Wednesday, August 3, 2016

♪ iPhone နဲ့ iPad တွေကို iOS ဗားရှင်း Update လုပ်နည်း ♫


iPhone, iPad နဲ့ iPod Touch တွေအတွက် iOS Version အသစ်ဖြစ်တဲ့ Version 9.3.3 ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီဗားရှင်းကို Beta မဟုတ်တဲ့ လက်ရှိတရားဝင် ဗားရှင်းအနေနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သင်တို့ရဲ့ iPhone, iPad တွေမှာ iOS Version ကို Update လုပ်ပုံလုပ်နည်းကို တင်ပြပေးမှာ ဖြစ်ပါတယ်။

၁) ဒေတာများကို Backup လုပ်ခြင်း

အရင်ဆုံး လုပ်ရမယ့်အဆင့်ကတော့ iOS Version ကို Update လုပ်တဲ့အခါ သင့်စက်ထဲက ဒေတာတွေကို ဖျက်သွားမှာ ဖြစ်တဲ့အတွက် Update  မလုပ်ခင် Data Backup အရင်လုပ်ထားရမှာဖြစ်ပါတယ်။ iOS Data Backup လုပ်နည်းကတော့ နှစ်နည်းရှိပါတယ်။
  • ပထမဆုံးနည်းကတော့ သင့်ဖုန်းကို ကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်ပြီး iTunes ရဲ့ Summary Page ထဲက “Back Up Now” ကိုနှိပ်ရမှာပါ။
  • နောက်တစ်နည်းကတော့ သင့်အနေနဲ့ ကွန်ပျူတာနဲ့ ဆက်သွယ်ဖို့ အဆင်မပြေဘူးဆိုရင် Settings App ထဲကိုသွားပြီး “iCloud” >> “Backup” >> “Back Up Now” ကို နှိပ်လိုက်ရင် သင့်ရဲ့ ဒေတာတွေကို iCloud ပေါ်တင်ပေးမှာပါ။
icloud-backup
ကဲဒါဆိုရင်တော့ Data တွေကို Backup လုပ်တဲ့ အပိုင်းပြီးသွားပါပြီ။

၂) သင့်ဖုန်းထဲကရရှိနိုင်သေးတဲ့ Memory ပမာဏကို စစ်ဆေးခြင်း

သင့်အနေနဲ့ iOS Version အသစ်ကို သင့်ရဲ့စက်ထဲကို တိုက်ရိုက်ထည့်သွင်းတော့မယ်ဆိုရင် ဒေါင်းလုဒ်လုပ်မယ့် Update File အတွက် သင့်ဖုန်းရဲ့ Memory ကျန်တဲ့ပမာဏကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ iOS 9 နဲ့အထက်ကတော့ Memory ပမာဏ 1.6GB အနည်းဆုံးရှိနေဖို့လိုအပ်ပါတယ်။ စစ်ဆေးတဲ့ပုံကတော့
  • Settings App ထဲက “General” >> “Usage” >> “Available” >> “Storage” ထဲမှာ သင့်ရဲ့ Free Space ပမာဏကို တွေ့ရမှာပါ။
ht-update-ios1

၃) နေရာလွတ်အောင်ပြုလုပ်ခြင်း

တကယ်လို့ Free Space အများကြီးမရှိဘူးဆိုရင် သင့်စက်ထဲက မလိုအပ်တဲ့ တချို့အရာတွေကို ရှင်းလင်းဖို့လိုအပ်ပါတယ်။ ဒါကတော့ နေရာလွတ်အောင်လုပ်နည်းပါ။
  • ခုနကဝင်လာတဲ့ လမ်းကြောင်းအတိုင်းပဲ Usage Menu ထဲက “Manage Storage” ကိုနှိပ်လိုက်ပါ။ သင့် iPhone, iPad ထဲမှာ ရှိနေတဲ့ App တွေနဲ့ နေရာယူမှုတွေရဲ့ List တွေကို ဖော်ပြပေးထားမှာပါ။ တကယ်လို့ ဖျက်လိုက်ချင်တဲ့ App တွေကို “Delete App” ကိုနှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
ht-update-ios2

