Sunday, February 28, 2016

♪ “စမတ်ဖုန်းဖြင့်Website ရေးမည်” ♫


Website တကယ်တမ်းရေးသည့်အခါယခင်ကဆိုလျှင်HTML နှင့်CSS တို့ကို
နားလည်ရန်လိုသည်။သာမန်လူတစ်ယောက်HTML သုံး၍Website ရေးတတ်
ရန်နှစ်ပတ်ခန့်လေ့ကျင့်ယူရမည်။ယင်းနောက်ပိုင်းတွင်မူမည်သည့်ကွန်ပျူ

တာဘာသာစကားမှသိစရာတတ်စရာမလိုတော့ဘဲWebsite အသင့်ရေး နိုင်သည့်tool
များပေါ်လာသည်။WYSWYG (What you see is what you Get)
ဟုခေါ်သောစနစ်ဖြစ်သည်။ယင်းစနစ်သည်လွန်ခဲ့သည့်ငါးနှစ်ခန့်က
အထိကွန်ပျူတာများပေါ်တွင်သာသုံး၍ရခဲ့သည်။ယခုမူAndroid တက်ဘလက်
များနှင့်စမတ်ဖုန်းများပေါ်မှနေ၍Website ရေးနိုင်သောစနစ်
ရောက်ရှိလာပါပြီ။Androidစမတ်ဖုန်းပေါ် မှနေ၍Website ရေးခွင့်ရစေ
သောappမှာWeeblyဟုခေါ်သည်။အခမဲ့ရနိုင်သောapp ဖြစ်သည်။Website
တစ်ခုအပီအပြင်ရေးနိုင်စွမ်းပေးသောappမျိုးPlaystoreပေါ်တွင်များများစားစားမရှိပါ။Website
ရေး ရန်သုံးနိုင်ပါသည်ဟုဆိုသောappအတော်များများမှာ
အရွယ်အစားကြီးပြီးလုပ်ရကိုင်ရခက်ပါသည်။ကျေးဇူးတင်စရာကောင်းသည်မှာWeeblyသည်လုပ်စရာကိုင် စရာအတော်များများကိုဇာမချဲ့ဘဲရိုးရိုးရှင်းရှင်းလုပ်ကိုင်ခွင့်ပေးခြင်းဖြစ်သည်။ယင်းappသည်မိမိ၏
Website ကိုမိမိ
နှစ်သက်သည့်အသွင်အပြင်မျိုးနှင့်ခံစားမှုမျိုးရအောင်စိတ်ကြိုက် လုပ်နိုင်
သည့် option များစွာထည့်သွင်းပေးထားပါသည်။Website အလွယ်ရေးလိုသူ
အတော်များများမှာHTML နှင့်CSS လေ့လာရန်အချိန်မရှိသဖြင့်အမြင်နှင့်
တော်သလိုရေးသော Website တို့သည်အမှန်တကယ်တတ်သူ အကြမ်းထည် မှ စ၍ရေးသောWebsite
လောက်မကောင်း။ထို့ကြောင့်စိတ်ကြိုက်ပြုပြင် စရာoption
များထည့်ပေးလိုက်ခြင်းကအဆင်ပြေမှုရှိစေပါသည်။
Website
ရေးဖူးသည့်အတွေ့အကြုံလည်းမရှိ၊အတတ်ပညာလည်းမရှိခဲ့ သဖြင့်
အားငယ်စရာမလိုပါ။အလယ်အလတ်တန်းစမတ်ဖုန်းတစ်လုံးရှိ
မည်။အချိန်နာရီဝက်ခန့်ပေးနိုင်မည်ဆိုလျှင်အတော်အသင့်အနေအထား Website
တစ်ခုရေးနိုင်ပါပြီ။ပထမဆုံးWeeblyကိုGoogle play store ပေါ်တက်၍download
ဆွဲချပါမည်။Mobogeneနှင့်One mobile website
များတွင်လည်းရနိုင်ပါသည်။Version တစ်ဆင့်နိမ့်ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါ
သည်။Weeblyကအခမဲ့ဖြစ်သည့်အပြင်install လုပ်ရန်အတွက်လည်းအချိန် များများ
မယူပါ။Weeblyအသုံးပြုခြင်းနှင့်ပတ်သက်၍ အကြံပြုစရာ တစ်ချက်
ရှိပါသည်။ယင်းမှာတတ်နိုင်သမျှအရွယ်အစားကြီးသောစမတ်ဖုန်း (အနည်း ဆုံး
၅.၅လက်မ) ကိုသုံးရန်ဖြစ်ပါသည်။တက်ဘလက်သုံးလျှင်ပိုကောင်း ပါသည်။
သို့မှသာမိမိရေးသောWebsite ကိုလှည့်ပတ်ကြည့်ရှုရန်ပို၍အဆင်
ပြေပါမည်။WeeblyကိုPlay Store မှာတိုက်ရိုက်install လုပ်ပေးသည်ဖြစ်၍
လုပ်ငန်းစဉ်ပြီးလျှင်ယင်းကိုဖွင့်ပါ။လုပ်ငန်းစဉ်စရန်အသင့်ဖြစ်ပါမည်။

