Monday, August 15, 2016

သင့်ရဲ့ဖုန်း ပျောက်ဆုံးသွားခဲ့ရင် ဘယ်လိုရှာဖွေကြမလဲ?





သင့်ရဲ့ဖုန်းပျောက်ဆုံးခဲ့လျှင် ခြေရာခံလို့ရမည့် Android Device Manager ကို Google က ပြန်ချီပေးထားပါတယ်။ သင့်ရဲ့ဖုန်းကို Android Device Manager ဖြင့် ချိတ်ဆက်ထားသင့်ပါတယ်။
ဘာကြောင့်လဲဆိုရင် Android Device Manager ဖြင့် ချိတ်ဆက်ထားသော ဖုန်းဟာ အကြောင်းကြောင်းကြောင့် ပျောက်ဆုံးခဲ့လျှင် ဖုန်းတည်ရှိရာနေရာကို ပြန်ကြည့်နိုင်မှာဖြစ်ပြီး ဖုန်းကိုလည်း အဝေးကနေပြန်လည်ထိန်းချုပ်ခွင့်ရှိပါတယ်။
Android Device Manager ကို  Install ပြုလုပ်နည်း
အရမ်းလွယ်ကူပါတယ်။ Google Play ကနေဒေါင်းယူနိုင်ပါတယ်။
၁။ Play Store သို့ဝင်ပါ။
၂။ Search နေရာကနေ Android Device Manager ကိုရှာပါ.
၃။ Install ခလုတ်ကိုနှိပ်ပြီး ဒေါင်းလုပ်ရယူပါ။

Android Device Manager install


Android Device Manager အား Sing In ပြုလုပ်နည်း
installation ပြုလုပ်ပြီးနောက် သင့်ရဲ့ Google Account ဖြင့်ချိတ်ဆက်ပေးရပါမည်။
ဒီအတွက် သင့်ဖုန်းရဲ့ Setting ထဲမှာ Gmail အကောင့်အားကြိုတင်ထည့်သွင်းထားရန်လိုပါမည်။
၁။ သင့်ဖုန်းရဲ့ Home Screen မှာပေါ်နေတဲ့ Android Device Manager လေးကိုဖွင့်ပါ။
၂။ သင့်ရဲ့ Google Account ကိုအတည်ပြုရန် Accept ကိုနှိပ်ပါ။
၃။ ပြီးနောက် Google ကို ရွေးချယ်ပြီး Password ကိုရိုတ်ထည့်ပါ။
၎။ Sing In ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး ၀င်လိုက်ပါ။


Android Device Manager login


Android Device Manager ဖြင့် အတည်ပြုပြီး သင့်ရဲ့ဖုန်းကိုရှာဖွေနည်း
သင့်ဖုန်းရဲ့  မော်ဒယ်အမျိုးအစားကိုရွေးချယ်လိုက်တာနဲ့ သင်ဖုန်းရှိတဲ့နေရာကို မြေပုံနဲ့ မြင်တွေ့ ရပါမည်။
အောက်ပါပုံအတိုင်းမြင့်တွေရပါမည်။ ဆက်ကြည့်ရအောင်

Android Device Manager find
သင့်ဖုန်းရဲ့ တည်နေရာကို ရှာဖွေတွေ့ ရှိပြီးပါက ဖုန်းအား ထိန်းချုပ်နိုင်ရန် Lacation ကိုဖွင့်ထားပေးရပါမည်။
၁။ သင့်ဖုန်းရဲ့ Screen ပေါ်မှာရှိတဲ့ Setting App ကိုနှိပ်ပါ။
၂။ ပြီးနောက် Location ကိုနှိပ်ပါ။
၃။ Location ကို Emble လုပ်ပေးထားလိုက်ပါ။
Android Device Manager location


ပျောက်ဆုံးသွားတဲ့ သင့်ဖုန်းကို Internet ကနေရှာဖွေနည်း
သင့်ဖုန်းပျောက်ဆုံးသွားရင် Android Device Manager ၀က်ဆိုက်ကနေ ဖုန်းကိုခြေရာခံနိုင်ပါတယ်။
ဝက်ဆိုက်ကနေ သင့်ဖုန်းက Android Device Manager မှာအသုံးပြုခဲ့တဲ့ Google Account ကို အတည်ပြုပေးဖို့ လိုပါတယ်။
ဒါမှ သင့်ရဲ့ဖုန်းကိုခြေရာခံနိုင်မှာပါ။
၁။ Android Device Manager ရဲ့ မူရင်း ၀က်ဆိုက်ကို ဒီနေရာ ကနေသွားပါ။
၂။ သင့်ရဲ့ Google Account ၀င်ထားရင် ချိတ်ဆက်ပြီးသားဖြစ်နေပါလိမ့်မယ်။
၃။ သင့်ရဲ့ ဖုန်းမော်ဒယ် ဟုတ်မဟုတ် စစ်ဆေးပါ။

Android Device Manager web
Android Device Manager ဖြင့် ပျောက်ဆုံးသွားတဲ့ သင့်ရဲ့ဖုန်ကို အသံမြည်အောင်လုပ်နည်း
ဖုန်းကို အဝေးကနေ အသံမြည်အောင်လုပ်နိုင်ပါတယ်။
ဖုန်းထဲမှ Vulume ပိတ်ထားရင်တောင် ၅မိနစ်အတွင် အသံဆက်တိုက်မြည်အောင်လုပ်နိုင်ပါတယ်။
ဒါဟာ Android Device Manager ရဲ့စွမ်းဆောင်ချက်တစ်ခုပါ။
ဖုန်းပျောက်ခဲ့လျှင် 
၁။ အခြားဖုန်းတစ်လုံးကနေ Android Device Manager ဖြင့် သင့်ရဲ့ဖုန်းကိုမှာ Device Manager မှာသုံးခဲ့တဲ့ Google Account ဖြင့်ပြန်လည်ချိတ်ဆက်ပါ။
၂။ Ring ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။
၃။ နောက်ထပ်စာမျက်မှာတစ်ခုပေါ်လာရင် Ring ကိုဘဲထပ်နှိပ်ပါ။
၎။ ဒါဆိုရင် ပျောက်ဆုံးသွားဖုန်းမှာ ဖုန်းအသံမြည်နေမှာဖြစ်ပါတယ်။
Android Device Manager ring


သင့်ရဲ့ဖုန်းကို Android Device Manager ဖြင့် အဝေးကနေ Lock လုပ်နည်း
ပျောက်ဆုံးနေတဲ့ဖုန်းကို သင်ကိုယ်တိုင် Lock ခတ်ပစ်လို့ရပါတယ်။
ဒါဆိုရင် သင့်ဖုန်းကို နောက်ထပ်လူတွေဖွင့်ကြည့်လို့ရမှာ မဟုတ်ပါဘူး။ ပျောက်နေတဲ့ဖုန်းအား ဖုန်းပျောက်နေကြောင်း စာသားနှင့် ဆက်သွယ်လို့ရမည့် ဖုန်းနံပါတ်အား ပေးပို့နိုင်ပါတယ်။
၁။ Lock ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။
၂။  Password တစ်ခုသတ်မှတ်ပါ။
၃။ Lock Screen မှာ ပြသမယ့် စာသာ မက်ဆေ့နှင့် သင့်၏ဖုန်းနံပါတ်ကိုရိုတ်ထည့်ပါ ပြီးနောက် အပေါ်ထောင့်နားလေးက Lock ဆိုတဲ့ ခလုတ်လေးကိုနှိပ်လိုက်ပါ။
၎။ ဒါဆိုရင်တော့ ပျောက်ဆုံးနေတဲ့ သင့်ဖုန်းရဲ့ Lock Screen မှာ မိမိရိုတ်ထည့်လိုက်တဲ့ မက်ဆေ့နှင့်ဖုန်းနံပါတ်က ပြသနေပါလိမ့်မယ်။

Android Device Manager lock



အဝေးကနေ ပျောက်သွားတဲ့ ဖုန်းထဲက Data အချက်အလက်တွေကို ဖျက်ပစ်နည်း
Erase ခလုတ်ကတော့ ပျောက်နေတဲ့ ဖုန်းထဲက အချက်အလက်တွေအားလုံးကို ဖျက်ပစ်လို့ရပါတယ်။ SD Card ထဲမှ data တွေကို ဖျက်နိုင်စွမ်းက ထောက်ပံမူရှိထားတဲ့ဖုန်းများသာ ရပါမည်။
  1. ၁။ Erase ဆိုတဲ့ ခလုတ်ကိုနှိပ်ပါ။
  2. ၂။ နောက်ထပ်စာမျက်နှာပေါ်လာရင် Erase ခလုတ်ကိုဘဲနှိပ်ပေးလိုက်ပါ။
  3. ၃။ ဒါဆိုရင်တော့ သင့်ဖုန်းထဲက Data တွေက ဖျက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ပျေက်ဆုံးနေတဲ့ ဖုန်းဟာ ပိတ်ထားတယ်ဆိုရင်တော့ Data တွေက ဖျက်မှာမဟုတ်ပါဘူး
  4.  
  5.  
  6.  
Android Device Manager erase


သင့်ရဲ့ဖုန်းမပျောက်ဆုံးခင် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ တစ်စုံတစ်ဦးရဲ့ ဖုန်းပျောက်ဆုံးခဲ့ရင် ပြန်လည်ရှာဖွေနိုင်ဖို့ ကျနော်တို့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။
Ref: Androidcentral
Translations by: Software Guide



No comments:

Post a Comment