Google ၏ Android Wear OS တွင် အသံအမိန့်ဖြင့် ဖုန်းခေါ်ဆိုနိုင်ခြင်း၊
လက်လှုပ်ရှားမှုဖြင့် အလုပ်လုပ်များ လုပ်ဆောင်နိုင်ခြင်း စသည့်
စွမ်းဆောင်ချက်များ ပါရှိလာပါသည်။ ထို့အတွက် စမတ်နာရီ၏ မျက်နှာပြင်ကို
လက်ဖြင့် ထိတွေ့အသုံးပြုရခြင်းထက် ပိုမိုဆန်းသစ်သည့် အတွေ့အကြုံများကို
ခံစားရမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုခြင်းအပြင် အသံအမိန့်ဖြင့် Messages များ
ပေးပို့နိုင်မည်ဖြစ်သည်။
ယခင်နှစ် နိုဝင်ဘာလတွင် လက်ကောက်ဝတ်ကို လှုပ်ရှားခြင်းဖြင့် အလုပ်များ ပြုလုပ်နိုင်သည့် စွမ်းဆောင်ချက်ကို Android Wear အတွက် Update ထည့်သွင်းပေးခဲ့ပါသည်။ စမတ်နာရီတွင် Navigate ပြုလုပ်ရန် လက်ကောက်ဝတ်ကို လှုပ်ရှားနိုင်မည်ဖြစ်သည်။ စမတ်နာရီ အများစုတွင် လက်ကောက်ဝတ်လှုပ်ရှားမှုဖြင့် အလုပ်လုပ်သည့် စွမ်းဆောင်ချက်ကို Default အားဖြင့် Enable ပြုလုပ်ပေးထားပါသည်။
ယခု Update အသစ်တွင် Gestures အသစ်များဖြင့် နာရီတွင် Navigate ပြုလုပ်နိုင်ပြီဖြစ်သည်။ Google Hangouts , Viber, WeChat , WhatsApp တို့ကဲ့သို့ Apps များမှလည်း အသံဖြင့် Messages များ ပေးပို့နိုင်ပြီဖြစ်သည်။ အသံဖြင့် Message ပို့ရန် “ OK Google “ ဟု ရွတ်ဆိုခြင်းဖြင့် Google Now ကို Activate လုပ်ရမည်ဖြစ်သည်။ ထို့နောက်တွင် “ Send a WhatsApp message to Stu: I’ll be there soon.” ဟု ပြောရမည်ဖြစ်သည်။
Credit to ==> Myanmar Digital Life Journal

www.pyaephyo.com
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment