အခုနောက်ပိုင်းမှာ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ
တွေအနေနဲ့ Storage ပမာဏကို Built In ထည့်သွင်းပေးပြီး ထုတ်လုပ်ကြသလို
အချို့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ တွေက နောက်ထပ် Memory ကဒ်
ထပ်ထည့်အသုံးပြုနိုင်အောင် ဖန်တီးထုတ်လုပ်ထားကြပါတယ်။ Memory
ထပ်တိုးလို့ရတဲ့ စမတ်ဖုန်းတွေအနေနဲ့ ကိစ္စအထွေအထူးမရှိပဲ
မိမိဖုန်းအတွင်းရှိ Storage ပမာဏ ပြည့်သွားရင် အလွယ်တကူ နောက်ထပ် Memory
ကဒ်ထည့်ကာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ Storage ကို ဖုန်းအတွင်းမှာသာ
Built In ထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းတွေအနေနဲ့ကတော့ အနည်းငယ်
အခက်ခဲဖြစ်ပေါ်စေပါတယ်။
ဒီလို အခက်အခဲတွေအတွက် တယ်လီနောမှ အွန်လိုင်းတွင်
မိမိတို့၏ ဓါတ်ပုံ ၊ ဗီဒီယိုများကို သိမ်းဆည်းနိုင်မည့် Storage
တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိမိဖုန်းမှာ အရေးတစ်ကြီး Storage
ပမာဏလိုအပ်လာပါက Capture Application ကို အသုံးပြုကာ register
ပြုလုပ်ပြီး အကောင့်တစ်ခုစာအတွက် 20 GB ရယူနိုင်ပါတယ်။ အဆိုပါ Cloud
Storage မှာ မိမိဖုန်းအတွင်းရှိ ဓါတ်ပုံများ ၊ ဗီဒီယိုဖိုင်များကို
သိမ်းဆည်းထားနိုင်ပြီး မိမိလိုအပ်ပါက Download ပြုလုပ်ကာ
ရယူနိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားမှ ဝန်ဆောင်မှုပေးနေသည့် Cloud Storage
များဖြစ်တဲ့ Media Fire ၊ Dropbox ၊ Google Drive ၊ One Drive စတဲ့ Cloud
Storage များနှင့် ပုံစံတူဖြစ်ပါတယ်။
Telenor ရဲ့ Capture Application ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော တရားဝင်ထုတ်ပြန်ကြေငြာတဲ့ Cloud Storage Application
တစ်ခုဖြစ်ပြီး iOS နှင့် Android နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တဲ့
Cloud Storage Application တစ်ခုဖြစ်ပါတယ်။ Capture ကို ရယူလိုပါက
Android အတွက် Google Play Store နှင့် iOS အတွက် App Store တို့မှာ
Download ရယူကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref : Telenor
Aung Ko Htet (MMA)
#aungkohtet_mma
No comments:
Post a Comment