Websiteတစ်ခုမရေးမီဦးစွာaccount တစ်ခုပြုလုပ်ရန်လိုပါသည်။ယင်း account
အသစ်ကိုFacebook account သို့မဟုတ်Google account (Gmail account)
သုံး၍sign in ၀င်နိုင်ပါသည်။ဘာတစ်ခုမှမရှိလျှင်create a new account
မှစရပါမည်။အွန်လိုင်းaccount အတွက်တောင်းသမျှအချက်
အားလုံးမှာမည်သည့်Website အတွက်မဆိုအတူတူနီးပါးဖြစ်ပါသည်။
ထို့ကြောင့်မိမိအတွက်အဆင်ပြေမည့်ပုံစံတစ်ခုအသေပြုစုထားပြီးယင်း
အတိုင်းသုံးသွားပါ။အကယ်၍Facebook သို့မဟုတ် Google account
သုံးသည်ဟုဆိုလျှင်မိမိ၏profile အချို့အားWeeblyကရယူအသုံးပြုခွင့်ပေးရ
ပါမည်။ယင်းကိုလက်ခံနိုင်မည်ဟုဆိုလျှင်agree ဟုခေါ်သောနေရာကို တစ်ချက်
ခေါက်ပြီးရှေ့ဆက်နိုင်သည်။လက်မခံနိုင်ဟုဆိုလျှင်Weebly အတွက်
သီးခြားProfile ဖြင့်သီးခြားaccount လုပ်ခြင်းကပို၍အဆင်ပြေ ပါမည်။

