Tuesday, June 7, 2016

♪ “သင့်ရဲ့စမတ်ဖုန်းလုံခြုံရေးအတွက်နည်းလမ်းများ” ♫

ယနေ့ခေတ်မှာလူတော်တော်များများဟာစမတ်ဖုန်းများနဲ့အတူရှင်သန် လှုပ်ရှားနေကြပါတယ်။ ဈေးဝယ်ဖို့၊လူမှုကွန်ရက်တွေသုံးစွဲဖို့၊Browser တွေ ကမှတစ်ဆင့်ဝက်ဆိုက်တွေကြည့်ရှုဖို့၊ဘဏ်လုပ်ငန်းတွေအသုံးပြုဖို့၊ ဆက်သွယ်ဖို့စသဖြင့်နည်းလမ်းပေါင်းစုံနဲ့အသုံးချကြပါတယ်။များသော အားဖြင့်email တွေ၊လူမှုကွန်ရက်တွေ၊Messaging apps တွေစသဖြင့် သုံးစွဲကြရာတွင်account များကိုlog in ၀င်ထားလျက်အမြဲတစေသုံးစွဲနေကြ ရာအခြားသူများကမိမိတို့ရဲ့ဖုန်းကိုယူငင်သုံးစွဲလျှင်မိမိတို့ရဲ့ကိုယ်ရေး အချက်အလက်များ၊account များခိုးယူနိုင်သည့်အန္တရာယ်လည်း ရှိနေပါ တယ်။ဖုန်းခိုးယူခံရခြင်း၊ဖုန်း ပျောက်ခြင်းတို့ ဖြစ်သည့်အခါအခြားသူများ ကမိမိတို့၏အရေးကြီးသောကိုယ်ရေးအချက်အလက်များပါသွားနိုင် သောကြောင့်သတိဆိုတာပိုတယ် မရှိဆိုသလိုကြိုတင်ကာကွယ်ထားနိုင်မည်ဆိုလျှင် ပြဿနာ တော်တော်များများကြုံတွေ့ရမည့်ဘေးမှ ကာကွယ်နိုင် မှာဖြစ်ပါတယ်။ဖုန်းခိုးယူခြင်း၊ပျောက်ဆုံးခြင်းတို့မှကြုံတွေ့ရသော အဆိုးရွား ဆုံးသောကိစ္စရပ်များမှာသင့်ရဲ့ ငွေကြေးဆိုင်ရာသတင်းအချက်အလက်များ နှင့်account များခိုးယူခံရခြင်းပဲဖြစ်ပါတယ်။အစီရင်ခံစာစစ်တမ်းများ အရ ၂၀၁၄ခုနှစ်မှာအမေရိကန်နိုင်ငံ၌ဖုန်းခိုးယူမှုပေါင်း၂.၁သန်းကျော်ရှိပြီး ၃.၁သန်းကျော်က ပျောက်ဆုံးတယ်လို့ဆိုပါတယ်။အင်္ဂလန်နှင့် ဝေးလ်နိုင်ငံ တို့မှာတော့၂၀၁၃ခုနှစ်ကဖုန်းခိုးယူမှုပေါင်း၇၄၃,၀၀၀ရှိတယ်လို့ဆိုပါတယ်။တကယ်လို့သင့်ရဲ့ဖုန်းက မပျောက်ဆုံးဘဲသင့်လက်ထဲမှာရှိနေလျှင်တောင်မှလုံခြုံမှုမရှိသေးဘဲmalware များရဲ့တိုက်ခိုက်မှုအန္တရာယ်နဲ့လည်းကြုံတွေ့ နိုင်သေးပြီးMotive Security Labs ရဲ့ခန့်မှန်းသုံးသပ်ချက်များအရ ၂၀၁၄ခုနှစ်မှာ ကမ္ဘာတစ်လွှား၌မိုဘိုင်းဖုန်းပေါင်း၁၆သန်းခန့်ဟာ အဆိုပါ malware များရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့ဆိုပါတယ်။
ကံကောင်းတာကတော့ဒီလိုမျိုးအဖြစ်ဆိုးတွေမကြုံတွေ့ရဖို့ကာကွယ်ထား နိုင်မယ့်နည်းလမ်းတွေရှိပါတယ်။ သင့်ရဲ့ဖုန်းကိုအခြားသူများကရသွားသည့်တိုင်သင့်ဖုန်းထဲကအချက်အလက်များပါမသွားနိုင်ဖို့လုပ်ဆောင် ထားနိုင်သည့်နည်းလမ်းများကိုဒီဆောင်းပါးမှာစုစည်းဖော်ပြပေးမှာဖြစ်ပါတယ်။နည်းလမ်း တော်တော် များများကစမတ်ဖုန်းသုံးစွဲသူများသိရှိထားပြီးဖြစ်ပေမယ့်ဂရုပြုမိ နိုင်စေဖို့တစ်စုတစ်စည်းတည်းဖော်ပြပေး လိုက်ပါတယ်။
