Tuesday, October 20, 2015

Telenor အသုံးပြုသူတွေအတွက် ဓာတ်ပုံ/ဗီဒီယိုသိမ်းဖို့ Storage 20 GB အခမဲ့ရရှိမည့်အစီအစဉ်


unnamed
Telenor အသုံးပြုသူတွေအတွက် Telenor မှဖြန့်ချိလိုက်တဲ့ app လေးတစ်ခုပါ။ Capture App လို့ခေါ်တဲ့ ဒီ app လေးဟာ Telenor SIM Card အသုံးပြုသူတွေအတွက် ဖုန်းထဲက ဓာတ်ပုံ ၊ ဗီဒီယိုတွေကိုသိမ်းဖို့ Online Storage အနေနဲ့ 20 GB အခမဲ့ရရှိမှာပါ ။ 20 GB ရဖို့အတွက် ဒီ app လေးမှာ ကိုယ်ပိုင်အကောင့်ဖွင့်တဲ့အခါ telenor ဖုန်းနံပါတ်နဲ့ဖွင့်ရပါမယ်။ ဓာတ်ပုံ ၊ ဗီဒီယိုတွေကို ဒီ app လေးကနေတဆင့် အွန်လိုင်းပေါ်ကမိမိရဲ့ကိုယ်ပိုင်အကောင့်ထဲမှာသိမ်းဆည်းထားနိုင်မှာဖြစ်လို့ ဓာတ်ပုံ ၊ ဗီဒီယိုဖိုင်တွေကို အများကြီးရိုက်ထားလို့ ဖုန်း storage လည်းမလောက်မှာ ၊ ပြည့်သွားမှာမစိုးရိမ်ရတော့ပါဘူး ။ Capture app လေးကို Android အတွက်ရော iOS အတွက်ပါရရှိနိုင်ပါတယ် ။ အောက်က link မှာဝင်ရောက်ရယူနိုင်ပါတယ်။



No comments:

Post a Comment