Friday, June 10, 2016

♪ “MPT ၏လိုတရWeb portal တွင်အခမဲ့ဆုလက်ဆောင်နှင့် ကံစမ်းမဲအစီအစဉ်များ ဖြည့်စွက်” ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းMPT ၏လိုတရအမည်ရှိweb portal တွင် အခမဲ့ဆုလက်ဆောင် ရရှိနိုင်မည့်အစီအစဉ်နှင့်ကံစမ်းမဲအစီအစဉ်များကို ဖြည့်စွက်လိုက်ကြောင်းသတင်း ထုတ်ပြန်ပါသည်။ ထပ်မံဖြည့်စွက် လိုက်သည့် ကူပွန်များ၊ကံစမ်းမဲအစီအစဉ်များဖြင့်လိုတရportal သုံးစွဲသူများသည် သက်သာသော ဈေးနှုန်းများရရှိခြင်းနှင့်အခမဲ့ဆုလက်ဆောင်များ အပါ အ၀င်ကြိုတင်ငွေဖြည့်ကတ်များကို ပါရရှိကံစမ်းနိုင်မည်ဖြစ်သည်။
လိုတရ စာမျက်နှာတွင်ပါဝင်၍ကူပွန်များပံ့ပိုးပေးမည့်စားသောက်ဆိုင်၊စတိုးဆိုင်များတွင်YKKO, KFC, Fresh Thai, Potato Break, Hot Pot City, Manhattan, Pezzo, Gong Cha, Golden Park, First Thai နှင့်KMD တို့ပါဝင်မည်ဖြစ်ပြီး အသုံးပြုသူများမှအဆိုပါဆိုင်များမှ မိမိနှစ်သက်ရာကူပွန် များကို ရွေးချယ်၍ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်သည်။ ကူပွန်များကို နောင်လိုအပ်သည့်အချိန်တွင်အသုံးပြုနိုင်ရန် "issue"ကို ရွေးချယ်ပြီးမှတ်သားသိမ်းဆည်းရမည်ဖြစ်သည်။
အသုံးပြုသူများမှ"My Coupon List"ကိုမှတ်သားမသိမ်းဆည်းမီ"Customer Info" ကို ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်သည်။ဆိုင်သို့ ရောက်ရှိသွားချိန်တွင် အသုံးပြုသူများသည်"My Coupon" ကိုအလွယ်တကူဖွင့်နိုင်ပြီး၎င်းတို့ သိမ်းဆည်းထားသည့်ကူပွန်ကို ရွေးချယ်ရမည်။သို့သော်"USE"ခလုတ်ကို မနှိပ်မိရန်မှာအရေးကြီးသည်။အဘယ့်ကြောင့်ဆိုသော်ယင်းခလုတ်မှာ သက်ဆိုင်ရာ ရောင်းချသူနှိပ်ရန် အတွက်သာ ဖြစ်သည်။
ယင်းလုပ်ငန်းစဉ် ဆောင်ရွက်မှုပြီးစီးပါကလိုတရအသုံးပြုသူများအနေဖြင့် ၎င်းတို့၏အခမဲ့လက်ဆောင်သို့ မဟုတ်သက်သာခွင့်ကိုရရှိမည်ဖြစ်ပြီးကူပွန်တစ်ခုကိုပရိုမိုးရှင်း အစီအစဉ်တစ်ခုအတွက်တစ်ကြိမ်သာလျှင် အသုံးပြုနိုင်မည်ဖြစ်သည်။ ကံစမ်းမဲ ရွေးချယ် သည့်စက်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး MPT အသုံးပြုသူအားလုံးသည်စီဒီအမ်အေအသုံးပြုသူများမှလွဲ၍ကံစမ်းနိုင်မည်ဖြစ်သည်။
ကံထူးရှင်၃၀ဦး ကို ရွေးချယ်သွားမည်ဖြစ်ပြီးတစ်ထောင်တန် ငွေဖြည့် ကတ်များကိုအသုံးပြုသူများအား ၁၀ဆတိုးပြီးကံစမ်းပေးသွားမည်ဖြစ်သည်။ ဇွန်လ၁-၇ရက်ကြားတွင်ကံထူးရှင် ၃၀၀ကို ရွေးချယ်၍ ဆုများပေးအပ်သွား မည်ဖြစ်ပြီးထိုကံစမ်းမဲအစီအစဉ်တွင်ပါဝင်နိုင်ရန်အသုံးပြုသူများမှလိုတရ ကံစမ်းမဲအစီအစဉ်ရှိ "Start" ခလုတ်ကိုနှိပ်ထားရန်လိုအပ်သည်။ပထမအကြိမ်ကံထူးရှင်စာရင်းတွင်မပါဝင်ပါ ကစိတ်ပျက်စရာမလိုဘဲ နောက်ထပ် မိနစ် ၃၀အကြာတွင်ထပ်မံကံစမ်းခွင့်ရှိသည်။
ထို့အပြင်ကံထူးရှင်များ၏ဆုကြေးများကိုအပိုထပ် ဆောင်းငွေပမာဏ အဖြစ်၁၄ရက်အတွင်း လွှဲပြောင်းပေး မည်ဖြစ် သည်။ကံစမ်းမဲပေါက်သူများအနေဖြင့် နောက်တစ်ကြိမ်ထပ်မံကံစမ်း လိုပါ ကလည်း နောက် တစ်ရက်တွင်ထပ်မံကံစမ်းနိုင်သေးကြောင်းသိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)

No comments:

Post a Comment