အခု နောက်ပိုင်းထုတ်လုပ်လာတဲ့ Smartphone တွေဟာ စင်ဆာတွေနဲ့
ထုတ်လုပ်လာကြတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ လက်ဗွေရာနဲ့ ဖုန်းစကရင်
လော့ခ် ဖွင့်ရခြင်းတွေ ၊ မျက်လုံးကို စကန်ဖတ်ကာ လော့ခ်ဖွင့်ရခြင်းတွေ
အပြင် ၊ GPS စနစ်နဲ့ မိမိရဲ့ တည်နေရာကို မြေပုံမှာ ဖော်ပြခြင်းစတဲ့
အချက်တွေကိုပါ စုံလင်စွာ ထည့်သွင်းလာခဲ့ကြပါတယ်။ ဒီအချက်ကိုတွေ
အသုံးပြုကာ Venet Osmani ဆိုတဲ့ နည်းပညာဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့
ကုမ္ပဏီ နဲ့ Center for Research and Telecommunication Experimentation
for Networked Communities (CREATE-NET) လို့ခေါ်တဲ့ အိုင်စီတီကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး သုတေသန ပြုလုပ်ပေးသည့် ကုမ္ပဏီ တို့မှ ပူးပေါင်းကာ
စမတ်ဖုန်းတစ်လုံးဟာ လူတစ်ယောက် ရဲ့စိတ်ဖိစီးမှုကို သိရှိနိုင်ကြောင်း
အီတလီနိုင်ငံ Trento မြို့မှာ လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။
ပြုလုပ်ပုံကတော့ စိတ်ကျဝေဒနာသည် လူနာများ အသုံးပြုရန် စမတ်ဖုန်း ၁၂
လုံးကို စိတ်ကျရောဂါ ခံစားနေရသော ဝေဒနာသည် ၁၂ ဦးထံသို့ ပေးကာ လေးလအကြာ
စမ်းသပ်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းများတွင်တော့ ဖုန်းတစ်လုံးဖြင့်
လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးထားပြီး လစဉ်
သုံးပတ်တစ်ကြိမ်မှာ လူနာရဲ့ အခြေအနေကို မှတ်တမ်းပြု စစ်ဆေးခဲ့ပါတယ်။
ဒီလို စစ်ဆေးတဲ့အခါမှာ ဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့
တည်နေရာကို သိရှိစေနိုင်ငံတဲ့ GPS စနစ် နဲ့ အခြား လုပ်ဆောင်ချက်စနစ်များ
ကိုဖွင့်ကာအသုံးပြုသည့် စိတ်ကျဝေဒနာရှင် များနှင့် ဖုန်းခေါ်ဆိုမှုကို
အသုံးပြုသည့် ဝေဒနာရှင်များဆိုပြီး နှစ်မျိုးခွဲကာ လေ့လာစမ်းသပ်ခဲ့ပါတယ်။
ထိုသို့ လေ့လာတွေ့ရှိချက်များအရ စမတ်ဖုန်းအသုံးပြုတဲ့အခါ
စမတ်ဖုန်းတွင်ပါဝင်သည့် လုပ်ဆောင်ချက်များကို အသုံးပြုသူများထက်
ဖုန်းခေါ်ဆိုမှု ကြာချိန်ကို အများဆုံး အသုံးပြုကြသည့် လူများက
စိတ်ကျဝေဒနာကို ပိုမိုခံစားရကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အခု
လေ့လာခြင်းဟာ အရမ်းကို ရိုးရှင်းတဲ့ အချိန်ကန့်သတ်ချက်နဲ့
ကန့်သတ်တိုင်းတာတဲ့ လေ့လာခြင်းဖြစ်ပါတယ်။ ဒါကြောင့်
မိုဘိုင်းအသုံးပြုမှု အများဆုံးဖြစ်နေသည့် စိတ်ကျ ဝေဒနာရှင်များကို
ကုသနိုင်ရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန် ကျန်းမာရေး
စောင့်ကြည့်ဝန်ဆောင်မှုပေးသည့် mobile application များ ထွက်ပေါ် လာကာ
ဖုန်းအတွင်းသို့ built in ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်။
Ref : thenextweb
Aung Ko Htet (MMA)
#aungkohtet_mma
No comments:
Post a Comment