Tuesday, June 7, 2016

Facebook မှ ဓါတ်ပုံများမှာ Tag လုပ် မခံရအောင် ပိတ်မယ်


facebook-emb-7
Facebook က သင့်မျက်နှာကို မှတ်မိနေတယ်ဆိုရင် သင်ယုံမလား ? Facebook က သူ့ရဲ့ လူမှုကွန်ရက် သုံးသူအားလုံးရဲ့ မျက်နှာများကို နာမည်နဲ့ တကွ သိနေပါတယ်။ သင့် သူငယ်ချင်းတွေက သင့် ဓါတ်ပုံများကို တင်ရင် ဒါမှမဟုတ် သင်နဲ့ တူတဲ့ လူတစ်ယောက်ရဲ့ ဓါတ်ပုံများကို တင်ရင် သင့်ကို အလွယ်တကူ Tag လုပ်နိုင်အောင် သင့်နာမည်ကို အကြံပြုပြသပေးပါတယ်။ သူငယ်ချင်းတွေက ဓါတ်ပုံများမှာ သင့်ကို Tag လုပ်တာကို စိတ်အနှောင့်အယှက်ဖြစ်ရင်တော့ ပိတ်ထားနိုင်တဲ့ နည်းလမ်းရှိပါတယ်။


(၁) Facebook App ကိုဖွင့်ပါ။ ညဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ Accont Settings ထဲသွားပါ။


1

(၂) Timeline and Tagging ထဲသွားပါ။
 
2

(၃) အောက်ဆုံးမှ “ Who sees tag suggestions when photos that look like you are uploaded ? “ ကို တစ်ချက်နှိပ်ပါ။

3

(၄) Friends အစား No One ကို ရွေးပေးပါ။ ဒါဆိုရင် သူငယ်ချင်းများက ဓါတ်ပုံများမှာ သင့်ကို Tag လုပ်တဲ့အခါမှာ Facebook က သင့် နာမည်ကို အကြံပြု ပြသပေးမှာ မဟုတ်တော့ပါဘူး။

4

Facebook ရဲ့ မျက်နှာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းပညာဟာ သူငယ်ချင်း ၊ မိသားစုဝင်များနဲ့ ခရီးသွားတဲ့ အခါ၊ ပွဲများ သွားတဲ့အခါမှာ အသုံးဝင်ပါတယ်။ ခရီးသွား ဓါတ်ပုံများ၊ ပွဲဓါတ်ပုံများကို တင်တဲ့အခါမှာ သူငယ်ချင်းများကို လွယ်ကူစွာ Tag နိုင်အောင် ပြုလုပ်ပေးပါတယ်။ ဒါပေမယ့်လည်း ဓါတ်ပုံများမှာ Tag လုပ် ခံရတာကို စိတ်ညစ်နေသူများအတွက် အပေါ်က နည်းလမ်းအတိုင်း ပိတ်ထားနိုင်ပါတယ်။
 Digital Times


No comments:

Post a Comment