၎) Wi-Fi သို့မဟုတ် Cellular Data နဲ့ ချိတ်ဆက်ခြင်း

အားလုံးပြီးသွားပြီဆိုရင်တော့ သင့်အနေနဲ့ iOS ကို Update လုပ်ဖို့အတွက် ဒေတာဒေါင်းလုဒ် ပြုလုပ်နိုင်ဖို့ Wi-Fi ဒါမှမဟုတ် Cellular Data နဲ့ ချိတ်ဆက်ဖို့ လိုအပ်ပါတယ်။ ဆိုက်က ကြီးမားတာကြောင့် Wi-Fi Network ရှိတဲ့ နေရာဆိုရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။

၅) Version Update ပြုလုပ်ခြင်း

  • Settings ထဲက “General” ကိုသွားလိုက်ပါ။ Wireless Network တစ်ခုနဲ့ ချိတ်ဆက်ထားကြောင်း သေချာပါစေ။
  • ပြီးရင် Software Update ဆိုတဲ့ Section ထဲကို ဝင်လိုက်ပါ။ ဒါဆိုရင်အထဲမှာ ရရှိနိုင်မယ့် software update version နဲ့အတူ အရွယ်အစားကိုပါ ဖော်ပြထားတာတွေ့ရမှာပါ။ ဒါဆိုရင် Download and Install ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။
ht-update-ios3
  • ဒါဆိုရင် Apple ရဲ့ Privacy Policy နဲ့ iOS နဲ့ Game Center Terms and Condition တွေကိုသဘောတူညီကြောင်းမေးမှာပါ။ Agree နှိပ်လိုက်ပါ။ ဒါဆိုရင် ဘယ်အချိန် Update လုပ်မှာလည်းလို့မေးရင် “Install” ကိုနှိပ်ရင် ချက်ချင်း Install လုပ်ပေးမှာဖြစ်ပြီး၊ “Install Tonight” နဲ့ “Remind Me Later” တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။
  • သင့်အနေနဲ့ Install ကိုရွေးလိုက်ပြီဆိုရင်တော့ ဖုန်းက Reboot ကျသွားမှာဖြစ်ပြီး Update ကိုစတင်မှာ ဖြစ်ပါတယ်။ ညမှ Update လုပ်ပြီး အိပ်ဖို့စီစဉ်ထားရင်တော့ ဖုန်းကို အားသွင်းပြီးပဲ ဖြစ်ဖြစ်၊ အားအပြည့်နဲ့ မှဖြစ်ဖြစ်လုပ်သင့်ပါတယ်။
  • အားလုံးပြီးသွားရင်တော့ သင့် iPhone, iPad ကို Lock Screen ကျလျက်နဲ့ ပြန်ပွင့်လာတာတွေ့ရမှာဖြစ်ပြီး Passcode ရိုက်ထည့်ပြီးဖြစ်စေ၊ Apple ID နဲ့ ဖြစ်စေ Log in လုပ်နိုင်ပါတယ်။
ကဲဒီအဆင့်တွေကို အလွယ်တကူကျော်ဖြတ်ပြီး သင့်အနေနဲ့ အလွယ်တကူပဲ iPhone, iPad, iPod Touch တွေကို Software Update လုပ်နိုင်ပါပြီ။ နောက်နေ့တွေကျရင် iOS 9.3.3 တွေအတွက် Jailbreak လုပ်ပုံလုပ်နည်းကိုလည်း တင်ပေးပါဦးမယ်။ သင့်အတွက် အသုံးဝင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို သင့်သူငယ်ချင်းတွေသိအောင် Facebook, Twitter တွေမှာ ပြန်လည်မျှဝေပေးနိုင်ပါတယ်။



Credit to ==> Digital Times



No comments:

Post a Comment