(၁) Lock Screen ပိတ်ထားပါ
ဒါကတော့အလွယ်ဆုံးသောနည်းလမ်းပဲဖြစ်ပါတယ်။ဖုန်းကိုPattern, PIN, Password စသည်တို့ဖြင့်ပိတ်ထားနိုင်သလိုလက်ဗွေဖြင့်လည်းပိတ်ထား နိုင်ပါသေးတယ်။Pattern နဲ့ပိတ်ထားခြင်းကသင့်အတွက်လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပေမယ့်PIN သို့မဟုတ်လက်ဗွေတွေနဲ့နှိုင်းစာလျှင်တော့ လုံခြုံမှုအားနည်းလှပါတယ်။တကယ်လို့သင့်အနေဖြင့်ပိုမိုလုံခြုံစေဖို့ ဆိုလျှင် တော့အခြားသူများခန့်မှန်းနိုင်ဖို့ခဲယဉ်းသောpassword ကိုအသုံးပြုသင့်ပါ တယ်။ အဲဒါကရိုက်ထည့်ရာမှာအချိန်ပိုကြာမှာဖြစ်ပေမယ့်တွဲစပ်နိုင်သော စာလုံးတွဲအရေအတွက်များလေလေပိုမိုခန့်မှန်းရခက်လေလေဖြစ်တဲ့အတွက်လုံခြုံမှုအရှိဆုံးလို့ဆိုရမှာပါ။ မည်သည့်နည်းလမ်းကိုပဲအသုံးပြုသည် ဖြစ်စေ Screen အားLock ချထားဖို့အတွက်iOS မှာတော့Setting> Touch ID & Passcode သို့သွားပြီးPasscode အတွက်ဆိုလျှင်ဂဏန်း၆လုံးပါရှိသောcode ကိုရိုက်ထည့်ကာlock ချထားနိုင်မှာဖြစ်ပါတယ်။အခြားသော ရွေးချယ်မှုများ ကိုလည်းတွေ့ရှိနိုင်မှာဖြစ်ပြီးPasscode Options သို့မဟုတ်Add a Fingerprint ကိုတို့ထိကာlock ချထားနိုင်မှာဖြစ်ပါတယ်။Android အတွက် ဆိုလျှင် တော့သင့်ရဲ့device အမျိုးအစားပေါ်မူတည်ပြီးကွဲပြားခြားနားမှုတွေ ရှိနိုင်ပေမယ့်များသောအားဖြင့်Settings menu ထဲကSecurity သို့မဟုတ် Lock Screen Security စတာတွေမှာဝင်ရောက်ပြီးလုပ်ဆောင်ထားနိုင် မှာဖြစ်ပါတယ်။
(၂) Apps များကိုlock ချထားပါ
သင့်ရဲ့ဖုန်းကိုScreen lock ချထားပေမယ့်အကယ်၍အခြားသူများက မတော်တဆ ၀င်ရောက်မိသွားတဲ့အခါမျိုးတွေမှာသင့်ရဲ့Apps တွေကို နောက်ထပ်အလွှာတစ်ခုအနေနဲ့ထပ်မံပြီးlock ချထားနိုင်ပါသေးတယ်။ သင့်ရဲ့ email သို့မဟုတ်banking app တွေလိုမျိုးပေါ့။အဲဒီလိုမျိုးလုပ်ဆောင်ဖို့ အတွက်Android အတွက်ဆိုလျှင်တော့App Lock လိုမျိုးapps တွေကို အသုံးပြုပြီးscreen lock မှာလိုပဲPIN, Password သို့မဟုတ်လက်ဗွေကြိုက် နှစ်သက်ရာရွေးချယ်နိုင်မှာဖြစ်ပါတယ်။iOS အတွက်ကတော့အလားတူapps တွေကိုတင်ပြီးသုံးမယ်ဆိုလျှင်သင့်ရဲ့device ဟာjailbreak လုပ်ထားမှ အသုံးပြုနိုင်မှာဖြစ်လို့ဒါကလုံခြုံရေးအတွက်ထိရှလွယ်သောကြောင့်မသုံးသင့်ပါဘူး။သို့သော်လည်းများစွာသော apps တွေဟာTouch ID ကိုအသုံးပြုကာ lock ချထားနိုင်ဖို့ထည့်သွင်း ရေးဆွဲလာတာဖြစ်တဲ့အတွက်ဒါက သတင်းကောင်း လို့ပဲဆိုရမှာပါ။
