သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်များမှာ ဘက်ထရီ ကြာရှည်စွာ အသုံးခံချင်ရင်တော့
အီးမေးအသစ်တွေနဲ့ နောက်ကွယ်မှ ဒေတာတွေကို အလိုအလျှောက်ရယူနေတာကို
ရပ်တန့်ရမှာ ဖြစ်ပါတယ်။ ဒီလို နောက်ကွယ်ကနေ ဒေတာတွေ လက်ခံရယူနေတာဟာ
ဘက်ထရီကို ကုန်စေသလို Mobile Data အသုံးပြုမှုကိုလည်း များပြားစေပါတယ်။
ဒီနည်းလမ်းဟာ အချိန်တိုင်း သုံးလေ့မရှိတဲ့ တက်ဘလက်တွေ အတွက်
ပိုအသုံးဝင်ပါတယ်။ စမတ်ဖုန်းတွေလို မဟုတ်ဘဲ တက်ဘလက်တွေကို အမြဲယူဆောင်
အသုံးပြုနေတာ မဟုတ်လို့ နောက်ကွယ်မှာ ဒေတာအသစ်တွေ အစဉ်အမြဲရယူနေတာဟာ
မလိုအပ်ပါဘူး။
iPad , iPhone
Apple ရဲ့ iOS ဟာ နည်းလမ်းမျိုးစုံနဲ့ ဒေတာအသစ်တွေကို အလိုအလျှောက်
စစ်ဆေးနေတတ်ပါတယ်။ သင့် iPhone , iPad မှာ Gmail လို အီးမေးအကောင့်တွေကို
အသုံးပြုရင် ဆာဗာမှ ဒေတာအသစ်တွေကို အမြဲရယူဖို့ ကြိုးစားနေမှာပါ။
အဲဒီ
Settings ကို ပြောင်းလဲဖို့အတွက် Settings Screen ကိုဖွင့်ပြီး Mail,
Contacts, Calendars ကိုနှိပ်ပါ။ Fetch New Data ကို သွားပါ။ Fetch ကဏ္ဍမှာ
Manually ကိုရွေးချယ်ပေးပါ။ ဒါဆိုရင် ဒေတာအသစ်တွေကို အလိုအလျှောက်
ရယူနေမှာမဟုတ်ဘဲ သက်ဆိုင်ရာ App ကိုဖွင့်မှသာ ဒေတာအသစ်တွေကို ပြသပေးမှာ
ဖြစ်ပါတယ်။
iOS
7 ကတည်းက Apps တွေဟာ အသုံးပြုခြင်းမရှိတဲ့ အချိန်မှာတောင် ဒေတာအသစ်တွေကို
အလိုအလျှောက် ရယူကြပါတယ်။ ဒီလို ရယူနေတာဟာလည်း ဘက်ထရီ ကုန်စေပါတယ်။
ဒါကိုပြောင်းလဲဖို့အတွက် Settings Screen ကိုဖွင့်ပြီး General ကိုနှိပ်ပါ။
Background App Refresh ကိုနှိပ်ပါ။ Background App Refresh ကို
ပိတ်ထားရင်တော့ System Level နဲ့ App အားလုံး နောက်ကွယ်မှာ ဒေတာအသစ်များ
ရယူနိုင်ခြင်း မရှိအောင် ပိတ်ပေးထားမှာပါ။ အဲလို မဟုတ်ဘဲ အသုံးမလိုတဲ့ App
တစ်ခုချင်းစီကို ပိတ်ထားနိုင်ပါတယ်။ ပိတ်ထားတဲ့ App ကို ဖွင့်မှသာ
ဒေတာအသစ်များကို ရယူပေးမှာ ဖြစ်တဲ့ အတွက် အသုံးပြုချိန်မှသာ
ဘက်ထရီကုန်စေမှာပါ။
Android Tablet , Smartphone
Android မှာလည်း ဒီစွမ်းဆောင်ချက်ပါရှိပါတယ်။ Android 5.0 Lollipop မှာတော့
Settings ထဲသွားပြီး Accounts ကိုနှိပ်ပါ။ Menu ခလုတ်ကို နှိပ်ပြီး
Auto-Sync Data မှာ အမှန်ခြစ်ဖြုတ်ပေးပါ။ ဒါဆိုရင် Google , Facebook နဲ့
အခြားအကောင့်တွေရဲ့ ဒေတာအသစ်တွေကို နောက်ကွယ်မှာ အလိုအလျှောက် ရယူနေတာကို
ပိတ်ထားနိုင်ပါပြီ။ ဒီလိုလုပ်ရင် အီးမေးအသစ်ဝင်လာရင် သင်မသိနိုင်ပေမယ့်
Email App ကိုဖွင့်ရင်တော့ အီးမေးအသစ်များကို ရယူပေးမှာ ဖြစ်ပါတယ်။
Android
4 ထည့်သွင်းထားတဲ့ Device တွေမှာ Settings ထဲက Data Usage ထဲသွားပါ။ Menu
ခလုတ်ကို နှိပ်ပြီး Auto-Sync Data မှာ အမှန်ခြစ်ဖြုတ်ပေးပါ။ သင့်ရဲ့
ဖုန်းပေါ်မူတည်ပြီး ဒီစွမ်းဆောင်ချက်ကို ပိတ်နိုင်တဲ့ နေရာက ကွာခြားမှာ
ဖြစ်ပါတယ်။
Android
မှာတော့ နောက်ကွယ်မှာ Run နေတဲ့ App တွေကို ပိတ်ထားနိုင်တဲ့
စွမ်းဆောင်ချက် မရှိပါဘူး။ App တစ်ခုဟာ ဘက်ထရီကို ဘယ်လောက်
အသုံးပြုနေလဲဆိုတာ သိချင်ရင် Battery Settings ထဲမှာ ကြည့်နိုင်ပါတယ်။
အဲဒီလို App မျိုးကို အသုံးမပြုဘူးဆိုရင် Uninstall လုပ်သင့်ပါတယ်။
ဒါမှမဟုတ် App ရဲ့ Settings ထဲသွားပြီး နောက်ကွယ်မှာ အလုပ်မလုပ်ဖို့
ပိတ်ထားလို့ရရင် ပိတ်ထားပါ။
အပေါ်မှ
Tutorial ဟာ Apple iOS နဲ့ Google Android အတွက် ဖြစ်ပေမယ့် အခြား
မိုဘိုင်း ကိရိယာများအားလုံးမှာလည်း ဘက်ထရီကြာရှည်ခံစေချင်ရင်
ဒီနည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ Laptops နဲ့ ပီစီများလို မဟုတ်ဘဲ
စမတ်ဖုန်ုး ၊ တက်ဘလက်တွေဟာ စွမ်းအင် အနည်းငယ်သာ အသုံးပြုကြပေမယ့်
နောက်ကွယ်မှ ဒေတာအသစ်တွေကို အလိုအလျှောက် ရယူနေကြလို့သာ ဘက်ထရီ အကုန်မြန်တာ
ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကို ကြာရှည်စွာ အသုံးပြုချင်ရင်တော့ နောက်ကွယ်မှ
ဒေတာအသစ်များ ရယူနေမှုကို ကန့်သတ်ရမှာ ဖြစ်ပါတယ်။ သင့် Device ရဲ့ Screen
ဟာ Off ဖြစ်နေရင်တောင် နောက်ကွယ်ကနေ ဒေတာအသစ်တွေ ရယူနေကြတာ ဖြစ်ပါတယ်။
ဇူးနစ်(နည်းပညာ)
www.zunite.org
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)
No comments:
Post a Comment