လက်ရှိ ကမ္ဘာပေါ်မှာ Android ဖုန်းသုံးစွဲမှုက ၉၀ရာခိုင်နှုန်းနဲ့
အများဆုံးဖြစ်ပါတယ်။ ဒီလိုအများဆုံးဖြစ်ရတဲ့အကြောင်းအရင်းတွေက အထဲက OS
စနစ်က ထည့်သွင်းရလွယ်ကူပြန့်ပွားအောင် လုပ်ထားတာရယ်၊ သုံးစွဲရလွယ်ကူတာရယ်၊
ဖုန်းတော်တော်များများကိုလွယ်လွယ်ကူကူ ထည့်သွင်းအသုံးပြုနိုင်တာရယ်
စတဲ့စတဲ့ အချက်အလက်တွေ များစွာကြောင့်ဖြစ်ပါတယ်။ သင့်မှာ ဈေးပေါပေါ
Android ဖုန်းတစ်လုံးရှိနေရင်တောင်မှ ကမ္ဘာကြီးနဲ့
အဆက်အသွယ်တွေမပြတ်နိုင်တော့ပါဘူး။ အဲ့ဒီလောက်ထိ Android ရဲ့ စွမ်းပကားက
ကြီးမားပါတယ်။ ဒါပေမယ့် Android ဖုန်းတွေက စက်တွေဟန်းတာ၊ ကြောင်တာ
စသည်ဖြင့် ဖြစ်ကြတာတွေလည်း ရှိပါတယ်။ ဒါကတော့ Android ပစ္စည်းတွေရဲ့
ချွင်းချက်ပေါ့။ ဒါပေမယ့် သင့်Android ဖုန်းကို
မြန်မြန်ဆန်ဆန်သွက်သွက်လက်လက် ဖြစ်အောင်လုပ်လို့ ရတယ်ဆိုရင်တော့ သင့်အနေနဲ့
ဝမ်းသာလို့ရပါပြီ။ ဒီအချက်လေးတွေကသင့်ဖုန်းရဲ့ ကျန်းမာရေးကို
စောင့်ရှောက်ပေးပါလိမ့်မယ်။
၁) သင့်ပစ္စည်းကိုသိပါ
အဓိကကတော့ သင့်ဖုန်းရဲ့ လုပ်နိုင်စွမ်းနဲ့ အားနည်းချွတ်ယွင်းချက်တွေကို သိနေဖို့ပါပဲ။ သင့်ဖုန်းက မတတ်နိုင်တဲ့ မလုပ်ဆောင်နိုင်တဲ့ App ကြီးကြီးမားမားတွေကို မထည့်ပါနဲ့။ Android ဖုန်းတွေရဲ့ လုပ်ဆောင်နိုင်မှုတွေက ဖုန်းအမျိုးအစားပေါ်လိုက်ပြီး ကွာခြားချက်ရှိလို့ပါပဲ။
၂) သင့် Android ကိုအဆင့်မြှင့်ပါ (Update)
သင့်အနေနဲ့ သင့် Android ဖုန်းကိုနောက်ဆုံးပေါ် Firmware စနစ်ကိုထည့်သွင်းထားသင့်ပါတယ်။ Google ဟာ ထုတ်ပြန်တဲ့ Android စနစ်တိုင်းမှာ တိုးတက်ပြောင်းလဲမှုကြီးကြီးမားမားတွေ ယူဆောင်လာတတ်ပါတယ်။ တည်ငြိမ်မှု၊ ပိုမိုမြင့်မားတဲ့ လုပ်ဆောင်မှု၊ အမြန်နှုန်းနဲ့ ဆက်သွယ်နိုင်စွမ်း စသည်ဖြင့်ပေါ့။ တက်ဘလက်တွေလည်း ယခုအခါမှာ ICS နဲ့ Marshmallow တွေလည်း ယခုအခါမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။
၃) မလိုအပ်တဲ့ App တွေကို ဖယ်ထုတ်ပစ်ပါသင့်ဖုန်းထဲကို Install လုပ်လိုက်တဲ့ App အားလုံးဟာ နေရာအနည်းနဲ့အများ၊
နောက်ခံလုပ်ဆောင်ချက်အနည်းနဲ့အများ တော့ယူသွားကြတာချည်းပါပဲ။ သိမ်းဆည်းတဲ့
Storage များလေလေ၊ နောက်ခံလုပ်ဆောင်ချက်တွေများလေလေ သင့်ဖုန်းလုပ်ဆောင်ချက်
(Performance) တွေနှေးကွေးလေလေပါပဲ။ ဒါကြောင့်သင်သုံးခဲတဲ့ App တွေကို
Install မလုပ်ထားပါနဲ့၊ သင်တကယ်ကို လိုအပ်ပြီး သုံးနေတဲ့ App တွေကိုသာ
တပ်ဆင်ထားပါ။ တကယ်လို့ သင်တကယ်ကိုအသုံးမပြုတာသေချာနေတဲ့ App
တွေရှိတယ်ဆိုရင် သင့်အနေနဲ့ အဲ့ဒါကို Uninstall ဒါမှမဟုတ် Disable
လုပ်လိုက်လို့ ရပါတယ်။ အဲတစ်ခုတော့ရှိပါတယ်။ သင်သုံးခဲပေမယ့်
အရေးတကြီးလိုအပ်တတ်တဲ့ (Directory လို App) မျိုးကိုတော့ Uninstall
မလုပ်ပစ်ပါနဲ့။

