Friday, June 10, 2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿ နာများ " ♫


မေး - အစ်ကိုရေ ကျွန်တော် P-Cloud ကနေ Download ဆွဲနည်းလေး သိချင်လို့ပါ။
ဖြေ - ဟုတ်ကဲ့ပါအစ်ကို။ ဒါဆိုရင်တော့ အစ်ကို့ဆီမှာ P-Cloud Application ရှိဖို့ လိုအပ်ပါတယ်။ P-Cloud တွင် Gmail တစ်ခုနှင့် Register လုပ်ပါ။ ပြီးလျှင် ထို P-Cloud ကို Gmail ထဲတွင် Verify လုပ်ပေးဖို့ လိုအပ်ပါမယ်။ ထို Register လုပ်ထားသော Gmail ကို P-Cloud မှ Verify Email ပို့ပေးပါလိမ့်မယ်။ ဒါက P-Cloud အကောင့်ဖွင့်တာပဲရှိပါသေးတယ်။ P-Cloud အကောင့်ရပြီဆိုလျှင် မိမိ Download ဆွဲချင်သော Website ထဲသို့သွားပါ။ Download ဆွဲချင်သောနေရာသို့ရောက်လျှင် Download And Save to P-Cloud ဟုပေါ်လျှင် Save to P-Cloud ကိုနှိပ်ပေးပါ။ ထို Browser ထဲတွင် မိမိ Register လုပ်ခဲ့သော P-Cloud ကို Sing-in ၀င်ပေးရပါမည်။ ဒါဆိုလျှင် မိမိဖုန်းတွင်ရှိသော P-Cloud Application ထဲသို့ ထို Download Link ရောက်နေပါလိမ့်မည်။ ထို P-Cloud Application ထဲသို့ဝင်ပါ။ မိမိ Download ဆွဲချင်သော Link ကို တစ်ချက်နှိပ်ပေးပါ။ Download ဆွဲနေပါလိမ့်မည်။ Delete / Share / Download ဟု
၃ ခုပေါ်လာလျှင်တော့ Download ကိုနှိပ်ပေးပါ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Mic, Speaker, Earpiece အကုန်မကြားရဘူးဖြစ်နေတယ်။ ဘယ်လိုအခြေအနေဖြစ်နိုင်လဲ။
ဖြေ - ဟုတ်ကဲ့။ ဖုန်းက Mic, Speaker, Earpiece ၃ ခုစလုံးမကြားရရင် ဖုန်းကို Restart ချကြည့်ပါ။ မရရင်တော့ Software ကြောင့်လည်း
ဖြစ်နိုင်တယ်။ Hardware ကြောင့်ဆိုရင်တော့ ဖုန်း Board ပြားမှာပါတဲ့ Power IC ကြောင့်ဖြစ်တာပါ။

 မေး - အစ်ကိုရေ ကျွန်တော့်ရဲ့ဖုန်းလေး Message အ၀င်ပဲရပြီး အထွက်မရတဲ့ ပြဿ နာလေးဖြစ်နေလို့ပါ။ ဘယ်လိုဖြေရှင်းရမလဲ။
ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့ပါ။ ဒါကတော့ အစ်ကို့ဖုန်းရဲ့ Message Center No. မှားနေတဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ထို Message Centre No. ကို
ပြန်ပြင်ပေးလိုက်ရင်အဆင်ပြေပါတယ်။ Message Centre No. ပြောင်းချင်လျှင် Message Icon ထဲသို့ဝင်ပါ။ Menu Key (or) Option Key ကိုနှိပ်ပြီး Message Setting ထဲသို့ဝင်ပါ။ SMS Center No. (or) Message Center No. စသဖြင့် ရေးသားထားသော Text Bar ထဲသို့ ၀င်လိုက်ပါ။ ထိုထဲမှာ Number များကို ဖျက်ထုတ်ပစ်ပါ။ ပြီးလျှင် +9595930003 (သို့) +9595930014 တစ်ခုခုထည့်ပေးလိုက်ပါ။ ပြီးလျှင် ဖုန်းကို Restart ချပေးလိုက်ပါ။ Message အ၀င်အထွက်ရသွားပါလိမ့်မယ်။

 မေး - အစ်ကိုရေ Sim Card တွေ ခဏခဏပြောင်းသုံးနေရင် ဖုန်းအတွက် ဘယ်လိုအခြေအနေဖြစ်နိုင်လဲ။
ဖြေ - ဟုတ်ကဲ့။ Ooredoo, Telenor ကတ်တွေ ခဏခဏပြောင်းသုံးမယ်ဆိုရင် MPT ကတ်ထည့်ရင် Sim မသိတော့တာမျိုးတွေဖြစ်တတ်ပါတယ်။ ဖုန်းမှာ Sim ကတ်တွေ ခဏခဏပြောင်းမသုံးသင့်ပါ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ပါဝါဖွင့်ပြီးသုံးရင် ရတယ်။ ဒါပေမဲ့ အသုံးမလိုလို့ Screen Lock ချလိုက်ပြီး ပြန်ဖွင့်ရင် ပါဝါပြန်တက်မလာတော့ဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့လို Error မျိုးက ဖုန်းကိုအသုံးမပြုတာကြာရင်လည်း
ဖြစ်တတ်ပါတယ်။ နောက်ပြီး Zapya APK အသုံးပြုတာများရင်လည်း
ဖြစ်တတ်ပါတယ်။ နောက် Phone Board ပြားထဲမှာရှိတဲ့ Wi-Fi IC Short ကျရင်လည်းဖြစ်တတ်ပါတယ်။

 မေး - Huawei U8861 ကို Touch ပြားလဲတဲ့အခါ စမ်းတုန်းကတော့ အဆင်ပြေပါတယ်။ ပြန်ပြီးတပ်တဲ့အချိန်ကျရင်တော့ အဆင်မပြေတော့ပါဘူး။ ဘာလို့လဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။
ဖြေ - Huawei ဖုန်းတွေမှာ Touch ပြားလဲတဲ့အချိန်ကျရင်တော့ တစ်ခါတစ်ရံမှာတော့ ဖြစ်တတ်ပါတယ်။ အလုံးတိုင်းလိုလိုတော့ မဟုတ်ပါဘူး။ ဖြစ်ရတဲ့အခြေခံအကြောင်းအရင်းကတော့ Touch ကလစ်မမိတာ လွတ်သွားတာနဲ့လည်း ဆိုင်ပါတယ်။ ပြီးရင် ဘက်ထရီတပ်ပြီး ပါဝါနှိုးပြီးမှ Touch ကလစ်ကိုတပ်တာမျိုးနဲ့လည်း ဆိုင်ပါတယ်။ အကုန်လုံးပြန်ဖြုတ်ပြီးရင်တော့ သေသေချာချာပြန်တပ်ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ။

 မေး - G610 ကိုမှန်ကွဲသွားလို့ ဆိုင်ကိုသွားလဲတဲ့အခါ Touch IC အလုပ်မလုပ်တော့ဘူးပြောပါတယ်။ Touch ပြန်ကောင်းအောင်ရော လုပ်နိုင်မလားသိချင်ပါတယ်။
ဖြေ - တချို့ဖုန်းတွေမှာ လွတ်ကျတဲ့အခါ Touch IC (သို့မဟုတ်) Back Light IC တို့ ထိတတ်ပါတယ်။ တစ်ခါတစ်ရံအပူပေးရုံနဲ့ရနိုင်သလို တစ်ခါတစ်ရံ Jamper ကြိုးနဲ့ကျော်မှ ရနိုင်ပါတယ်။
ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

No comments:

Post a Comment