Thursday, February 18, 2016

Lenovo A7000 -a -V5.0 ကို Root ဖောက်ပြီး မြန်မာစာ ထည့်သွင်းနည်း




Root ဖောက်ရခက်နေတဲ့ Lenovo A7000 -a -V5.0 ကို  Root ဖောက်ပြီး မြန်မာစာထည့်သွင်းနည်း ကို တင်ပေးလိုက်ပါတယ်ဗျာ။ဒီပိုစ်လေးက ထိုင်းရောက်လူငယ်များ ကျနော်ဆီမှာ တောင်းဆိုမူ အများဆုံး ပိုစ်လေးပါ ကျနော်လည်း အလုပ်မအားတာနဲ့ အသေးစိတ် ရှင်းပြလို့ မတင်ဖြစ်ခဲ့တာ ကြာပါပြီ။
ကျန်ရှိနေတဲ့ Root ဖောက်ရခက်ဖုန်းတွေကိုလည်း ကျနော် အားရင်ဖြင့် တင်ပေးသွားမှာပါဗျာ။
သူငယ်ချင်းတွေ တောင်းဆိုထားကြတဲ့ ပို့စ်တွေကလည်း ကျနော်မှာ အကြွေးတင်နေတာ အများကြီးပါ ။
နားလည်ပေးကြဖို့  တောင်းဆိုပါရစေ အားရင် အားသလို့ တင်ပေးသွားမှာပါဗျာ။
ခုလည်း ဒီပိုစ့်လေးကို ကျနော်ဆီမှာ တောင်းဆိုသူအရေအတွက် ( ၇)ယောက်ရှိသွားပြီ တင်ပေးမယ့်သာ သူငယ်ချင်းတွေကို ပါးစပ်နဲ့ ဖြေသိမ့်ပေးကြတာ ကြာပါပြီ.. ခုလို့ တင်တာ နောက်ကျသွားလို့  ကြိုတင် တောင်းဆိုပါရစေ။
အရင်ဆုံး   Lenovo A7000 -a -V 5.0 ကို  Root ဖောက်နည်းကို ရှင်းပြပေးသွားမယ်ဗျာ။
Lenovo A7000 -a  Root  ရန်အတွက် USB Driver မရှိသေးရင်တော့အောက်ကလင့်မှာ
ဒေါင်းလော့ရယူပြီး  မိမိကွန်ပျူတာမှာ Install အရင် ပြုလုပ်ထားလိုက်ပါ။

Root ပြုလုပ်ရန်အတွက်Lenovo A7000 -a Root Tool ကိုအောက်ကလင့်များမှာဒေါင်းလော့ရယူလိုက်ပါ။


ဒေါင်းလို့ ရလာတဲ့Tool Zip ဖိုင်ကိုဖြေလိုက်ပါ၊ ဖုန်းမှာ USB Debugging ကို One ပေးထားပါ။
ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။ ဖုန်းကိုကွန်ပျူတာကသိပြီဆိုရင်တော့၊Tool ဖိုင်ထဲ့က  Run ဆိုတာ ကို နှိပ်ပေးလိုက်ပါ။ အောက်ပါပုံကိုကြည့်ပါ။


အောက်က ဘောက်လေး တက်လာရင် ကီးဘုတ်မှ Enter  ခနစောင့်နေလိုက်ပါ Rooting process ပြုလုပ်နေပါတယ်။


အားလုံးပြီးသွားရင်တော့ ဖုန်းက  Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Superuser ရရှိနေပါပြီ။



ပြီးရင်တော့ Root checker Apk ကို ဒေါင်းပြီး  Root စစ်ကြည့်လိုက်ပါ။  တစ်ကယ်လို့ Root checker လို့ Root  ထောက်ခံချက် မရဘူးဆိုရင်တော Kingroot Apk ကို ဒေါင်းပြီး နောက်တစ်ခေါက်
Root ပြုလုပ်ရပါမယ် အဆင်မပြေတဲ့ အလုံးတွေအတွက်ပါ။




မြန်မာစာ ထည့်သွင်းဖို့ကတော့ Lollipop 5.1.1, 5.1, 5.0.2 တွေမှာ  မြန်မာစာမှန်စေတဲ့ Zawgyi Installer (Root) Apk လေးနဲ့ပဲ  လုံးဝအဆင်ပြေပါတယ်။


Zawgyi Installer (Root) Apk ထဲ့ကို ဝင်ပြီး Check for Root Access ဆိုတာကို
 အရင်နှိပ်ပေးလိုက်ပါ။

ပြီးရင်တော့ SuperSu ကို တောင်းရင် Allow ကိုသာ နှိပ်ပေးလိုက်ပါ။

ဒီမှာအဆင့်မှာတော့ မိမိနှစ်သက်ရာ ဖောက်ဒီဇိုင်းကို ရွေးချယ်ပြီး ထည့်သွားနိုင်ပါတယ်။

နှစ်သက်ရာ ဖောက်ကိုေ၇ွးချယ်ပြီးရင်တော့ Exit and Reboot Phone ဆိုတာ နှိပ်လိုက်ပါ.... 
ဖုန်းက  Reboot ကျသွားပါလိမ့်မယ်။

 ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ မြန်မာစာ လုံးဝ မှန်ကန်စွာ တွေ့ရပါပြီ။ Keyboard  မရှိသေးရင် အောက်မှာ ဒေါင်းယူပြီးထည့်သွင်းနိုင်ပါတယ်။



ဒီလောက်ဆို တောင်းဆိုထားကြတဲ့ သူငယ်ချင်းတွေရော လိုအပ်တဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ်မယ့်လို့ မျှော်လင့်ပါတယ်ဗျာ။

ကျနော်တင်သမျှ  Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> လင်း နည်းပညာ page ကို    Like လုပ်ထားပေးပါ.  ကျေးဇူးတင်ပါတယ်။

     အဆင်ပြေကြပါစေ။

No comments:

Post a Comment