account အသစ်တစ်ခုကိုစတင်အသုံး ပြုနိုင်ရန်အတွက် (အင်တာနက်
လိုင်းကောင်းလျှင်) စက္ကန့်အနည်းငယ်သာကြာပါမည်။Signin ဖြင့် မိမိ၏ Weebly
account ထံသို့ဝင်ပြီးပြီဆိုလျှင်အလွန်ပျော်စရာကောင်းသော Website
ဖန်တီးခြင်းအလုပ်ကိုစတင်နိုင်ပါပြီ။Website တစ်ခုစတင်ရန် အတွက်ပထမဆုံးTheme
တစ်ခုကိုရွေးရပါမည်။Theme သည်မိမိWebsite
အတွက်အမာခံအသက်သွေးကြောဖြစ်သည်။ထို့ကြောင့်မိမိတင်ပြလိုသည့်အကြောင်းအရာပေါ်မူတည်ပြီး ဆီလျော်ညီညွတ်မည့်Theme
ကိုရွေးရပါမည်။ ရွေးပြီးနောက်ပိုင်း
ပြုပြင်လိုသည်များရှိခဲ့လျှင်လည်းမိမိ၏လိုအပ်ချက်ကို လိုက်၍
ရှုထောင့်ပေါင်းစုံမှ ပြုပြင်နိုင်စွမ်းရှိပါသည်။ယင်း၏ နောက်တစ်ဆင့်
မှာTemplate ဖန်တီးသည့်အဆင့်ဖြစ်သည်။သင့်တင့်လျှောက်ပတ်သော
အင်တာနက်အမြန်နှုန်းရှိနေလျှင်မိမိ၏Webisteအတွက်Weeblyက
Template
တစ်ခုဖန်တီးပေးရန်တစ်မိနစ်ကျော်ကျော်သာအချိန်ယူပါသည်။
Webisteတွင်ပေါ်စေလိုသောစာသားတစ်စုံတစ်ရာရှိပါကWeeblyသို့အီးမေးလ်ဖြင့်စာပို့နိုင်သည်။သို့တည်း မဟုတ်ဖုန်းပေါ်မှWeebly
app ကိုဖွင့်ပြီး
နောင်လိုလျှင်ကိုးကားသုံးနိုင်ရန်ယင်းစာသားကိုရေးကာSaveလုပ်ထားနိုင်
သည်။မိမိအလိုရှိသောTemplate တစ်ခုဖန်တီးပြီးသည့်အခါယင်းထဲရှိ အရာ
များမည်သို့မည်ပုံအလုပ်လုပ်မည်ဟူသောသဲလွန်စကိုWeeblyကပေးပါမည်။Weeblyကဦးစွာပေးမည်မှာ အခြေခံအဆင့်user
interface ဖြစ်ပါသည်။ ယင်းထဲတွင်website
တစ်ခုပြုလုပ်ရန်အခြေခံလိုအပ်မည့်အချက်အလက် အားလုံး
ပြည့်စုံစွာပါဝင်ပါသည်။Head line box နေရာတွင်နှစ်ချက်ခေါက်ပြီး
မိမိထည့်သွင်းလိုသောHead line ကိုထည့်သွင်းပေးပါ။ယင်းအလုပ်ကိုtext editor
ဖွင့်ပြီး ပြုလုပ်ပေးရပါမည်။

သတိထားရမည့်အချက်တစ်ခုမှာမတူညီသောTemplate အမျိုးမျိုး အတွက် edit
လုပ်နိုင်သောရှုထောင့်များလည်းကွဲလွဲမည်ဖြစ်ရာTemplate တစ်မျိုး တွင်
ပြုလုပ်နိုင်သမျှအရာတိုင်းသည်ကျန်သည့်Template များတွင်ပြုလုပ်၍
ရချင်မှရမည်ဆိုသည့်အချက်ဖြစ်သည်။headline အတွက်စာသားကို
ပြောင်းလဲသည့်နည်းလမ်းအတိုင်းbuttom text ကိုနှိပ်ပြီးheader အတွက်
ထပ်မံဖြည့်သွင်းလိုသည့်စာသားများရှိလျှင်ထပ်မံဖြည့်သွင်းနိုင်သည်။
Text
editorကိုသုံး၍link များ ပြုလုပ်သည့်အခါမိမိ၏webisteအတွင်းရှိpage
များအားlink ချိတ်ပေးသလို ပြင်ပရှိwebisteများနှင့်လည်းlink ချိတ်ပေးနိုင်
သည်။ ပြင်ပwebsite များနှင့်link ချိတ်မည်ဆိုလျှင်editor ထဲ၌မိမိချိတ်လို
သည့် webisteလိပ်စာကိုထည့်ပေးလိုက်ပါ။ကျန်သည့်အပိုင်းကိုweeblyက
သူ့ဘာသာပြုလုပ်ပေးသွားပါလိမ့်မည်။မိမိ၏websiteအတွင်းရှိpageများကို

link ချိတ်ပေးရန်အတွက်မိမိချိတ်လိုသောpage ကိုရွေးချယ်ပေးရုံသာ
ရှိပါသည်။Header ကိုမိမိစိတ်ကြိုက်ဖန်တီးပြီးသောအခါယင်းအောက်မှbody text
ဖန်တီးရမည့်အချိန်ရောက်လာပါပြီ။ +icon ကိုတစ်ချက်နှိပ်ပါ။ မိမိ၏ page
အတွင်းထည့်သွင်း၍ရနိုင်သည့်element များကိုလာ၍ဖော်ပြပေး ပါမည်။
အချို့အရာများမှာအခကြေးငွေပေး၍၀ယ်ယူအသုံးပြုရမည်
ဖြစ်သော်လည်းကြည့်ပျော်ရှုပျော်website တစ်ခုဖြစ်ရန်အခမဲ့ပေးထားသော element
လည်းအတော်များများရှိပါသည်။မိမိရွေးချယ်သောtemplate အပေါ်မူတည်ပြီးမိမိ၏site
အတွင်းထည့်သွင်းနိုင်မည့်content များအတွက် parameter
များသတ်မှတ်ပေးထားပါသည်။
Theme အပေါ်မူတည်ပြီးထည့်သွင်းနိုင်မည့်font
အပါအ၀င်အခြားသော
အရာများကွဲလွဲမှုမရှိနိုင်ပါ။မိမိထည့်ပြီးသောစာသားနေရာတွင်အခြားသော
စာသားများထည့်သွင်းနိုင်ရန်အတွက်မိမိပြင်လိုသောနေရာရှိစာသားများကို drag
ဆွဲပြီးselect လုပ်ပါ။text icon ကိုနှိပ်ပြီးစာသားများကိုပြောင်းလဲပါ။ drag
and drop သည်weebly၏အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်သည်။
+menu
ကိုနှိပ်ပြီးမိမိထည့်သွင်းလိုသောအရာကိုရွေးချယ်ပါ။ ယင်းနောက် page
အတွင်းမိမိထားလိုသောနေရာ၌ယင်းကိုထားလိုက်ပါ။ဥပမာပြရမည် ဆိုလျှင်image box
ကိုdrag ဖိပြီးဆွဲပါ။မိမိပြလိုသောနေရာတွင် ယင်းပုံရိပ် ကိုထားပြီးdrop
ချလိုက်ပါ။သို့သော်drag and drop လုပ်ငန်းစဉ်အတွက်
ရွေးချယ်ခွင့်ပေးထားခြင်းမျိုးရှိနိုင်ပါသည်။Website တစ်ခုကိုစတင်နိုင်ရန်
အတွက်မတူညီသောpage သုံးမျိုးရရှိပါမည်။ယင်းpage တစ်ခုစီကိုedit
လုပ်ရန်လိုကောင်းလိုနိုင်သည်။screen ၏ထိပ်ဘက်ပိုင်းတွင်ရှိသောpage icon
ကိုခေါက်ပြီးpage အသစ်များထည့်သွင်းနိုင်သည်။အလားတူပင် မိမိ၏page
အမည်များကိုပြောင်းလဲနိုင်သည်။ယင်းpage တို့သည်drop-down menu
တစ်ခုကိုသုံးပြီးအချင်းချင်းအလိုအလျောက်ချိတ်ဆက် ထားပါသည်။website
အတွက်လိုအပ်သည်များကို ဖြည့်သွင်းပြီးပြီ ဆိုသည့် အခါscreen
၏အပေါ်ဘက်တွင်မြင်နေရသောpreview button ကိုတစ်ချက် ခေါက်ပြီးwebsite
၏အပြင်အဆင်ကိုကြည့်ပါ။ယင်းwebsite သည်Desktop
ကွန်ပျူတာပေါ်တွင်မည်သို့မြင်ရမည်ကိုလည်းကောင်း၊ mobile device
ပေါ်တွင်မည်သို့မြင်ရမည်ကိုလည်းကောင်း ပြသပေး ပါမည်။မျက်စိရှေ့တွင်
မြင်ရသည့်အပြင်အဆင်အားလုံးကိုကြိုက်ပြီဆိုလျှင်publish button ကိုနှိပ်ပြီး
အွန်လိုင်းတင်နိုင်သည်။အခမဲ့အွန်လိုင်းတင်ခွင့်ရှိသည့်အပြင်website လိပ်စာ
(URL) တစ်ခုကိုပါဖန်တီးပေးခြင်းမှာWeebly၏ချစ်စရာစွမ်းဆောင်ရည် ဖြစ်ပါသည်။
ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

No comments:

Post a Comment