Wednesday, August 31, 2016

နောက်ဆုံးထွက် ဗားရှင်း Android 7.0 Nougat Devices ကို Root လုပ်နည်း ကွန်ပျူတာမလို


Photo credit: techxat
နောက်ဆုံးထွက် ဗားရှင်း Android 7.0 Nougat Devices ကို Root လုပ်ချင်နေကြတဲ့
ညီအကိုတွေအတွက် ကွန်ပျူတာမလိုပဲ ပြုလုပ်နည်း Update New ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်လို့ သင့်ဖုန်းအတွက် Nougat 7.0 ကို Update ပြုလုပ်ပြီးလို့ Root လုပ်ရန်
ကြိုးစားနေတယ်ဆိုရင်တော့ ဒီနည်းလမ်းဟာ အသင့်တော်ဆုံး နည်းလမ်းဖြစ်ပါတယ်။


မက်မော စရာကောင်းလောက်တဲ့ Android Nougat 7.0 ရဲ့ significant improvements များနဲ့
features တွေဟာ ဘယ်လောက်ကြီးပဲ တိုးတက်ပြောင်းလဲ ထုတ်လာခဲ့ လာခဲ့ boot security ပိုင်းမှာတော့
Google ကအခုချိန်ထိ Harder ပိုမိုခိုင်မာလာအောင် မပြုပြင်နိုင်သေးပါဘူး ထင်ပါတယ်။

ဒီတော့ Android System ပိုင်းကို ကောင်းကောင်းနားလည်ထားကြတဲ့ Developers များအတွက်တော့
Update Version များနဲ့ Android System ကြီးတစ်ခုလုံးကတော့ Child Play ဖြစ်မယ်ထင်ပါတယ်။

ဒါကလည်း open source operating system ရဲ့ သရုပ်ပြကွက်တစ်ခု သို့တည်းမဟုတ် အားလုံးနဲ့
အဆင်ပြေအောင် လိုက်လျှော့ပြီး ဈေးကွက်ထဲ လွမ်းမိုးထားနေကြတာလည်း ဖြစ်နိုင်ပါတယ်။

အားလုံးကို အကျဉ်းချုံးပြပြီး သုံးသပ်ရရင်တော့ Android system ပိုင်းသည် ဘယ်သောအခါမဆို
open source operating system ဖြစ်နေသေးသ၍တော့ PC or Laptop မလိုပဲ Root ဖောက်နိုင်တယ်ဆိုတာပါပဲ

အားလုံးသိထားတဲ့ Chainfire ကတော့ အဆိုပါ Update Version အတွက်
SuperSu 2.76 Nougat package ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်၊ 
အခုတောင် SuperSu 2.77 Package တောင်ထွက်ရှိထားပြီးလည်းဖြစ်ပါတယ်။

ဒီတော့ Android Nougat 7.0 ဗားရှင်းကို Root လုပ်ရန်အတွက် Recovery mode မှ ပုံမှန်အတိုင်း
SuperSu 2.76 Nougat package ဖြင့် အလွယ်တကူ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။


  မှတ်ချက်
=====
#ဖေါ်ပြပါ နည်းလမ်းသည် Android 7.0 Nougat Devices အတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။

#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။

#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။

#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။

#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။

#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။


 Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================
၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။

၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။

၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။

၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။


လိုအပ်ချက်များ
=========

SuperSu 2.76 Nougat package



Download SuperSu 2.67 Nougat Package



 SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းမှာ Volume Up + Home + power ကိုတွဲနှိပ်ပေးပြီး
Custom Recovery mode သို့ဝင်လိုက်ပါ။

၎။ Recovery mode တွင် Nandroid Backup ပြုလုပ်ထားလိုက်ပါ။

(ဒီအတွက် Backup ဆိုတာကို နှိပ်ပေးပြီး Backup လုပ်ထားရုံပါပဲ၊ ဖုန်းမှာ အကြောင်းကြောင့်
တစ်ခုခုဖြစ်ခဲ့ရင်တော့ နဂိုမူလ Stock Rom နဲ့ Custom Recovery ထည့်သွင်းထားပြီးသား
အနေအထားအားလုံးကို အလွယ်တကူ Restore ပြုလုပ်ယူနိုင်ပါတယ်)

၅။ Recovery mode တွင် Install ကို တစ်ချက်နှိပ်လိုက်ပါ။

၆။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၇။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၈။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



ဇူးနစ်(နည်းပညာ)


www.zunite.org

1 comment:

  1. တရုပ်ဖုန်း skg မော်ဒယ် A2 ဗားရှင်း 7.1
    Rootဖောက်နည်းလမ်းလေးညွန်ပြပေးပါလားဆရာ

    ReplyDelete