြီးလို့ ဒဏ်ရရလာတဲ့ Pokémon တွေကို 200 HP ထိ ပြန်ဖြည့်ပေးဖို့သုံးတယ်။(Trainer lvl 15 မှစရမယ်)

Max Potion>>>Gym မှာဝင်တိုက်ပြီးလို့ ဒဏ်ရရလာတဲ့PokémonတွေကိုFull HP ထိ ပြန်ဖြည့်ပေးဖို့သုံးတယ်။(Trainer lvl 25 မှစရမယ်)

Revive>>>Gym မှာဝင်တိုက်ပြီးလို့ သေသွားတဲ့ Pokémonတွေကိုပြန် အသက်ရှင်အောင်လုပ်ပေးနိင်ပြီး HP ကို တဝက်လောက်ထိ ပြန်ပေးနိင်တယ်။(သေသွားမှသုံးလို့ရ)

Max Revive>>>Gym မှာဝင်တိုက်ပြီးလို့ သေသွားတဲ့ Pokémonတွေကိုပြန် အသက်ရှင်အောင်လုပ်ပေးနိင်ပြီး HP ကို အပြည့် ပြန်ပေးနိင်တယ်။
(Trainer lvl 30 မှစရမယ်)

Egg

Pokémon Egg>>> Egg ကတော့ အမျိုးအစားအလိုက် 2km,5km,10km ဆိုပြီးရှိတယ်။Egg incubator (ဥဖောက်ရာမှာအသုံးပြု)  ထဲကို Egg ထည့်ပေးပြီး Egg အမျိုးအစားအလိုက် သတ်မှတ် အကွာအဝေးတခုထိ Trainer ကသွားနိင်ရင် အကောင်ပေါက်မယ်(သွားလာတဲ့အချိန် app ဖွင့်ထားဖို့လို)

Egg Incubator>>>ဥဖောက်ရာတွင်အသုံးပြု။Egg ကို incubator ထဲထည့်ပြီးဖောက်ရ။စဆော့ ထဲကပါလာပြီး အကန့်အသက်မရှိပဲအသုံးပြုနိင်တယ်။တကြိမ်အသုံးပြုတိုင်း Egg တလုံးသာဖောက်လို့ရ။
(များများဖောက်ချင်ရင် Shop မှာဝယ်လို့ရ ပြီး၃ကြိမ်သာအသုံးခံ)

Bag Upgrade>>>Bag က items ထည့်ဖို့ 350 items ပဲဆံ့ပါတယ်။ကိုယ်အတွက်မလုံလောက်လို့ထပ်ဖြည့်ချင်ရင် တော့ Shop မှာဝယ်ပြီး Bag Upgrade လုပ်ရမှာပါ။Fully Upgraded Bag က တော့ Items 1000 ဆံပါတယ်။
(တခါ upgrade လုပ်ရင် 50 Items ပိုဆံမယ်။Max ထိဆို 13 ကြိမ် upgrade လုပ်ပေးရမယ်)

Pokémon Storage Upgrade>>>ဖမ်းလိုရမိတဲ့ Pokémon တိုင်းကအဲ့ Storage ထဲမှာရှိပါတယ်။Pokémon 250 ဆန့်ပြီး Storage ကို shop မှာ Upgrade လုပ်လို့ရပါတယ်။ Fully Upgraded Storage ကတော့ 1000 Pokemon ဆံပါမယ်။
(တခါ upgrade လုပ်ရင် 50 Pokémon ပိုဆံမယ်။Max ထိဆို 15 ကြိမ် upgrade လုပ်ပေးရမယ်)

Camera>>>Pokémon တွေ့လို့ မဖမ်းခင် photo လိုချင် လည်းယူလို့ရပါတယ်။
 
 
 

No comments:

Post a Comment