(၃) Apps နှင့်Services များကိုLog out လုပ်ပါ
စမတ်ဖုန်းသုံးစွဲသူအများစုကတော့သူတို့ရဲ့apps တွေမှာlog in ၀င်ထားလေ့ ရှိပြီးသုံးစွဲပြီးလျှင်log out ပြန်ထွက်လေ့မရှိကြပါဘူး။ဘာကြောင့်လဲဆိုတော့ နောက်တစ်ခု ပြန်ဝင်လျှင် မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့်facebook လိုမျိုးမကြာခဏသုံးစွဲလေ့ရှိတဲ့apps တွေမှာlog out လုပ်လေ့မရှိကြပါဘူး။ဒါကအခြားသူတစ်ယောက်အနေနဲ့သင့်ရဲ့apps တွေကိုကြည့်ရှုသုံးစွဲနိုင်စေဖို့လွယ်ကူ စွာဝင်ရောက်နိုင်စေမှာဖြစ်တဲ့အတွက်သတိထားရမှာဖြစ်ပါတယ်။အထူးသဖြင့်တော့Banking နှင့်Shopping ဆိုင်ရာ apps တွေမှာသင့်ရဲ့bank account data တွေနဲ့email accounts တွေ ပါဝင်သောကြောင့်အဆိုပါအချက်အလက်များခိုးယူခံရနိုင်ပါတယ်။ဒါကြောင့်ယင်းကဲ့သို့အရေးကြီးအချက် အလက်များပါဝင်သည့်apps များကိုသုံးစွဲပြီး လျှင် log out လုပ်သင့်ပါတယ်။
(၄) Password Manager တစ်ခုသုံးစွဲပါ
တစ်စုံတစ်ယောက်ဟာသင့်ရဲ့ဖုန်းကိုaccess လုပ်နိုင်ဖို့သင့်ရဲ့passwords တွေကအဓိကကျလှသောကြောင့်မတူကွဲပြားသောaccount တိုင်းမှာ ရှည်လျားပြီး strong ဖြစ်သော၊account တစ်ခုနဲ့တစ်ခုမတူညီသော passwords များကိုပေးထားဖို့ကအရေးကြီးပါတယ်။သို့သော် ဖြစ်လေ့ဖြစ်ထရှိ တာကaccount တိုင်းအတွက်passwordကိုလွယ်ကူစွာပြန်လည်မှတ်မိ နိုင်ဖို့ ခဲယဉ်းလှပါတယ်။ဒါကိုလွယ်ကူစွာ ဖြေရှင်းနိုင်ဖို့password manager တစ်ခု ခုကိုအသုံးပြုနိုင်ပါတယ်။Password manager အသုံးပြုမယ်ဆိုလျှင်သင့် account တွေအားလုံးအတွက်ဘုံpassword တစ်ခုတည်းဖြင့်ဝင်ရောက် နိုင်မှာ ဖြစ်ပါတယ်။သို့သော်password manager သုံးမယ်ဆိုလျှင်တော့ အဆိုပါ master password ကိုstrong ဖြစ်အောင်ပေးထားပြီးပုံမှန်ပြောင်းလဲ သင့်ပါတယ်။master password တွေကများစွာရှိပါတယ်။အသုံးများတဲ့ LastPass သို့မဟုတ်Dashlane စသည်တို့ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။App store မှာရှာဖွေနိုင်မှာပါ။