၎) မလိုတဲ့ App တွေ Disable ပြုလုပ်ခြင်း“Performance Assistance” ကို သင်မလိုအပ်တော့တဲ့ App တွေကို Disable
ပြုလုပ်ဖို့အတွက် မိတ်ဆက်ထားပါတယ်။ သင် Disable လုပ်လိုက်တဲ့ App တွေဟာ
သင့် Home စခရင်နဲ့ နောက်ခံ App Tray တွေမှာ ပြတော့မှာမဟုတ်ပါဘူး။ ဒါပေမယ့်
သင့်အနေနဲ့ ပြန်လည်ပြီးတော့ သင်ပြန်လည်အလိုရှိတဲ့အခါကျရင် Re-enable
ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။

၅) App တွေကို Update လုပ်ပါသင့်အနေနဲ့ Google Play Store ကနေပြီးတော့ သင့်ဖုန်းထဲမှာ တပ်ဆင်ထားတဲ့
App တွေကို ပုံမှန် Update လုပ်ပေးသင့်ပါတယ်။ အသစ်ထွက် Update App Version
အသစ်တွေမှာ Developer တွေက Error တွေနဲ့ Feature အသစ်တွေကို
ပြင်ဆင်ပြီးထည့်ထားနိုင်လို့ပဲ ဖြစ်ပါတယ်။ Update App တွေဟာ
ပိုမိုကောင်းမွန်ပြီး ပိုမိုမြန်ဆန်တတ်ပါတယ်။ သင့်ရဲ့ဖုန်းကို
ပျက်စီးနိုင်စွမ်းလည်း ပိုမိုလျော့နည်းသွား ပါတယ်။

၆) အမြန်နှုန်းမြင့်မားတဲ့ Memory ကဒ်ကို အသုံးပြုပါမမ်မိုရီကဒ်က သင့်ဖုန်းရဲ့ အပိုသိမ်းဆည်းနိုင်စွမ်းတစ်ခုပါပဲ။
ဖုန်းတွေမှာက နိမ့်ပါးတဲ့ မမ်မိုရီပမာဏသာပါဝင်ခဲ့ရင် ပမာဏများများဆံ့တဲ့
မမ်မိုရီကတ်နဲ့ သင့်ဖုန်းရဲ့အများဆုံးသိမ်းဆည်းမှုပမာဏကို
မြှင့်တင်နိုင်ပါတယ်။ ဒါပေမယ့်တစ်ခုပြောချင်တာက ပမာဏသာမက မြန်နှုန်းကလည်း
အများဆုံးရှိနေဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ သင့်ဖုန်းမမ်မိုရီ
အကောင်းဆုံးစွမ်းဆောင်ချက် ကိုလိုချင်တယ်ဆိုရင် Class 6 ဒါမှမဟုတ် Class 10
အမျိုးအစားတွေကသာ အကောင်းဆုံးဖြစ်ပါတယ်။

၇) Widgets တွေနည်းနိုင်သမျှနည်းပါစေWidgets တွေက App တွေမဟုတ်ပါဘူး။ သင်အဲ့ဒါတွေကို Active လုပ်ထားမှသာ
အလုပ်လုပ်နေမှာဖြစ်ပါတယ်။ Widgets တွေက နောက်ခံ (Background) မှာတော့
အမြဲတမ်းအလုပ်လုပ်နေပါတယ်။ Widgets တွေက Android အသုံးပြုသူတွေကို
ရာသီဥတုအခြေအနေတွေနဲ့ အရေးကြီးနေ့စွဲတွေ၊ Wi-Fi ဖွင့်ပိတ်လုပ်တာတွေ၊ Data
ဖွင့်ပိတ်လုပ်တာတွေ၊ Bluetooth နဲ့ GPS ဖွင့်ပိတ်လုပ်တာတွေကို
ကူညီပေးပါတယ်။ ဒါပေမယ့် သင့်ဖုန်းမှာ Widgets တွေများနေတာ ကတော့
သင့်စက်ကိုလေးစေတဲ့ အကြောင်းအရင်းတစ်ခုထဲမှာ အပါအဝင်ပါပဲ။

