Monday, February 29, 2016

♪ Samsung က ကားတွင် အင်တာနက် ချိတ်ဆက်နိုင်မည့် ကိရိယာကိုမိတ်ဆက် ♫


Samsung က ဘာစီလိုနာတွင် ကျင်းပနေသော Mobile World Congress တွင် Samsung Connect Auto Dongle ကိုကြေညာခြင်းဖြင့် အင်တာနက် ချိတ်ဆက်နိုင်သောကားနယ်ပယ်သို့ ၀င်ရောက်လာပါသည်။ Samsung Connect Auto သည် Tizen OS မောင်းနှင်သောပလတ်စတစ် ဘူးငယ် ဖြစ်ပါသည်။ ကား၏ OBD II Port တွင် ချိတ်ဆက်ရမည်ဖြစ်သည်။ Port ကိုယာဉ်မောင်းသူ၏ စတီယာရင်အောက်တွင် တပ်ဆင်ထားလေ့ရှိပါသည်။

ချိတ်ဆက်ပြီးသည်နှင့် ကိရိယာကကား၏ မောင်းနှင်သောအကွာအဝေးနှင့် အချိန်၊ လောင်စာဆီ၏ ကုန်ကျစားရိတ်တို့ကိုတိုင်းတာတွက်ချက်ပေးမည်ဖြစ်သည်။ ကိရိယာတွင် 4G LTE ဆက်သွယ်မှု နည်းပညာပါရှိပြီးကောက်ယူထားသောဒေတာများကိုအင်တာနက်မှတစ်ဆင့် Cloud အခြေပြု ဆာဗာများထံသို့ ပေးပို့မည်ဖြစ်သည်။ အဆိုပါ ဒေတာများဖြင့် ကားပျောက်လျှင် ရှာဖွေသည့် “ Find My Car” စွမ်းဆောင်ချက်၊တည်နေရာကိုတွက်ချက်သည့် GPS App နှင့် အခြားလုံခြုံရေးစွမ်းဆောင်ချက်များကို Android , iOS Device များမှနေ၍ ကြည့်ရှုနိုင်မည်ဖြစ်သည်။ 

4G LTE ဆက်သွယ်မှုသည် ကား၏ ဒေတာများသာမကဘဲခရီးသည်များ၏ မိုဘိုင်းကိရိယာများအတွက် အင်တာနက်ကို ပံ့ပိုးပေးနိုင်ပါသည်။ Samsung ကယခုနှစ် ဒုတိယကွာတားတွင် အမေရိကန်၌ Connect Auto ကို ဖြန့်ချီပေးမည်ဖြစ်ပြီး AT&T နှင့် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်။ အခြားနိုင်ငံများတွင် ယခုနှစ် တတိယကွာတားတွင် ရောင်းချပေးမည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

No comments:

Post a Comment