(၅) Antivirus ဆော့ဝဲအသုံးပြုပါ
စမတ်ဖုန်းတွေဟာကွန်ပျူတာတွေလိုပဲဗိုင်းရပ်အကိုက်ခံရနိုင်တဲ့အတွက်Antivirusပရိုဂရမ်တွေကိုအသုံးပြု သင့်ပါတယ်။ကွန်ပျူတာတွေလောက် ပြင်းပြင်း ထန်ထန်မထိခိုက်နိုင်ပေမယ့်အန္တရာယ်တော့ရှိပါတယ်။Antivirus app တစ်ခု ကိုတင်ထားမယ်ဆိုလျှင်သင့်ဖုန်းမှာတင်ထားတဲ့apps တွေ၊သိမ်းဆည်းထား တဲ့ဖိုင်တွေ၊ကြည့်ရှုတဲ့ဝက်ဆိုက်တွေကိုscan ဖတ်ကြည့်ရှုစစ်ဆေးပြီး malicious software များမှကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုးapps တွေကAndroid မှာသာတင်နိုင်မှာဖြစ်ပါတယ်။iOS devices များအနေဖြင့် Apple ဟာသူ့ရဲ့စနစ်အတွင်းကိုထိုးဖောက်ဝင်ရောက်မှုမရှိနိုင်စေဖို့closed system လုပ်ထားတဲ့အတွက်ဒီလိုဗိုင်းရပ်အန္တရာယ်များဝင်ရောက်နိုင်မှု အခွင့်အလမ်းကနည်းပါးပါတယ်။သင့်ရဲ့Android စမတ်ဖုန်းမှာantivirus app တစ်ခုတင်သုံးလိုပါကGoogle Play Store မှာရှာဖွေနိုင်မှာဖြစ်ပါတယ်။ နာမည်ကျော်apps တွေဖြစ်တဲ့Avira သို့မဟုတ်Lookout စသည်တို့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
(၆) Jailbreak မလုပ်ပါနှင့် (သို့မဟုတ်) Unofficial app stores များမှapps များကိုမသုံးပါနှင့်
သင့်ရဲ့စမတ်ဖုန်းမှအချက်အလက်များကိုနည်းလမ်းနှစ်သွယ်နဲ့ခိုးယူနိုင်ပါ တယ်။တစ်နည်းကတော့ဖုန်းအလုံးလိုက်ခိုးယူသွားခြင်းဖြစ်ပြီး နောက်တစ်နည်းကတော့အဝေးကနေ သင့်ဖုန်းထဲကအချက်အလက်များကို malware များပို့လွှတ်ကာခိုးယူခြင်းပဲဖြစ်ပါတယ်။အကယ်၍သင့်ရဲ့device ဟာofficial app stores ကမဟုတ်ဘဲအခြားသော နေရာများ (unknown sources) ကapp တွေတင်သုံးမယ်ဆိုလျှင်malware များဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့Unknown sources များမှapps များတင် သုံးနိုင်ရန် သင့်ရဲ့iOS devices များကိုjailbreak လုပ်ဖို့လိုအပ်သလိုandroid အတွက် ဆိုလျှင်လည်းroot လုပ်ဖို့လိုအပ်ပါတယ်။ဒီလိုလုပ်ပြီးအခြားthird-party app stores များမှapps များကိုတင်သုံးပါကသင့်ရဲ့ဖုန်းအတွင်းထိုးဖောက် ၀င်ရောက်မှုအန္တရာယ်များကျရောက်နိုင်မှာဖြစ်တဲ့အတွက် ဖြစ်နိုင်လျှင် သင့်ရဲ့ဖုန်းကိုroot မလုပ်၊jailbreak မလုပ်ဘဲofficial app store မှapps and services များကိုသာအသုံးပြုပါကဗိုင်းရပ်စ်များဝင်ရောက်မှုမှ အလိုအလျောက် တားဆီးထားပြီးသားဖြစ်မှာပါ။
