Saturday, October 31, 2015

TrueMovie (ခေါ်) D-Link Wi-Fi ကို Name နဲ့ Password ပြောင်းနည်း


မင်္ဂလာပါဗျာ  ဒီပို့လေးက  ထိုင်းနိုင်ငံရောက် TrueMovie လှိုင်းကြိုးကို ကိုယ်ပိုင် အင်တာနက်ကိုသုံးစွဲနေကြတဲ့  မြန်မာ လူငယ်များအတွက် တောင်းဆိုထားကြတဲ့ သူငယ်ချင်းတွေလည်း များနေပြီး ဖြစ်တာကြောင့်  တင်ပေးမယ့်လို့ စိတ်ကူထားတာ ကြာပါပြီ။

အလုပ်တွေက မအားသေးတာကြောင့် မတင်ဖြစ်ခဲ့တာပါ ။ ခုလို့ နောက်ကျသွားလို့လည်း  နားလည်ပေးကြပါလို့  ကြိုတင်တောင်းဆိုပါရစေ။  ခုလည်းပဲ့ သူငယ်ချင်း တစ်ယောက်ကို
လုပ်ပေးရင် တင်ပေးလိုက်တာမို့ အဆင်မပြေတာ ရှိရင်တော့ ပြောခဲ့ပါ။


 TrueMovie  Wi-Fi ကို Name နဲ့ Password ပြောင်းနည်း ကို လွယ်လွယ်လေးနဲ့ ပြောင်းတတ်အောင်လို့ ပုံတွေနဲ့ရော ဗီဒီယိုဖိုင်လေးကိုပါ တင်ပေးလိုက်ပါတယ်။

TrueMovie  Wi-Fi ကို Name နဲ့ Password ကို ပြောင်းဖို့အတွက်
 စက်နဲ့ တစ်ခါတည်း ချိတ်ထားပေးပါ။ Wi-Fi  နဲ့ တွဲပြီး လုပ်မရပါဘူး။

စက်နဲ့ ချိတ်ထားပြီးဆိုရင်တော့  အောက်က လင့်ကို
Copy ကူပြီး Peste လုပ်ပြီး Enter ခေါက်လိုက်ပါ။
မည်သည့် Browserနဲ့ မဆို ပြုလုပ်နိုင်ပါတယ်။

http://192.168.1.1/  


လင်းကတော့ EBrowserနဲ့  ပြုလုပ်ထားပါတယ် ။ အဆင်ပြေတဲ့ Browserနဲ့  ပြုလုပ်နိုင်ပါတယ်။
လင့်ကို  Copy ကူပြီး Peste လုပ်ပြီး ကီးဘုတ်က Enter ခေါက်လိုက်ရင်တော့ အောက်က ဘောက်လေးကျလာရင်တော့

အဲဒီဘောက်လေးမှာ  အောက်ကအတိုင်းပဲ ဖြည့်ပေးလိုက်ပါ။

  Name-         admin

  Password-  Password 

ထည့်ပြီးရင်တော့  OK နှိပ်ပေးလိုက်ပါ။


ဒီဘောက်လေး တက်လာရင်တော့ အပေါ်က  SETUP ကို ရွေးပြီး ပြန်နှိပ်ပါ။


ပြီးရင် ဘောက်ရဲ့ ဘေးက Wlirless setup ဆို နှိပ်ပေးလိုက်ပါ။
အောက်မှာ SSID ဆိုတာ တွေ့ရလိမ်မယ့်။


SSID ဆိုတာမှာ မိမိ ပြောင်းချင်တဲ့ နာမည် ရေးထည့်ပါ။
 ပြီးရင် အောက်ဆုံးက Apply changes ဆိုတာ နှိပ်ပေးလိုက်ပါ
 ပြီးရင်တော့ ခဏစောင့်နေလိုက်ပါ။


 Browser မှာ အလုပ်လုပ်လို့  အောက်က  အစိမ်းရောင်လေး ဆုံးသွားရင်တော့  
မိမိ ပြောင်းချင်တဲ့ နာမည်လေးကို အသုံးပြုလို့ ရပါပြီ။


ပြီးရင်တော့ Password ကို ပြောင်းမယ် Password ပြောင်းဖို့အတွက်
ဘောက်ရဲ့ ဘေးက Wlirless setup  မှာ Wlirless security   ရွေးပြီး ပြန်နှိပ်ပါ ။
 per-shared key; ဆိုတာ မှာ မိမိလက်ရှိအသုံးပြုနေတဲ့  Password လေးပါ။


အဲ့မှာ Password ကို မတွေ့ရရင်တော့ အောက်က
 Display per-shared key; ဆို အမှတ်ခြစ်ထားလိုက်ပါ ။
ပြီးရင်တော့ မိမိ အသုံးပြုချင်တဲ့ Password 8 လုံးထက်
အောက် ရိုက်ထည့်လိုက်ပါ  ပြီးရင်တော့


 အောက်ဆုံးက Apply changes ဆိုတာ နှိပ်ပေးလိုက်ပါ။


Browser မှာ အလုပ်လုပ်လို့  အောက်က  အစိမ်းရောင်လေး ဆုံးသွားရင်တော့
 မိမိ ပြောင်းချင်တဲ့ Password  အသစ်လေးနဲ့ အသုံးပြုလို့ ရပါပြီ။


TrueMovie (ခေါ်) D-Link   Wi-Fi ကို Name နဲ့ Password ပြောင်းနည်း ကို
ပုံတွေနဲ့ မရှင်းသေးရင် အောက်က ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။



Credit လင်းစွယ်စုံ

http://www.linmss.org/



အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment