Wednesday, August 24, 2016

♪ Facebook မှာ ကြည့်ပြီးသား ဗီဒီယိုတွေကို ပြန်ရှာမယ် ♫


6
Facebook က အွန်လိုင်း ဗီဒီယို ၀က်ဆိုက် YouTube ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ YouTube မှာတော့ ကြည့်ဖူးခဲ့တဲ့ ဗီဒီယိုများကို ပြန်ရှာရတာ လွယ်ကူပါတယ်။ ဒါပေမယ့် Facebook မှာ ကြည့်ဖူးခဲ့တဲ့ ဗီဒီယိုများကို ပြန်ရှာရတာ အနည်းငယ်ရှုပ်ထွေးပါတယ်။ အထူးသဖြင့် ဗီဒီယိုကို Share လုပ်သူ ၊ ဗီဒီယို တင်ထားတဲ့ Page အမည် စတာတွေကို မမှတ်မိရင် အခက်တွေ့ပါပြီ။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ အဲဒါတွေကို မမှတ်မိရင်တောင် ကြည့်ခဲ့ဖူးတဲ့ ဗီဒီယိုတွေကို ပြန်ရှာနိုင်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။

(၁) သင့်ရဲ့ Facebook App ကို ဖွင့်ပါ။ ညာဘက်ထိပ်မှ Menu ကို နှိပ်ပြီး Activity Log ကို နှိပ်ပါ။

1

(၂) Activity Log ထဲရောက်ရင် Filter ကို နှိပ်ပါ။

2

(၃) နောက်အဆင့်မှာ Videos Watched ကို နှိပ်ပါ။

3

(၄) ဒါဆိုရင် သင်ကြည့်ခဲ့ဖူးတဲ့ ဗီဒီယိုများကို လ၊ နေ့ရက်များ အလိုက် ခွဲခြား ပြသပေးထားပါတယ်။

4

(၅) သင် ပြန်ကြည့်ချင်တဲ့ ဗီဒီယိုကို ရှာတွေ့ရင် တစ်ချက်နှိပ်ပါ။ ဒါဆိုရင် အဲဒီ ဗီဒီယိုကို ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

5

(၆) Activity Log ထဲ ပြန်သွားပါ။ ဗီဒီယိုတစ်ခုရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Delete ကို နှိပ်ရင် အဲဒီဗီဒီယိုကို Activity Log ထဲကနေ ဖျက်ပေးမှာဖြစ်ပါတယ်။

6 

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment