Sunday, October 18, 2015

ဘာကြောင့် ကျွန်တော်တို့ တစ်တွေ ကိုယ့်ရဲ့  ဖုန်းထဲမှာ ROM ထည့်သွင်းချင်ရတာလဲ ? တစ်ကယ်ရော လိုအပ်ပါရဲ့ လား ?




ROM ထည့်သွင်းချင်ရသည့် အကြောင်းအရင်းများ
——————————————————-

၁။ များသောအားဖြင့် ဖုန်း ထုတ်လုပ်တဲ့ company တွေဟာ သူတို့ ထုတ်လုပ်ခဲ့တဲ့ phone model တစ်ခု တိုင်းအတွက် အမြဲတမ်း update to date ဖြစ်နေအောင် support မပေးကြလို့  ဖြစ်ပါတယ်။ အသုံးပြုသူ customers တွေက နောက်ဆုံး ဗားရှင်း (latest version) ကို အသုံးပြုလိုကြပေမယ့် သက်ဆိုင်ရာ company က နောက်တစ်ဆင့် ထပ်မမြှင့်ပေးကြတဲ့အတွက် အခုလို ပညာရှင်တွေ ဖန်တီးပေးတဲ့ ROM တွေကို ထည့်သွင်းကြတာဖြစ်ပါတယ်။



တစ်ကယ်လို့  အသုံးပြုသူဟာ Google nexus phone အမျိုးအစား သုံးနေတယ်ဆိုရင်တော့ ROM ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာ တစ်ခု ဖြစ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google ဟာ Nexus အတွက် အမြဲတမ်း update ပေးနေလို့ ဖြစ်ပါတယ်။

၂။ မိမိတို့  ဖုန်းထဲမှာပါတဲ့ မူရင်း ဒီဇိုင်းဖွဲ့ စည်းပုံ (Skin) ကို နောက်ဆုံး Version ရဲ့  Skin နဲ့  အစားထိုးချင်လို့  လည်း ထည့်သွင်းကြပါတယ်။ ဒါဆို .. Launcher သုံးရင်ကော အတူတူပဲ မဟုတ်ဘူးလား လို့  မေးစရာ ရှိပါတယ်။ တစ်ကယ်တော့ မတူပါဘူး။ Launcher ဟာ မူလ ရှိနေတဲ့ Android kernel အပေါ်မှာပဲ ဒီဇိုင်းပိုင်းဆိုင်ရာ ထပ်ဆောင်းပေးထားတာဖြစ်ပါတယ်။ အကယ်၍ ROM ထည့်သွင်းလိုက်မယ်ဆိုရင်တော့ System ရဲ့  UI (User Interface) တွေက အစ နောက်ဆုံးထွက်တဲ့ ဗားရှင်း ထဲက အတိုင်း တွေ့ မြင်၊ ခံစား အသုံးချနိုင်ကြမှာ ဖြစ်ပါတယ်။

၃။ မူလက ပါလာခဲ့တဲ့ အသုံးမလိုတဲ့ ဆော့ဖ်ဝဲတွေ ကို ပယ်ဖျက်ချင်လို့ လည်း သုံးကြပါတယ်။ မြန်မာပြည်မှာတော့ အရမ်း မသိသာပါဘူး။ ဒါပေမယ့်လည်း တရုတ်ဖုန်းတွေမှာတော့ China telecom ရဲ့  default apps တွေကို မြင်ကြရမှာပါ။ အင်္ဂလိပ်လိုတော့ (Bloatware) တွေလို့ ခေါ်ကြပါတယ်။

ဥပမာ – NASCAR app, TV apps, content apps အစရှိတဲ့ ဆော့ဖ်ဝဲတွေကို ဆော့ဖ်ဝဲရဲ့  စံနစ်ဖိုင်ထဲမှာ ထည့်ပေးလိုက်ထာဖြစ်ပါတယ်။ ဒါတွေကို Root တောင် လုပ်စရာမလိုပဲ ဖျက်ပြစ်လို့  တော့ ရပါတယ်။ တစ်ကယ်တော့ ပျက်မသွားကြပါဘူး။ စံနစ်ထဲမှာ ရှိနေကြဆဲပါ။ မယုံရင် Factory data reset ချကြည့်ပါ။ ပြန်ထွက်လာကြပါလိမ့်မယ်။ လုံးဝ ရှင်းလင်းချင်တယ်ဆိုရင်တော့ ROM တင်လိုက်တာဟာ အဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။

၎။ အသစ် ထပ်ဖြည့်ထားတဲ့ လုပ်ဆောင်ချက်တွေနဲ့  စံနစ်ပိုင်းဆိုင်ရာ ပြုပြင်ဖန်တီးထားမှုတွေကို အသုံးပြုနိုင်တာလည်း ROM တင်ချင်းရဲ့  အားသာချက်တစ်ခုဖြစ်ပါတယ်။ သာမန် အသုံးပြုသူတွေအတွက် အန္တရာယ် ရှိနိုင်ပေမယ့် အသုံးချတက်မယ်ဆိုရင် သုံးလို့ ကောင်းတဲ့ (System tweak) တွေ ထည့်အသုံးပြုနိုင်ပါတယ်။ ဥပမာ – CPU ကို Overclock လုပ်တာ။ Bottom navigation bar ကိုဖျောက်ထားချင်တာ။ စသဖြင့် စံနစ်ပိုင်းကို စိတ်ကြိုက် ဖန်တီးသုံးစွဲခွင့် ရမှာဖြစ်ပါတယ်။

၅။ အထူးအားသာတဲ့ အချက်တစ်ချက်ကတော့ Applications တွေရဲ့  permissions တွေကို ပြောင်းလဲ ပြစ်လို့ ရတာပဲ ဖြစ်ပါတယ်။ ဥပမာ . Facebook က ကိုယ့်ရဲ့  တည်နေရာ GPS ကို မပေးပဲ ပိတ်သုံးတာမျိုး။ ပြီးတော့ Android games တွေကို ဆော့တဲ့ အခါ ကိုယ့်ရဲ့  ဖုန်းနံပါတ်နဲ့  ကိုယ်ရေးအချက်အလက်တွေကို ဆော့ဖ်ဝဲက တောင်းဆိုမှုကနေ ဖယ်ရှားနိုင်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ နောက်တစ်ချက်က ROM တင်မယ်ဆိုရင် ဖုန်းရဲ့  ROOT ACCESS ကိုလည်း တစ်ခါတည်းရပြီးသားဖြစ်ပါလိမ့်မယ်။


ဒါဆို ROM ဆိုတာ တစ်ကယ် အသုံးတည့်တာပေါ့။ ထည့်သင့်တာပေါ့လို့ လည်း မထင်ကြပါနဲ့ ဦး။

ROM မတင်သင့်သည့် အကြောင်းအရင်းများ
====================
ROM တင်ခြင်းအားဖြင့် ဖြစ်နိုင်တဲ့ ပြသနာတွေကတော့ –
၁။ ဘထ္ထရီ သက်တမ်း တိုနိုင်ပါတယ်။ ROM ရေးတဲ့သူတွေဟာ ဖုန်းရဲ့  စွမ်းအင်ခြွေတာရေးကို ထည့်သွင်းတွက်ချက်ခဲ့မယ်လို့ သေချာပေါက် ပြောလို့ မရပါဘူ။

၂။ Hard ware မကိုက်ညီမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မူလ original မှာလို camera ရုပ်ထွက် သိပ်မကောင်းတော့တာမျိုးတွေ ကြုံရနိုင်ပါတယ်။

၃။ ROM တွေဟာ မိုဘိုင်းဖုန်းထုတ်လုပ်သူတွေ၊ ဆားဗစ် (ဖုန်းလိုင်း) တွေနဲ့  ချိန်ညှိပြီး သေချာထုတ်ထားတာ မဟုတ်တဲ့အတွက် အခန့် မသင့်ရင် စက် ဟန်းတာ၊ force close ဖြစ်တာအပြင် အလိုအလျှောက် စက်ပြန်ပိတ်တာမျိုးတွေလည်း ကြုံနိုင်ပါတယ်။

၎။ မူလ ပါရှိခဲ့တဲ့ စံနစ် ဟာ သူ့ ရဲ့  hard ware များ အသုံးပြုနိုင်မှုများနဲ့  ချိန်ညှိထုတ်လုပ်ထားတာဖြစ်ပြီး ROM မှာတော့ ဒီလို တိကျတဲ့ ချိန်ညှိချက် ရှိချင်မှ ရှိမှာဖြစ်ပါတယ်။

၅။ တစ်ခါတစ်ရံမှာကျတော့ ROM ရေးသားတဲ့သူတွေဟာ ဖုန်းထဲမှာ spy ware လိုမျိုး သူလျှို ဆော့ဖ်ဝဲတွေ ထည့်ပေးလိုက်တက်ကြတာမျိုးတွေလည်း ရှိတက်ပါတယ်။

ဒါတွေကတော့ ROM မတင်သင့်တဲ့ အကြောင်း အချို့ ဖြစ်ပါတယ်။


Credit https://myanmarmobileroms.wordpress.com

အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment