Wednesday, August 24, 2016

Samsung Galaxy A9 Pro (SM-A910F) ကို Root ပြုလုပ်နည်း + မြန်မာစာထည့်သွင်းနည်း


Samsung Galaxy A9 Pro ကို TWRP Recovery တင်ပြီး မြန်မာစာထည့်သွင်းနည်းပါ... တောင်းဆိုထားလို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်..။

သတိ။  ။ ဖုန်းထဲက Data တွေ အားလုံး ပျက်သွားမှာဖြစ်လို့ Backup လုပ်ထားဖို့ လုံးဝ (လုံးဝ) မမေ့ပါနှင့်။


Note:
Rooting might softbrick your samsung galaxy A9 Pro, Do at Your Own Risk.  After Rooting your Samsung Galaxy A9 Pro, your Warranty may void, and if you want to get its warranty back then Unroot it by simply flashing Stock ROM in your Samsung Galaxy A9 Pro.




Step (1).

Developer options ကို အောက်ပါအတိုင်း Enable လုပ်ပါ။

Settings -> About Phone -> Software info -> Build Number ကို (7) ကြိမ်ခန့် ဆက်တိုက် နှိပ်ပါ။




 USB debbuging နဲ့ OEM Unlock ကို အောက်ပါအတိုင်း Enable လုပ်ပေးပါ။




Step (2).

CROM Sevice Unlock Bootloade.apk ကိုဒေါင်းယူ Install လုပ်ပြီး Unlock Bootloader လုပ်ပါ။



Step (3).

USB Driver မရှိသေးရင် ဒေါင်းယူ Extract > Install လုပ်ပါ။
Odin v3.10.7 ကို ဒေါင်းယူပြီး Extract လုပ်ပါ။
TWRP Recovery  For A9 Pro ဒေါင်းယူပါ။
SuperSU-v2.74.zip ကို ဒေါင်းယူပြီး  SD Card (သို့) ဖုန်းထဲကို Copy ကူးထည့်ထားပါ။
မြန်မာစာအတွက် TotalSolution 3.2 lite ZawgyiBase.zip ကို SD Card (သို့) ဖုန်းထဲကို Copy ကူးထည့်ထားပါ။



Step (4).

Download Mode ကို ဝင်ဖို့အတွက် ဖုန်းကို Power ပိတ်လိုက်ပါ။
Home button + Power Button + Volume Down စ,တဲ့ ခလုတ် သုံးခုကို တပြိုင်တည်း (၃/၄စက္ကန့်မျှ) တွဲနှိပ်ထားပါ။
Warning မက်ဆေ့ တတ်လာရင် Volume Up ကို တစ်ချက် နှိပ်ပေးပါ။



Step (5).

ဖုန်းကို USB Cable ကြိုးမှတဆင့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပါ။
Odin3 v3.10.7.exe ကို ဖွင့်ပါ။
AP မှ တဆင့် စောစောက ဒေါင်းယူထားတဲ့ TWRP Recovery ကိုရွေးပေးပါ။
Start ကို နှိပ်ပေးလိုက်ပါ။
(သူအလိုလို Restart ကျသွားပါလိမ့်မယ်)



Step (6).

Recovery Mode ကို ဝင်ဖို့  ဖုန်းကို Power ပြန်ပိတ်ပါ။
Home button + Power Button + Volume Up  စ,တဲ့ ခလုတ် သုံးခုကို တပြိုင်တည်း (၁၀/၁၅စက္ကန့်မျှ) တွဲနှိပ်ထားပါ။
Install မှ တဆင့် ( Root အတွက် ) SuperSU-v2.74.zip ကို Flash ပါ။
Install မှ တဆင့် ( မြန်မာစာအတွက် ) TotalSolution 3.2 lite ZawgyiBase.zip ကို Flash ပေးပါ။

Reboot System ကိုနှိပ်ပေးလိုက်ပါ။
ဖုန်းပြန်တတ်လာရင် အားလုံးအဆင်ပြေသွားပါပြီ။


Error တစ်ခုခုတတ်နေလို့ အဆင်မပြေဖြစ်နေရင်  Recovery Mode ကိုပြန်ဝင်ပြီး Wipe -> Format Data မှာ "yes" လို့ရေးထည့်ပြီး Enter ကိုနှိပ်ပေးလိုက်ပါ။
ပြီးရင်Reboot System ကိုနှိပ်ပေးလိုက်ပါ။



အဆင်ပြေလိမ့်မယ်လို့


မျှော်လင့်ရင်း


ခင်မင်လျှက်

WinKabarKyaw
http://www.winkabarkyaw.net

No comments:

Post a Comment