Tuesday, October 20, 2015

iOS Device ပျောက်ဆုံးလျှင် ပြုလုပ်ရမည့် အချက်များ



အောက်ဖော်ပြပါ အချက်များမှာ iOS device များဖြစ်တဲ့ iPhone, iPad, iPod Touch စတာတွေ ပျောက်ဆုံးတဲ့အခါမှာပဲ ဖြစ်ဖြစ် ခိုးယူခံရတဲ့အခါမှာပဲ ဖြစ်ဖြစ် ပြုလုပ်ရမယ့် အချက်များ ဖြစ်ပါတယ်။
- Find My iPhone ကို Enable ပြုလုပ်ထားတဲ့ iOS device များ ပျောက်ဆုံးသွားခဲ့တယ်ဆိုရင် ကိုယ့်ရဲ့ device ဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာ သိရှိနိုင်ဖို့အတွက် Mac ဒါမှ မဟုတ် PC ပေါ်မှနေပြီး https://www.icloud.com/#find ဆိုတဲ့ iCloud ဝက်ဘ်ဆိုက်လိပ်စာရှိရာကို သွားပါ။ မိမိအသုံးပြုတဲ့ ID ကို ထည့်သွင်းပြီး Find My iPhone ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

- Find My iPhone ထဲကို ရောက်ရှိပြီဆိုရင် All Device ဘေးက Down Arrow ကိုနှိပ်ပြီး မိမိ device ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် မိမိ device ကို မြေပုံပေါ်မှာ ရှာကြည့်ပါ။ ကိုယ့်ရဲ့ device ကို မြေပုံမှာ ကိုယ့်ရဲ့ အနီးအနားမှာ တွေ့တယ်ဆိုရင် Play ကို အသုံးပြုပြီး အသံကို နားထောင်ကြည့်ပါ။ အကယ်၍ မတွေ့ဘူးဆိုရင်တော့ Lost Mode ကိုနှိပ်ပြီး မိမိဖုန်းကို ကောက်ရထားသူ သို့မဟုတ် ခိုးယူ သူအသုံးမပြုနိုင်ရန်အတွက် Lock ချထားနိုင်ပါတယ်။ Lost Mode ကို နှိပ်လိုက်ရင် ဂဏန်း ၄ လုံး နဲ့ Passcode ကို ထည့်သွင်းထားပြီး မိမိ device ကို အခြားသူမသုံးစွဲနိုင်ရန်အတွက် ကာကွယ်ပေးထားပါလိမ့်မယ်။ Lost Mode ကို အသုံးပြုလိုက်ပြီဆိုရင် သင်ဟာ Apple Pay ကနေ ငွေပေးချေမှုလုပ်တဲ့ လုပ်ငန်းများကိုလည်း ယာယီရပ်တန့်ထားပါလိမ့်မယ်။ အကယ်၍ device ဟာ Find My iPhone မှာ Offline ဖြစ်နေတယ် ဆိုရင် အဆိုပါ Device Online ဖြစ်လာတဲ့အချိန်မှာ Notification ပို့ပေးရန်အတွက် Notify me when found ဆိုတဲ့ နေရာမှာ အမှန်ခြစ်ထည့်ထားခဲ့နိုင်ပါတယ်။
- နောက်တစ်ခုကတော့ မိမိ အချက်အလက်တွေကို အခြားသူ အလွယ်တကူမရရှိနိုင်စေဖို့အတွက် Erase Device ကို အသုံးပြုပြီး မိမိဖုန်းထဲက အချက်အလက်တွေကို ဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။ Erase Device ကို အသုံးပြုခြင်းကြောင့် သင့်ရဲ့ Apple Pay နဲ့ လုပ်ဆောင်တဲ့ debit လုပ်ငန်းစဉ်များ ရပ်နားခြင်းခံရမှာဖြစ်သလို၊ Device ထဲက Data တွေ အကုန်လုံးကိုဖျက်ဆီးပစ်လိုက်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Apple ID ကိုပါ Device ကနေ ဖျက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ID ကိုပါ ဖယ်ရှား ရှင်းလင်းလိုက်တဲ့အတွက် Find My iPhone ကနေ ကိုယ့်ရဲ့ device ကို ခြေရာခံလို့မရတော့သလို device ရဲ့ Activation Lock ကိုလည်း ပိတ်လိုက်တဲ့အတွက် မိမိ device ကို ရရှိထားသူအနေနဲ့ ၎င်းရဲ့ Apple ID ကို ထည့်သွင်းပြီး Activate ပြုလုပ်ကာ အသုံးပြုခွင့်ရရှိသွားပါလိမ့်မယ်။
- အကယ်၍ သုံးစွဲသူက Find My iPhone ကို Disable ပြုလုပ်ထားတယ်ဆိုရင်တော့ မိမိ Apple ID Password ကို ချိန်းလိုက်ပါ။ ဒီလိုဆိုရင် iTunes နဲ့ ဆက်စပ်ပြီးလုပ်ဆောင်တဲ့ ဆက်စပ် ဝန်ဆောင်မှုများကို ဆက်လက်သုံးစွဲခြင်း ပြုနိုင်တော့မှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ မိမိ အသုံးပြုနေတဲ့ Internet Account များဖြစ်တဲ့ Facebook, Twitter, Email Account password များကိုပါ ပြောင်းလဲပေးထားရမှာဖြစ်ပါတယ်။ နောက်တစ်ချက် ပြုလုပ်ရမှာကတော့ မိမိ၏ device ပျောက်ဆုံးကြောင်းကို Carrier များကို ဆက်သွယ်၍ ဖုန်းခေါ်ဆိုမှု ၊ message ပေးပို့မှု နှင့် data သုံးစွဲမှုများကို Disable Service ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။
Find My iPhone ဟာ သင့်ရဲ့ iOS device တစ်ခုခု ပျောက်ဆုံး နေလျင် ခြေရာခံနိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အကယ်၍ သင်ဟာ Find My iPhone Service ကို Enable မပြုလုပ်ထားမိဘူးဆိုရင်တော့ မိမိ device ကိုခြေရာခံဖို့အတွက် Apple ရဲ့ အခြားသော ဝန်ဆောင်မှုနဲ့ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။
Credit ကိုသီဟ
Internet Journal
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

No comments:

Post a Comment