Wednesday, August 3, 2016

♪ iOS 10 မှာ Emoji အသစ် ၁၀၀ကျော်ထပ်မံထည့်သွင်းထား ♫



Apple ဟာ လက်ရှိမှာ Beta ဗားရှင်းအနေနဲ့ ထုတ်လုပ်ထားတဲ့ iOS 10 အတွက် emoji အသစ် များစွာကို ထပ်မံထည့်သွင်းထားတယ်လို့ သိရပါတယ်။ iOS 10 မှာ emoji အသစ်ပေါင်း ၁၀၀ ကျော်ထပ်မံ ပါဝင်ပြီး အမျိုးသမီးအခန်းကဏ္ဍအနေနဲ့လည်း ထည့်သွင်းထားပြီး အားကစားသမားတွေနဲ့ ပရော်ဖက်ရှင်နယ်တွေ လည်း ပါဝင်ပါတယ်။ အဲ့ဒီအပြင် မိသားစုပုံနဲ့ ပြန်လည်ဒီဇိုင်းပြုပြင်ထားတဲ့ ပေါ်ပြူလာအဖြစ်ဆုံး emoji တွေပါဝင်တယ်လို့ သိရပါတယ်။
Apple ရဲ့ emoji တွေဟာ Unicode Consortium ကိုအခြေခံပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ iOS10 မှာ Apple ဟာ Female emoji တွေကို ထပ်မံထည့်သွင်းထားခဲ့ပြီး အပြေးသမား၊ စက်ဘီးစီးသမား၊ ရေကူးသမား၊ ဆောက်လုပ်ရေးသမား စတာတွေပါဝင်ခဲ့တာပါ။ အဲ့ဒီအပြင် သက်တံ့ရောင်အလံနဲ့ ရေပြွတ်သေနတ်တွေကိုလည်း ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။
Apple အနေနဲ့ ကဏ္ဍအသစ်မှာ ပေါ်ပြူလာအဖြစ်ဆုံ emoji တွေကို ဒီဇိုင်းတွေ ပြန်လည်ပြုပြင်ခဲ့တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းပြန်လည်ပြုပြင်တယ်ဆိုပေမယ့် မျက်နှာပုံလေးတွေကို ပိုမိုကြွရွလာအောင် ပြုလုပ်ခဲ့တာသာဖြစ်တယ်လို့ သိရပါတယ်။
IMG_1941


Credit to ==> Digital Times


No comments:

Post a Comment