LG G Flex 2 ဖုန်းအတွက် ဗားရှင်း Android 5.1.1 Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ နည်းနည်းတော့အဆင်များပါတယ်။
လိုအပ်များကိုအရင်ရယူလိုက်ပါ Driver ကတော့
Universal driver က Support လုပ်ပေးပါတယ်။
Download Universal ADB Driver
How to Root
==========
လိုအပ်တာများကိုအရင်ဒေါင်းလော့ရယူပါ rootedsystem.img ဖိုင်ကို
SD ကဒ်သို့ကူးထည့်လိုက်ပါ၊ LG_Root zip ဖိုင်ကိုဖြည်လိုက်ပါ၊ ဖုန်းကိုပါဝါပိတ်လိုက်ပါ။
Volume Up ကိုနှိပ်ထားပြီးဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ ကွန်ပျူတာက
ဖုန်းကိုသိပြီဆိုတာနဲ့ Root zip ဖိုင်ထဲမှ ports.bat ဖိုင်ကို Run ပေးလိုက်ပါ
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။
Send_Command.exe \\.\COM3
ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်မှု Device များသိပြီဆိုတာနဲ့
အောက်ပါစာကြောင်းကို ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
id
နောက်ထပ် အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး
Enter ကိုခေါက်ချပေးလိုက်ပြီး Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ
dd if=/data/media/0/rootedsystem.img bs=8192 seek=53248 count=534528 of=/dev/block/mmcblk0
ပြီးသွားတဲ့အခါ အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ထွက်လိုက်ပါ
LEAVE
ဖုန်းက Reboot ကျသွားပါလိမ့်မယ် ပြန်တက်လာတဲ့အခါ
Root checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
No comments:
Post a Comment