Saturday, February 20, 2016

Samsung Galaxy J2 ကို ဖုန်း/ကွန်ပျူတာ နှစ်မျိုးလုံးဖြင့် Root လုပ်နည်း


Samsung Galaxy J2 ကို ဖုန်း/ကွန်ပျူတာ နှစ်မျိုးလုံးဖြင့် Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် Root လုပ်နည်းကို နိုင်ငံခြား Blog ဆိုက်တွေမှာ
တွေ့မိနေတာ September လကတည်းပဲဖြစ်ပါတယ်။

ဒီ Galaxy J2 ဖုန်းကို ကွန်ပျူတာနဲ့ရော့ ဖုန်း Apk ဖြင့်ပါ Root လုပ်ပေးနိုင်ပါတယ်
Root Tool နဲ့ Apk ကတော့နာမည်ကြီး Kingo ဖြစ်ပါတယ်။
ဒီတော့ Root လုပ်နည်းကိုအထူးပြောနေစရာမလိုလောက်ဖူးလို့ထင်ပါတယ်
ကွန်ပျူတာဖြင့် Root လုပ်ချင်တဲ့ညီအကိုတွေကတော့ Kingo Root Tool
နောက်ဆုံးထွက်ဗားရှင်းကိုအောက်ကလင့်မှာရယူလိုက်ပါ


ကွန်ပျူတာဖြင့် Root လုပ်နည်း
================
1. အပေါ်မှာပေးထားသောလင့်မှ Kingo Root ကိုဒေါင်းလော့ရယူပါ
2. ကွန်ပျူတာမှာ Install ပြုလုပ်လိုက်ပါ။
3. ဖုန်းမှာ USB debugging ကို On ပေးပြီး ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်လိုက်ပါ။
4. Kingo Root ကိုဖွင့်လိုက်ပါ။
5. ဖုန်းကိုကွန်ပျူတာကသိပြီဆိုရင်တော့
6. ROOT ဆိုတာကိုနှိပ်လိုက်ပါ။
7. Rooting Process တစ်ခုပြုနေတုန်း စောင့်နေလိုက်ပါ
ဖုန်းမှာ Restart နှစ်ကြိမ်လောက်ကျနေပါလိမ့်မယ်။
၈။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါသင့်ဖုန်းမှာ Root Access ရရှိနေပါလိမ့်မယ်။


Kingo Root Apk ဖြင့် Root လုပ်နည်း
====================
1. အပေါ်မှာပေးထားတဲ့ Kingo Root Apk ကိုဒေါင်းလော့ရယူပါ။
2. ဖုန်းမှာ Unknown Source ကိုအမှန်ဖြစ်ပေးပြီး Install လုပ်ပါ။
3. ပြီးရင် Root Apk ကိုဖွင့်လိုက်ပါ၊ အသင့်ဖြစ်ရင် Root ဆိုတာကိုနှိပ်ပေးလိုက်ပါ။
4. Permission တောင်းလာတဲ့အခါ Yes ဆိုပြီးနှိပ်လိုက်ပါ ဖုန်းက restart ကျသွားပါလိမ့်မယ်။
၅။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Root Access ရရှိနေပါပြီ။
Ref.zunite

No comments:

Post a Comment