၈) သက်ဝင် Wallpaper (Live Wallpaper) တွေရှောင်ပါသင့်အနေနဲ့ Live Wallpaper Feature တွေကို သင့်အနေနဲ့
လုံးဝရှောင်သင့်ပါတယ်။ စမတ်ဖုန်းတွေဟာ မတူညီတဲ့
ထုတ်လုပ်သူတွေဆီကနေလာတာဖြစ်ပြီး Wallpaper တွေကလည်း မတူညီတဲ့
ထုတ်လုပ်သူတွေကနေလာတာပါ။ ဆိုးဝါးတာက Live Wallpaper တွေဟာ သင့်ဖုန်း CPU
ပုံမှန်လည်ပတ်အလုပ်လုပ်မှုကို ဆိုးဆိုးဝါးဝါး အနှောင့်အယှက်ပေးတာပဲ
ဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သင့်ဖုန်းက မလိုအပ်တဲ့ Live Wallpaper
တွေကို ဖြုတ်ချသင့်ပါပြီ။

၉) Task Killer/Manager ကိုအသုံးပြုပါGoogle Play Store ကနေ ဘယ်လို Task Killer App ဒါမှမဟုတ် Task Manager
တွေကိုမဆို အခမဲ့ ဒေါင်းလုဒ်ဆွဲလို့ရနိုင်ပါတယ်။ ကောင်းမွန်တဲ့ App
တွေကတော့ Clean Master, Advanced Task Killer နဲ့ Super Task Killer Free
တို့ကတော့ အဆင်ပြေနိုင်ပါတယ်။ ဒီApp တွေအသုံးပြုပြီးတော့
ဖုန်းရဲ့နောက်ခံလုပ်ငန်းစဉ်တွေမှာ အနှောင့်အယှက်ပေးနေတဲ့ ဘယ်လို App
တွေကိုမဆိုရှင်းထုတ်နိုင်ပါတယ်။

ကဲဒီအချက်ကလေးတွေလိုက်နာရင်း သင့်ရဲ့ လေးလဲနေတဲ့ Android ဖုန်းကို
ပေါ့ပါးသွက်လက်အောင် ပြုပြင်လို့ရနေပါပြီ။ အမြဲတမ်းသင့်ဖုန်းကို
ထိန်းသိမ်းဂရုစိုက်မယ်ဆိုရင် သင့်ဖုန်းက နဂိုရှိရင်းစွဲသက်တမ်း
ထက်ပိုမိုတာရှည်ခံအောင် ပြုလုပ်လို့ရနိုင်ပါတယ်။ သုံးနေတဲ့
သက်တမ်းတစ်လျှောက်လည်း ဘာအခက်အခဲမှမတွေ့ကြုံနိုင်တော့ဘူးပေါ့။Ref: Hongkiat
Credit to ==> Digital Times
၁) သင့်ပစ္စည်းကိုသိပါ
အဓိကကတော့ သင့်ဖုန်းရဲ့ လုပ်နိုင်စွမ်းနဲ့ အားနည်းချွတ်ယွင်းချက်တွေကို သိနေဖို့ပါပဲ။ သင့်ဖုန်းက မတတ်နိုင်တဲ့ မလုပ်ဆောင်နိုင်တဲ့ App ကြီးကြီးမားမားတွေကို မထည့်ပါနဲ့။ Android ဖုန်းတွေရဲ့ လုပ်ဆောင်နိုင်မှုတွေက ဖုန်းအမျိုးအစားပေါ်လိုက်ပြီး ကွာခြားချက်ရှိလို့ပါပဲ။
၂) သင့် Android ကိုအဆင့်မြှင့်ပါ (Update)
သင့်အနေနဲ့ သင့် Android ဖုန်းကိုနောက်ဆုံးပေါ် Firmware စနစ်ကိုထည့်သွင်းထားသင့်ပါတယ်။ Google ဟာ ထုတ်ပြန်တဲ့ Android စနစ်တိုင်းမှာ တိုးတက်ပြောင်းလဲမှုကြီးကြီးမားမားတွေ ယူဆောင်လာတတ်ပါတယ်။ တည်ငြိမ်မှု၊ ပိုမိုမြင့်မားတဲ့ လုပ်ဆောင်မှု၊ အမြန်နှုန်းနဲ့ ဆက်သွယ်နိုင်စွမ်း စသည်ဖြင့်ပေါ့။ တက်ဘလက်တွေလည်း ယခုအခါမှာ ICS နဲ့ Marshmallow တွေလည်း ယခုအခါမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။







Credit to ==> Digital Times
No comments:
Post a Comment