Sunday, October 18, 2015

Recovery & Custom Recovery ဆိုတာ



Recovery ဆိုတာကတော့ မြန်မာလို တည့်တည့် ဘာသာပြန်ရမယ်ဆိုရင်
ပြန်လည်ဆယ်ယူတာ ဖြစ်ပါတယ်။ တစ်ကယ်လို့  ဖုန်းအသုံးပြုသူဟာ အကြောင်းအမျိုးမျိုးကြောင့်
စံနစ်ပိုင်းဆိုင်ရာ ဖိုင်တွေကို ဖျက်မိလို့ ပဲဖြစ်ဖြစ်၊ ပျက်သွားတာပဲဖြစ်ဖြစ် ဖြစ်သွားခဲ့လို့ ရှိရင်
စက်ထဲမှာရင် ပြန်ပြီး ကယ်ယူလို့ ရအောင် ထည့်ပေးထားတဲ့ အပိုင်းဖြစ်ပါတယ်။

ဖုန်းထဲမှာ မူလ စက်ရုံက ထွက်လာခဲ့ချိန်မှာ ထည့်ပေးလိုက်တဲ့ Recovery က သူ့  ရဲ့ ဖုန်းနဲ့  ကိုက်ညီတဲ့ ပုံစံတွေကို ပဲလက်ခံ ထည့်သွင်းပေးတာဖြစ်ပါတယ်။ Recovery mode ထဲကို ဘယ်လို သွားရသလဲဆိုတော့ ဖုန်းတစ်မျိုးနဲ့  တစ်မျိုးမတူညီကြပါဘူး။



Huawei တွေမှာတော့ များသောအားဖြင့် Vol(+)+Power နဲ့  ၀င်ရပြီး ၊ Samsung phone တွေမှာတော့ Vol(+)+Home+Power> Logo ပေါ်ရင် လွတ် စသဖြင့် ပုံစံတွေ အမျိုးမျိုးရှိပါတယ်။

သေချာတဲ့နည်းကတော့ ဖုန်းဖွင့်ထားတဲ့အချိန်မှာ usb debuging on ထားပြီး ADB command ကနေတဆင့် adb reboot recovery ဆိုတဲ့ command နဲ့ သွားတာ အလွယ်ဆုံးဖြစ်မယ်ထင်ပါတယ်။
ဘာကြောင့် ကျွန်တော်တို့ က custom recovery ကို ထည့်သွင်းချင်ရတာလဲ? ဆိုတော့ ဖုန်းရဲ့  မူလပါရှိခဲ့တဲ့ Recovery က ထည့်သွင်းခွင့်မပေးတာတွေ၊ လုပ်ဆောင်ခွင့် မရ တာတွေကို လုပ်ချင်လို့  ပါ။

သာမန် မူလပါရှိတဲ့ Recovery တစ်ခုရဲ့ လုပ်ဆောင်ပေးနိုင်တာတွေက အဓိကအားဖြင့်
Factory data reset လုပ်တာ၊ Catche အပိုင်းကို ရှင်းလင်းတာ၊ System update လုပ်တာ တွေ အဓိက ပါဝင်ပါတယ်။ ဒီနေရာမှာ ပါတဲ့ system update လုပ်တယ်ဆိုတာက သူ တို့ ဖုန်းထုတ်တဲ့ ကုမ္ပဏီက တရားဝင် ထုတ်ပေးထားတဲ့ update package နဲ့ မှ အလုပ်လုပ်ပါတယ်။

အပြင်က ဟာတွေဆိုရင် စစ်ဆေးပြီး လက်မခံပါဘူး။ ဒါကို ကျွန်တော်တို့ က ကျွန်တော်တို့  စိတ်ကြိုက် အပြင်က ဟာတွေကို ထည့်သွင်းချင်တာလေ။ အဲဒီတော့ သူ့ မှာ ပါတဲ့ ဟာနဲ့  အလုပ်လုပ်လို့ မရဘူးပေါ့။ ဒါကြောင့် ကျွန်တော်တို့ဟာ Custom Recovery ကို ထည့်သွင်းချင်ကြတာဖြစ်ပါတယ်။


Custom Recovery မှာ အဓိက အသုံးများတာ ၂ မျိုး ရှိပါတယ်
==============================
တစ်ခုက Clockwork mode recovery ဖြစ်ပြီး ကျန်တစ်ခုက Teamwin recovery တို့ ဖြစ်ကြပါတယ်။
ဒီနှစ်ခုစလုံးဟာ ကျွန်တော်မြင်ဖူးသလောက်တော့  Chinese and English version နှစ်မျိုးရှိပါတယ်။

Recovery တွေနဲ့  ရင်းနှီးတဲ့သူတွေကတော့ တရုတ်ပဲလာလာ အင်္ဂလိပ်ပဲလာလာ ဘယ်နေရာက ဘာကိုပြောတယ်ဆိုတာကို သိကြပါတယ်။ အရမ်း မရင်းနှီးသေးတဲ့သူတွေအနေနဲ့ ကတော့ အင်္ဂလိပ် ဗားရှင်းက ပိုပြီးသင့်လျှော်ပါတယ်။

Custom recovery တင်ခြင်းအားဖြင့် ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရဲ့ ဖုန်းထဲကို အပြင်က ရသမျှ စံနစ်ပိုင်းဆိုင်ရာ၊ အသွင်အပြင်ပိုင်းဆိုင်ရာ ဖုန်းဆော့ဖ်ဝဲ တွေကို အတားအဆီးမရှိ ထည့်သွင်းခွင့် ရမှာဖြစ်ပါတယ်။ အခုနောက်ပိုင်း custom recovery တွေမှာဆိုရင် ကျွန်တော်တို့  ဖုန်းရဲ့  Touch ကို အသုံးပြုပြီး ဖြည့်တာ၊ ဖြုတ်တာတွေ လုပ်လို့ ရနေပါပြီ။ အရင်က Recovery ဆိုတာ အသံအလျော့ အတင်း နဲ့ ပါဝါ ခလုတ်တွေကို အဓိက အသုံးပြုပြီး ရွေ့ ကြ ပြောင်းကြရတာပါ။ ထားပါတော့။

Custom recovery တစ်ခု ထည့်ထားပြီဆိုရင် ကျွန်တော်တို့  စိတ်ကြိုက် ROM တွေ တင်လို့ ရပါမယ်။
အခြားသော .zip package တွေ ဥပမာ | Google applications.zip, Supersu.zip စသဖြင့် ထည့်လို့  ရသွားမှာဖြစ်ပါတယ်။ Google zip ဆိုတာ ဖုန်းထဲကို Google ရဲ့  ၀န်ဆောင်မှု ဆော့ဖ်ဝဲတွေနဲ့  ကြောရိုးကို ထည့်သွင်းတာဖြစ်ပါတယ်။ Super su ဆိုတာက Super user အဆင့်ရောက်အောင် ထည့်သွင်းတာဖြစ်ပါတယ်။

Super user တစ်ယောက်ဖြစ်သွားပြီဆိုရင်တော့ ဖုန်းထဲမှာ သင်ဟာ တံခါးမရှိ၊ ဓါးမရှိ ဘယ်နေရာမဆို ၀င်ချင်ဝင်၊ ထွက်ချင်ထွက် စိတ်ကြိုက် ကလိ လို့ ရပြီပေါ့ဗျာ။


Credit Original Author

အားလုံးကိုကျေးဇူးတင်ပါတယ်

ဇူးနစ်(နည်းပညာ)


 www.zunite.org

No comments:

Post a Comment