Tuesday, October 27, 2015

Android မှာ အသုံးပြုခွင့်ပေးလိုက်တဲ့ Apple Music


apple music
Apple Music ဆိုရင် ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ စုံလင်တဲ့ Feature တွေပါဝင်တဲ့အတွက်ကြောင့် iPhone အသုံးပြုသူတို့ သိကြတဲ့အတိုင်းပဲ ကြိုက်နှစ်သက်ကြပါတယ်။ အခုဆိုရင်တော့ Apple Music ကို Android ဖုန်းတွေမှာပါ အသုံးပြုခွင့်ရနိုင်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ Beta (စမ်းသပ်) ဗားရှင်းကိုသာ စပ်သပ် အသုံးပြုခွင့်ရအုံးမှာဖြစ်ကြောင့် ဂျာမနီနိုင်ငံ၏ နည်းပညာ ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ Mobilegeeks ဆိုတဲ့ ဝက်ဘ်ဆိုဒ်မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
Apple Music ကို အသုံးပြုနေကြတဲ့ iPhone အသုံးပြုသူတို့အတွက်တော့ Apple Music မှာ ပါဝင်တဲ့ Feature တွေကို သိပြီးသားဖြစ်ပေမဲ့ Android အသုံးပြုသူတို့အတွက်တော့ သိအုံးမှာမဟုတ်ပါဘူး။ ဒါကြောင့် Apple Music မှာ ပါဝင်တဲ့ Feature တွေကို လေ့လာကြည့်တဲ့အခါ For You, New, Radio , Connect နဲ့ My Music Section စတဲ့ Feature တွေပါဝင်ပါတယ်။ For You ဆိုတာကတော့ မိမိ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို List လုပ်ထားတဲ့ Feature ဖြစ်ပြီး ၊ New ဆိုတာကတော့ မိမိဖုန်းအတွင်းသို့ ထည့်သွင်းလိုက်တဲ့ သီချင်း List ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ Radio ကတော့ သိထားပြီးသားဖြစ်ကြတဲ့အတိုင်း သီချင်းသီးသန့်ထုတ်လွှင့်တဲ့ နိုင်ငံခြား ရေဒီယို Channel များမှ မိမိကြိုက်နှစ်သက်သည့် Channel ကို ရွေးချယ်ကာ အွန်လိုင်းမှ တိုက်ရိုက်နားထောင်နိုင်တဲ့ Feature ဖြစ်ပါတယ်။ နောက်တစ်မျိုး ဖြစ်တဲ့ Connect ကတော့ သီချင်းပိုင်ရှင်များဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော်များ၏ အကောင့်များနှင့် ဆက်သွယ်နိုင်မျာဖြစ်ပါတယ်။ My Music Section ကတော့ မိမိဖုန်းအတွင်းမှာ ရှိတဲ့ သီချင်းတွေအားလုံးကို ဖော်ပြပေးမဲ့ Feature တစ်မျိုးဖြစ်ပါတယ်။
iPhone အသုံးပြုသူတို့ စိတ်ကြိုက်ဖြစ်တဲ့ Apple Music ရဲ့ iOS Feature အချို့ကို Android version မှာလည်း ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ် Apple Music ကို အသုံးပြုကြတဲ့ Android အသုံးပြုသူတို့အနေနဲ့ iOS က Apple Music အတိုင်း Sing In အရင် ဝင်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ Sing In ဝင်ထားမှသာ Apple Music ကို မိမိရဲ့ Android ဖုန်းမှာ မိမိကိုယ်ပိုင် အကောင့်နှင့် စိတ်ကြိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref : AndroidCentral
Aung Ko Htet (MMA)
#aungkohtet_mma

No comments:

Post a Comment