တယ်လီနောမြန်မာ
အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ပထမဆုံးငွေဖြည့်သည့် customer များအတွက်
ပေးနေကျ အပိုဆုအပြင် ၄ လဆက်တိုက် သုံးစွဲနိုင်သော အပိုဆုများကို
ပေးအပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်က ကြေညာခဲ့သည်။
အရောင်းမြှင့်တင်ရေး အစီအစဉ်မှာ တယ်လီနောကို စတင်သုံးစွဲမည့် customer အသစ်များအတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး ပုံမှန်ပေးနေသည့် အပိုဆုများအပြင် ထပ်မံပေးအပ်သည့် အပိုဆုကို လေးလဆက်တိုက် ထပ်မံရရှိမည် ဖြစ်သည်။
အကျိုးခံစားခွင့်ကို အခြားအော်ပရေတာဖုန်းများ ခေါ်ဆိုခြင်း၊ အခြားဖုန်းများသို့ စာတိုပေးပို့ခြင်းနှင့် Data Package များ ဝယ်ယူခြင်းများအတွက် သုံးစွဲနိုင်မည်မဟုတ်ကြောင်း သိရသည်။

Credit to ==> Internet Journal
No comments:
Post a Comment