Monday, October 26, 2015

"MPT မိုဘိုင်းဖုန်းများ သီတင်းကျွတ် လပြည့်နေ့တွင် အခမဲ့ SMS ပေးပို့နိုင် "




သီတင်းကျွတ် ကာလ အထိမ်းအမှတ်အဖြစ
် MPT သုံးစွဲသူများသည် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး စာတိုပေးပို့မှုများကို အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူ အားလုံးအတွက်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် ည ၁၂း၀၀ နာရီကျော် သည့် အချိန်မှ စတင်၍ အောက်တိုဘာလ ည ၁၂း၀၀ နာရီ တိတိ အချိန် (၂၄ နာရီ) အတွင်း MPT နံပါတ် အချင်းချင်းပေးပို့သည့် SMS စာတိုအားလုံး အခမဲ့ပေးပို့ရရှိမည်ဖြစ်သည်။ တစ်နေ့တာအတွက် မိုဘိုင်းဖုန်း နံပါတ် တစ်ခုလျှင် အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။

လက်၇ှိအချိန်အထိ MPT သည် Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆ သန်း ရှိပြီး ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော် ပိုင်ဆိုင်ထားသော အော်ပရေတာ တစ်ခုဖြစ်သည်။

အဆင်ပြေပါစေ..

No comments:

Post a Comment