Friday, June 10, 2016

♪ GIF တွေပို့နိုင်ပြီဖြစ်တဲ့ Viber ♫


မြန်မာနိုင်ငံမှာ လူသုံးများတဲ့ App တစ်ခုဖြစ်တဲ့ Viber ကတော့ ယခုအခါမှာ အဓိကကျတဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် GIF တွေကို ပို့လို့ရနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ကို Android OS နဲ့ iOS ပလက်ဖောင်းနှစ်မျိုးလုံးမှာ ထောက်ပံ့ပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Anroid အတွက် Viber ဗားရှင်း 6.1 မှာ ကိုယ်နဲ့ စကားပြောနေတဲ့သူကို GIF ဖိုင်တွေပို့လို့ရတဲ့ လုပ်ဆောင်ချက် ကိုထည့်သွင်းပေးထားပြီး GIF တွေကိုတော့ မိမိ Gallary ထဲမှာရှိတဲ့ GIF တွေကနေသာ ရယူနိုင်မှာဖြစ်သလို၊ Image URL ကိုကူးယူပြီးတော့လည်း ထည့်သွင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ သင့်အနေနဲ့ GIF ကိုပို့လိုက်ပြီဆိုရင် တစ်ဖက်မှာတော့ အလိုအလျောက် Playing ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ လုပ်ဆောင်ချက်က ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တကယ်တမ်းကျတော့ GIF တွေပေးပို့ရတာ ပျော်ဖို့ကောင်းစေမှာပါ။ ဒီလို Chat ကနေ GIF တွေပို့နိုင်တာကို Messenger မှာရရှိနေပြီ ဖြစ်ပေမယ့်လည်း Viber ကအခုမှရရှိလာတာဖြစ်ပြီး WhatsApp မှာတော့ ထောက်ပံ့ထားခြင်း မရှိသေးပါဘူး။

အဲ့ဒီအပြင် ဒီဗားရှင်းအသစ်မှာ ကိုယ်နဲ့စကားပြောထားတဲ့ Conversation တွေကို Google Drive ထဲကို Back Up အနေနဲ့ Manual သိမ်းဆည်းထားနိုင်လာပြီ ဖြစ်သလို၊ တကယ်လို့ သင်ဖုန်းအသစ်၊ ပစ္စည်းအသစ်လဲ မယ်ဆိုရင်လည်း ကိုယ်ပြောထားတဲ့ ချက်တင်လုပ်ထားတဲ့ ဒေတာတွေကို အမြန်ဆုံး ပြောင်းလဲနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Viber ဟာ WhatsApp လောက်အောင်မြင်မှုမရှိသေးပေမယ့် ပေါ်ပြူလာဖြစ်တဲ့ Chatting App တွေမှာတော့ ပါဝင်နေဆဲဖြစ်ပြီး မှတ်ပုံတင်ထားသူဦးရေဟာ သန်း ၇၅၀ ရှိတယ်လို့ သိရပါတယ်။
Credit to ==> Digital Times

No comments:

Post a Comment