Wednesday, February 3, 2016

“Unfortunately messaging has stopped” ပြသနာကိုရှင်းနည်း


စမတ်ဖုန်းချစ်သူများအတွက် ဖုန်းကိုအသုံးပြုနေရင်းကနေ
“Unfortunately messaging has stopped” ဆိုပြီးတက်လာခဲ့ရင်
အလွယ်တကူ ဖြေရှင်းနိုင်အောင် ပြန်လည်တင်ပေးလိုက်ပါတယ်။
အခုနောက်ပိုင်း အပြစ်အများဆုံး Error တစ်ခုလို့ပြောရလောက်အောင်
Software ပြစ်ချက်ဖြစ်နေပါတယ်၊ စိတ်ကိုလုံးဝအနှောက်အယှက်ဖြစ်စေပါတယ်။

 ဒီပြစ်ချက်ဟာ message တစ်ခုသာ မဟုတ်ပဲ system ထဲပါဝင်နေတဲ့
တစ်ခြား Apps တွေကတော့ hunderds လို့ပြောလို့ရမယ်ထင်ပါတယ်။
ဒီအတွက် အလွယ်တကူ ဖြေရှင်းနည်းလေးကိုဖေါ်ပြပေးလိုက်ပါတယ်
အောက်မှာလေ့လာကြည့်လိုက်ပါ ပုံတွေတော့ မထည့်နေတာ့ဘူး။
ပြသနာကိုရှင်းနည်း
============
“Unfortunately messaging has stopped” ကိုဖြေရှင်းနိုင်မယ့်
နည်းလမ်းတစ်ခုကတော့ Clear Cache ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အခက်ကြီးတော့မဟုတ်ပါ တစ်ခါလောက်လုပ်ဖူးသွားရင်တော့ ဒီလိုပြသနာ
ကြုံလာတိုင်း ဒီနည်းလမ်းအတိုင်းအလွယ်တကူဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။
၁။ Settings > Applications > Manage Applications ကိုသွားလိုက်ပါ။
၂။ All ဆိုတာကိုဆက်နှိပ်သွားလိုက်ပါ။
၃။ အဆင်မပြေဖြစ်နေတဲ့ Messages ကိုတစ်ချက်နှိပ်လိုက်ပါ။
၎။ “Clear Data and Clear Cache” ကိုတစ်ခုချင်းစီကိုနှိပ်ပေးလိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။
၆။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Messages နဲ့ပတ်သက်ပြီး
ဘာပြသနာ ပြစ်ချက်မှ မရှိနေတော့ပါ အသင့်သုံးဖြစ်နေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment