ဒါလေးကတော့ SMS Schedular လေးပါ မက်ဆေ့တွေကို အချိန်ဆွဲပြီး
ပို့ချင်သူများအတွက် တင်ပေးလိုက်ပါတယ် .... ချစ်သူစုံတွဲအတွက်ဆိုရင်တော့
ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်
မနက်ဖြန်သူ့မွေးနေ့လေးမှာ SMS ပို့ပြီးဆုတောင်းပေးရမယ်၊ ပြီးတော့
ကိုယ်လည်းမေ့တတ်တယ်ဆိုရင်တော့ ကွက်တိပဲပေါ့
အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါနော်။
အသုံးပြုနည်း ပြောပြပါမယ်။
ဆော့ဝဲထဲဝင်ပြီး Add ကိုနှိပ်ပါ။
Phone Number နေရာတွင် ပို့ ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ထည့်ပါ။
Message နေရာတွင် မက်ဆေ့အကြောင်းအရာရေးထည့်ပါ။
Date နေရာတွင် မက်ဆေ့ပို့ မည့် "နေ့ " နဲ့  "လ" ကိုရွေးချယ်ပါ။
Time နေရာတွင် မက်ဆေ့ပို့ မည့်အချိန်ကိုရွေးချယ်ပါ။
Frequency နေရာမှာလည်း အချိန်ကိုရွေးချယ်ပြီး "Accept" ကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင် သင်ပို့ လိုက်တဲ့မက်ဆေ့ဟာ သင့်ချစ်သူရဲ့ဖုန်းထဲကို သင်သတ်မှတ်ထားတဲ့အချိန်ရောက်မှသာ ၀င်သွားမှာဖြစ်ပါတယ်။
ဆော့ဝဲလေးကိုတော့အောက်ကလင်ခ့်မှာဒေါင်းယူလိုက်ပါ။
No comments:
Post a Comment