Wednesday, October 28, 2015

သင့်အတွက် နေ့စဉ်လက်ထောက်အဖြစ် ရှိနေမယ့် Facebook M


facebook m

ပြီးခဲ့တဲ့ ဇန်နဝါရီလက Facebook ဟာ Wit.ai လို့အမည်ရတဲ့ Startup ကုမ္ဗဏီငယ်ကို ဝယ်ယူခဲ့တာကို သိတဲ့သူများလည်း သိကြမှာပါ။ ယင်း AI နည်းပညာ ဖန်တီးတဲ့ ကုမ္ဗဏီကို ဝယ်ယူတဲ့ ရည်ရွယ်ချက်က AI နည်းပညာကို Facebook မှာ ပေါင်းစပ်ဖို့ပဲဆိုတာ အဲ့ဒီအချိန်ကတည်းက သိကြပါတယ်။ ဒါပေမယ့် ယင်းလုပ်ဆောင်ချက်ဟာ အဲ့ဒီလောက်မြန်မယ်လို့ ထင်မထားခဲ့ကြ ပါဘူး။ Facebook M လို့အမည်ပေးထားတဲ့ Facebook user တိုင်း အသုံးပြုနိုင်မယ့် Personal assistant ကို beta ဗားရှင်း ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
Facebook M ကို Messenger ထဲကနေ ရှာဖွေရမှာပါ။ သူ့ကို စာရိုက်ပြီးတော့ မေးနိုင်သလို အသံဖြင့်လည်း မေးနိုင်ပါတယ်။ ပြန်လည်ဖြေကြားတာကိုလည်း လောလောဆယ် စာနဲ့ပဲ ဖြစ်ပေမယ့် နောက်ဆိုရင် အသံပါ ပါလာမှာ ဖြစပါတယ်။ မိမိမေးချင်ရာကို မေးနိုင်ပြီး သူဟာ မိမိမေးတာတွေကို ဖြေပေးပါလိမ့်မယ်။ မိမိရဲ့ Facebook Account မှာ Friend Request ဘယ်လောက်ရှိတယ် ဘယ်သူတွေဖြစ်တယ် ဆိုတာကိုတောင် မေးလို့ရ ပါတယ်။ Amazon တို့လို shop တွေပေါ်မှာ ဈေးဝယ်ချင်တာတောင် ကိုယ်တိုင် Amazon ပေါ် သွားစရာ မလိုတော့ပဲ ယင်း chatbox ထဲကနေပဲ ခိုင်းစေလုပ်ဆောင်နိုင်တဲ့အထိ အဆင့်မြင့်ပါတယ်။ ဒါပေမယ့် ယင်းဟာ နိုင်ငံပေါ်မှာ မူတည်ပြီးတော့ ရရှိနိုင်တဲ့ Feature အနည်းအများ ကွာပါလိမ့်မယ်။
သူ့ကို Apple ရဲ့ Siri နဲ့ Google ရဲ့ Google Now တို့ထက်တောင် သာလွန်ကြောင်း မှတ်ချက်ပေးပြောဆိုနေကြ ပါတယ်။ ရာသီဥတု အခြေအနေကစလို့ နိုင်ငံရေးအခြေအနေအထိ မေးနိုင်ပြီး နိုင်ငံရေးဆိုရင် Facebook M က BBC တို့လို မီဒီယာကြီးနဲ့ ချိတ်ထားပါတယ်။ BBC က main page တစ်ခုကို ပြန်လည် ညွန်းပေးခြင်းမျိုး ဖြစ်ပါတယ်။
Facebook M ရဲ့ အသုံးဝင်မှုကို ပိုမို တိုးမြင့်ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းမှာ Facebook Messenger တိုင်းမှာ အခမဲ့ အသုံးပြုနိုင်မယ့် Feature တစ်ခုအဖြစ် ဖြန့်ချိမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: the verge
အောင်ခမ်း (MMA)
#aungkham_mma

No comments:

Post a Comment