(၇) Public Network များကိုမသုံးပါနှင့်
အခြားသောသူများကသင့်ရဲ့device သို့မဟုတ်data များကိုaccess လုပ်နိုင် တဲ့နည်းလမ်းတစ်ခုကတော့လုံခြုံစိတ်ချရမှုမရှိသောWi-Fi network များပဲဖြစ်ပါတယ်။ ကော်ဖီဆိုင်၊ပန်းခြံ၊ လေဆိပ်အစရှိသောPublic Wi-Fi network များဟာသင့်ရဲ့အချက်အလက်တွေကိုလွယ်ကူစွာခိုးယူနိုင်တဲ့ နေရာတွေပဲဖြစ်တဲ့အတွက်Wi-Fi free ရလို့အဆိုပါနေရာများမှာအသုံးပြုလျှင် တောင်အရေးကြီးအချက်အလက်များပါဝင်တဲ့သုံးစွဲမှုတွေကိုမသုံးသင့် ပါဘူး။ဥပမာemail သုံးတာ၊ဘဏ်နဲ့သက်ဆိုင်တာတွေအသုံးပြုတာ၊ ဈေးဝယ်တာ စတာတွေကိုမလုပ်ဆောင်သင့်ပါဘူး။4Gစနစ်မှာတော့ပိုမိုလုံခြုံမှုရှိပါတယ်။ သင့်ရဲ့အိမ်တွင်းbroadband လိုင်းကနေWi-Fi လွှင့်ပြီးသုံးတဲ့အခါလုံခြုံမှု ရှိနိုင်စေဖို့password ခံပြီးWPA2 ကဲ့သို့လုံခြုံမှုရှိသောencryption စနစ် များကိုအသုံးပြုသင့်ပါတယ်။အများစုသောrouters တွေမှာတော့ယင်းကဲ့သို့ လုပ်ဆောင်ထားနိုင်သောstandard security option များပါဝင်ပါတယ်။
(၈) ဆက်သွယ်မှုများလုပ်ဆောင်သည့်အခါencrypt လုပ်၍သုံးပါ
အကယ်၍သင်ဟာလုံခြုံရေးနဲ့ပတ်သက်ပြီးအမှန်တကယ်ပဲဂရုစိုက်ပါက သင့်ရဲ့Wi-Fi ကွန်ရက်ကိုencrypt လုပ်ပြီးသုံးရုံမျှမကဘဲသင့်ရဲ့ ဆက်သွယ်မှု တွေမှာလည်းencrypt လုပ်ပြီးသုံးစွဲရမှာဖြစ်ပါတယ်။Messaging apps တွေ ဖြစ်တဲ့iMessage တို့WhatsApp တို့အပါအ၀င်အများစုသောနာမည်ကျော် messaging apps တွေဟာအဆိုပါencrypt လုပ်ထားတဲ့ဝန်ဆောင်မှုကို standard တစ်ခုအဖြစ်ပံ့ပိုးပေးထားကြပါတယ်။Email တွေမှာလည်း အလား တူစွာပဲ encrypt လုပ်ပြီးသုံးနိုင်ပါတယ်။Encrypt လုပ်ဆောင်မှုကိုအထူးပြု ပေးထားတဲ့email app တစ်ခုကတော့ProtonMail ပဲဖြစ်ပြီးအရေးကြီး အချက် အလက်များပို့လွှတ်လေ့ရှိသူများအဖို့data တွေလုံးဝပေါက်ကြားမှုမရှိစေရန် အတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။သင့်ရဲ့messages တွေ၊emails တွေကို encrypt လုပ်ပြီးပို့လွှတ်ခြင်းကအခြားသူများအဖို့ကြားဖြတ် ၀င်ရောက်ပြီး ဖတ်ရှုနိုင်မှာမဟုတ်ပါဘူး။ဒါပေမယ့်လည်းသင့်ရဲ့ဖုန်းကိုယူပြီးကြည့်မယ် ဆိုလျှင်တော့သင့်ရဲ့messages တွေကိုဖတ်ရှုနိုင်မှာဖြစ်တဲ့အတွက် တွဲဖက်ပြီး လုပ်ဆောင်သင့်တာကတော့သင့်ရဲ့messages တွေကိုအမြဲဖျက်ပစ်ဖို့ပါပဲ။ Bleep ဆိုတဲ့app ကတော့သင့်ရဲ့ဆက်သွယ်မှု တွေမှာencrypt လုပ်ပေးရုံ မျှမကmessages များကိုဖတ်ရှုပြီးပါကတစ်ခါတည်းဖျက်ပစ်ပါတယ်။
