Monday, February 29, 2016

♪ MasterCard က Passwords အစား Selfies နှင့် Fingerprints များကို အသုံးပြုမည် ♫

Credit Card Company တစ်ခုဖြစ်သော MasterCard က MWC ပွဲတွင် သူ၏ ကဒ်များကို အသုံးပြုသူများအတွက် အွန်လိုင်းတွင် ဈေးဝယ်ယူသည့်အခါ Passwords အစား Selfies နှင့် Fingerprints များကို အသုံးပြုမည်ဟု အတည်ပြုပါသည်။ အဆိုပါ Biometric Security နည်းပညာကို ကုမ္ပဏီက အမေရိကန်နှင့် နယ်သာလန်တွင် ယခင်နှစ်က စမ်းသပ်ခဲ့ပြီးပါပြီ။ ယခုအခါ နည်းပညာအသစ်ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့တွင် နွေရာသီ၌ ဖြန့်ချီမည်ဖြစ်သည်။ 

စနစ်အသစ်ကို နယ်သာလန်၊ ဘယ်လ်ဂျီယမ်၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန် ၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နှင့် ဒိန်းမတ်နိုင်ငံတို့တွင်လည်း ဖြန့်ချီပေးမည်ဖြစ်သည်။ အဆိုပါ စနစ်သစ်ကို အသုံးပြုရန် ပီစီ၊ တက်ဘလက်နှင့် ဖုန်းများတွင် App တစ်ခုကို ထည့်သွင်းရမည်ဖြစ်သည်။ အွန်လိုင်းတွင် ခရက်ဒစ်ကဒ်၏ အသေးစိတ်အချက်အလက်များကိုလည်း ထည့်သွင်းပေးရမည်ဟု BBC က ပြောပါသည်။

အသုံးပြုသူများက ဖုန်းကင်မရာမှ ဓါတ်ပုံရိုက်ခြင်း၊ ဖုန်းမှ Fingerprint Scanner ကို အသုံးပြုခြင်းတို့ဖြင့် ငွေပေးချေရမည် ဖြစ်သည်။ Password များ ရိုက်ထည့်ရန် မလိုတော့သည့်အတွက် အလုပ်ရှုပ်သက်သာစေမည်ဖြစ်သည်။ ဓါတ်ပုံများဖြင့် လိမ်လည်မှုများ မဖြစ်စေရန် Selfie ရိုက်သည့်အခါတွင် မျက်တောင်ခတ်ပြရန် လိုအပ်ပါသည်။

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment