Monday, February 22, 2016

Samsung Galaxy J7 SM-J700F ဖုန်း Version 5.1.1 ကိုမြန်မာအမှန်ထည့်သွင်းနည်း



 Galaxy J7 SM-J700F ဖုန်း Version 5.1.1 ကိုမြန်မာအမှန်ထည့်သွင်းနည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊


Root လည်းပေါက်နေပြီ မြန်မာစာက Facebook/Viber/Messager/
Whatsapp/Youtube စသည်တို့မှာ ၀ိုင်းစက်နေအောင် မှန်နေပေမယ့်လည်း
Internet Browser မှာဆိုရင်တော့ မြန်မာစာ မမှန်သေးတဲ့ သူများအတွက်
 ဒီပိုစ့်လေးကို ရေးပေးလိုက်ခြင်းဖြစ်ပါတယ်။



100% အာမခံပါတယ်၊ ကျနော် ကိုယ်တိုင်စမ်းသပ်ထားပြီးသားဖြစ်ပါတယ်
ဒါပေမယ့် မိမိဖုန်းမှာ Root ဖောက်ထားပြီးသားနဲ့ TWRP Recovery ထည့်သွင်း
ထားပြီးသားဖြစ်နေရပါမယ်။


ဒီအတွက် Galaxy J7 SM-J700F ဖုန်း Version 5.1.1 အတွက်
Root လုပ်နည်းကို အောက်ကလင့်မှာဝင်လေ့လာကြည့်လိုက်ပါ


Samsung Galaxy J7 SM-J700F Android version 5.1.1 Root လုပ်နည်း


ပြီးရင် ဒီ Galaxy J7 SM-J700F ဖုန်းအတွက်ပဲ TWRP Recovery
ထည့်သွင်းနည်းကို အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။


 Galaxy J7 SM-J700F Android Version 5.1.1 ကို TWRP ထည့်သွင်းနည်း


အထက်ဖေါ်ပြပါ Galaxy J7 SM-J700F ဖုန်းတစ်လုံးအတွက်
လိုအပ်မယ့် Root access နဲ့ TWRP များထည့်သွင်းပြီးရင်တော့
မြန်မာ 100% နှုန်းမှန်အောင်ထည့်နည်းကို ဆက်လေ့လာလိုက်ပါ


မြန်မာစာအမှန်ထည့်နည်း
==============
အားလုံးသိပြီးဖြစ်တဲ့ Lollipop ဗားရှင်းတွေအတွက် မြန်မာမှန်ရန်
အောက်ပါလုပ်ဆောင်ချက်များကို အတိအကျလုပ်ပေးရမှာဖြစ်ပါတယ်။


ကီးဘုတ်ထည့်သွင်းရန်
=============
ဖုန်းမှာ Root access ရရှိပြီးရင်တော့ မြန်မာစာအတွက်
အမှန်ရချင် ကီးဘုတ်အတွက် FrozenKeyboard apk ကို
ထည့်ပြီးအသုံးပြုနိုင်သလို မိမိကြိုက်နှစ်သက်ရာကို ထည့်သွင်းနိုင်ပါတယ်။


Zawgyi Font အတွက် အမှန်ထည့်ရန်
=====================
ဖုန်းမှာ Root access ရရှိပြီးထားသော်ငြားလည်း
သမားရိုးကျအတိုင်း ပြုလုပ်ခဲ့ရင်တော့ Internet Browser မှ
100% မှန်ကန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။

Root access ရရှိပြီးထားပြီးသား ဖုန်းတစ်လုံးကို အောက်ပါ ဖောင့်အတွက်
 ifont & Zawyi One apk ရိုးရိုးလေးကို ထည့်သွင်းပြီး iFont ကနေ
 Zawyi One apk လေးကို ထည့်သွင်းပေးလိုက်ရုံဖြင့် မြန်မာစာမမှန်သေးပါ။


ဒီတော့ TotalSolution 3.0 ZawgyiBase zip ဖိုင်ကို
SD Card သို့ကူးထည့်ပေးပြီး Recovery Mode ကနေ
အလွယ်တကူ Flash ပေးလိုက်ရင် 100% နှုန်းသေချာပါတယ်။



Download Here Frozen Keyboard 2 Apk


Download Here TotalSolution 3.0 ZawgyiBase



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 


www.zunite.org

No comments:

Post a Comment