(၉) သင့်ရဲ့ဖုန်းအားအဝေးတစ်နေရာမှ ခြေရာခံနိုင်အောင်လုပ်ဆောင်ထားပါ
သင့်ရဲ့ဖုန်းဟာ ပျောက်ဆုံးတာ၊ဒါမှမဟုတ်ခိုးယူခံရတဲ့အခါတွေမှာ ဘယ်နေရာမှာရှိသလဲဆိုတာကို ခြေရာခံနိုင်ဖို့အတွက်Android မှာရောiOS မှာပါလုပ်ဆောင်နိုင်ပါတယ်။Android အတွက်ကတော့Android Device Manager website သို့သွားပြီးသော်လည်းကောင်းအဆိုပါapp ကိုတင်ပြီး သော်လည်းကောင်းအသုံးပြုကာသင့်ရဲ့Google account နဲ့log in ၀င်ပြီး ခြေရာခံနိုင်ပါတယ်။အဝေးကနေပြီးတည်နေရာကြည့်ရှုနိုင်သလိုအသံမြည် စေတာ၊lock ချပစ်တာ၊သင့်device ကိုအခြားသူအသုံးမပြုနိုင်အောင်data တွေကိုဖျက်ပစ်တာတွေလုပ်ဆောင်နိုင်ပါတယ်။iOS မှာလည်းအလားတူ စွာပဲလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ကွန်ပျူတာမှာiCloud ကိုlog in ၀င်ပြီး သော်လည်းကောင်း၊Find My iPhone app ကိုသုံး၍သော်လည်းကောင်း သင့်ရဲ့handset ကိုခြေရာခံခြင်း၊Message ဖော်ပြခြင်း၊lock ချခြင်းတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် ရှေးဦးစွာသင့်ရဲ့device မှာiCloud ကိုset up လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။သင့်ရဲ့Apple ID နဲ့log in ၀င်ပြီး iCloud မှတစ်ဆင့်set up လုပ်ထားနိုင်မှာပါ။
(၁၀) လုံခြုံရေးဆော့ဝဲများအသုံးပြုခြင်း
Android Device Managerနှင့်Find My iPhone တို့ကအသုံးတည့်သော ၀န်ဆောင်မှုများဖြစ်ပေမယ့်ပိုမိုလုပ်ဆောင်နိုင်စွမ်းရှိသောအသုံးတည့်apps များစွာလည်းရှိပါသေးတယ်။Prey Anti Theft ဆိုတဲ့apps ဟာAndroid မှာရောiOS မှာပါရရှိနိုင်ပြီးသင့်အနေဖြင့်အဝေးကနေ ရှေ့ဘက်၊ နောက်ဘက် ကင်မရာတွေကဓာတ်ပုံရိုက်နိုင်သလိုဖုန်းကိုsilent လုပ်ထား လျှင်ပင် အချက်ပေးalarm သံမြည်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးapps တွေကသင့်ရဲ့device ကိုခိုးယူနိုင်စေမှုကိုဟန့်တားနိုင်စေမှာမဟုတ်ပေမယ့်သင့်ဖုန်းပြန်လည်ရရှိနိုင်ဖို့အခွင့်အလမ်းကိုပိုမိုရရှိနိုင်စေ မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment